အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နယ်စပ်တွင် နှစ်ဖက်တပ်များ သည်လက်နက်ကြီးများဖြင့် အပြန်အလှန်ပ-စ်ခတ်ခဲ့ကြသည်။ ဆော်ဒီအာရေဗျနိုင်ငံတွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မအောင်မြင်ခဲ့ပြီးနောက် တောင်အာရှနှစ်နိုင်ငံအကြား တင်းမာမှုများမြင့်တက်လာခြင်းဖြစ်သည်။
သောကြာနေ့ညနှောင်းပိုင်းတွင် တို-က်ပွဲငယ်များဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်အရာရှိများက ပြောကြားခဲ့ပြီး ပ-စ်ခတ်မှု ကို မည်သူက စသည်နှင့် ပတ်သက်၍ တစ်ဖက်ကို တစ်ဖက်အပြန်အလှန်စွပ်စွဲခဲ့သည်။
ပါကစ္စတန်တပ်များသည် ကန်ဒါဟာပြည်နယ် စပင်ဘိုလ်ဒက်ခရိုင်အတွင်းသို့ စတင်တိုက်ခိုက်ခဲ့ပြီး အာဖဂန်တပ်များက တုန့်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အာဖဂန်နစ္စတန်၏ တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က X ပေါ် ပို့စ်တင်ကာ ပြောကြားခဲ့သည်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှေဘတ်ဇ် ရှရစ်ဖ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း အာဖဂန်တပ်များက ချာမန်နယ်စပ်တလျှောက်တွင် စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန်သည် ၎င်း၏ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးအတွက် အပြည့်အဝသတိပေးတပ်လှန့်ထားကြောင်း ပြောရေးဆိုခွင့်ရှိသူ မိုရှာရက်ဖ် ဇိုင်ဒီက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အပြန်အလှန်ပ-စ်ခတ်မှုသည် ဒေသစံတော်ချိန် ည ၁၀ နာခွဲဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး အချိန် နှစ်နာရီခန့်ကြာခဲ့ကြောင်း အာဖဂန်ဘက်ခြမ်းရှိ ဒေသခံများက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
ပါကစ္စတန်တပ်များသည် အပေါ့စားလက်နက်များ၊ အမြောက်ကြီးများဖြင့် ပ-စ်ခတ်တိုက်ခိုက်ခဲ့ကာ အရပ်သားနေအိမ်များကို မော်တာကျည်များထိမှန်ခဲ့သည်ဟု ကန်ဒါဟာပြည်နယ် ပြန်ကြားရေးဌာနအကြီးအကဲ အလီမိုဟာမက် ဟက်မဲလ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
နှစ်ဖက်စလုံးက ပ-စ်ခတ်မှုများရပ်တန့်ရန် သဘောတူညီခဲ့ပြီး တို-က်ပွဲများအဆုံးသတ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြေားခဲ့သည်။
ယခုဖြစ်စဉ်အတွင်း နှစ်ဖက်စလုံး၌ ထိခိုက်ဒ-ဏ်ရာရခဲ့ခြင်းရှိ မရှိနှင့်ပတ်သက်၍ လတ်တလောတွင် မသိရသေးပေ။
Ref: အယ်ဂျာဇီးယား
