အငြင်းပွားနယ်စပ်တလျှောက်တွင် နေထိုင်သော ကမ္ဘောဒီးယားအရပ်သားများကို နေရာရွှေ့ပြောင်းရေးအစီအစဉ်တစ်ခုအတွက် ပြင်ဆင်ထားရန် ထိုင်း အမှတ် ၁ စစ်တိုင်းမှူး၏ တောင်းဆိုချက်ကို ကမ္ဘောဒီးယား ဘုရင့်တပ်မတော် အမှတ် ၅ စစ်တိုင်းမှူးက တရားဝင် ပယ်ချလိုက်ပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် တည်ဆဲနှစ်ဖက် သဘောတူညီချက်များကို ချိုးဖောက်ရာရောက်မည်ဖြစ်ကာ ဒေသဆိုင်ရာ နယ်နိမိတ်ယန္တရားများ၏ လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်ဆောင်ရွက်ခြင်းဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။
ထိုင်းအမှတ် ၁ စစ်တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝိုရာယွတ်စ် လောင်ဆူဝမ်၏ အစောပိုင်းက ဆက်သွယ်တောင်းဆိုချက်ကို ကမ္ဘောဒီးယား အမှတ် ၅ စစ်တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး အက်ခ်ဆမ်အွန်က အောက်တိုဘာလ ၄ ရက် နေ့တွင် စာဖြင့် အကြောင်းပြန်ကြားခဲ့ခြင်းဖြစ်သည်။
သြဂုတ်လ ၁၀ ရက် နေ့မှ ၁၂ ရက် နေ့အထိ ပွါပက်မြို့တွင် ကျင်းပမည့် ကမ္ဘောဒီးယား-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ(RBC) ၏ ဒုတိယအကြိမ် အထူးအစည်းအဝေးဖြစ်မြောက်ရေး ကိုထိုင်းဘက်က ကြိုတင်စည်းကမ်းသတ်မှတ်ချက်အရ နယ်စပ်အနီး နယ်မြေသုံးခုတွင် နေထိုင်ကြသည့် ကမ္ဘောဒီးယားအရပ်သားများကို ကမ္ဘောဒီးယားဘက်က ဖယ်ရှားပေးရေး အစီအစဉ် ကို ဖော်ဆောင်ရန် တောင်းဆိုထားခြင်းဖြစ်သည်။
သို့သော်လည်း ယင်းကဲ့သို့သော ကိစ္စမျိုးသည် RBC နှင့် မသက်ဆိုင်ဘဲ ပူးတွဲနယ်နိမိတ်ကော်မရှင်(JBC) ၏ စီရင်ပိုင်ခွင့်အောက်တွင်သာရှိကြောင်း ဒုတိယဗိုလ်ချုပ်ကြီး အက်လ်ဆမ်အွန်က အခိုင်အမာပယ်ချခဲ့သည်။
Ref: ခမာတိုင်းမ်စ်
