Saturday, January 24, 2026

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့်...

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ...

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့်...

တရုတ်နိုင်ငံသား(၂၈၃)ဦးအား ပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်းသို့ တရားမဝင်ဝင်ရောက်လာကာ အွန်လိုင်းလောင်းက စားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၂၈၃)ဦးကို ပြန် လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ၎င်းတို့အား ဇန်နဝါရီ...
HomeInternationalနယ်စပ်တို-က်ပွဲများပြင်းထန်လာသောကြောင့် ကမ်းရိုးတန်းတလျှောက်ကို ထိုင်းက...

နယ်စပ်တို-က်ပွဲများပြင်းထန်လာသောကြောင့် ကမ်းရိုးတန်းတလျှောက်ကို ထိုင်းက ကာဖျူးထုတ်

ကမ္ဘောဒီးယားနှင့် နယ်စပ်ဒေသအငြင်းပွားမှဖြစ်ပေါ်ခဲ့သော တို-က်ပွဲသည် ကမ်းရိုးတန်းဒေသများအထိ ပျံ့နှံ့လာ၍ တနင်္ဂနွေနေ့တွင် ထိုင်းနိုင်ငံက ၎င်း၏ အရှေ့တောင်ပိုင်း ထရတ်ပြည်နယ်တွင် နေဝင်မီးငြိမ်း ကာဖျူးအမိန့်ထုတ်လိုက်သည်။

မေလအတွင်းက ကမ္ဘောဒီးယားစစ်သားတစ်ဦးသည် ပ-စ်ခတ်မှုတွင် ‌ေ-သဆုံးခဲ့ပြီးနောက်မှစကာ အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံသည် ယခုနှစ်အတွင်း လက်နက်ကိုင်ဖြေရှင်းရန် အကြိမ်ကြိမ်ကြိုးစားခဲ့ကြကာ ပဋိပက္ခကို ပြန်လည်စတင်ခဲ့ပြီး နယ်စပ်နှစ်ဖက်စလုံးရှိ လူထောင်ပေါင်းများစွာကို စစ်ဘေးရှောင်ရစေခဲ့သည်။

စနေနေ့တွင် ကမ္ဘောဒီးယားဘက်က အပ-စ်အခတ်ရပ်စဲရေးကို လမ်းဖွင့်ထားကြောင်းကို ထပ်လောင်း‌ပြောကြားခဲ့ပြီးနောက် ပဋိပက္ခများသည် အဆက်မပြတ်ဖြစ်ပွားခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဆူရာဆန့် ကွန်စီရီက ကာဖျူးအမိန့်ကို ကြေညာပြီးနောက် ဘန်ကောက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ထိုင်းနိုင်ငံသည် သံတမန်ရေးအရ ဖြေရှင်းမှုအတွက် လမ်းဖွင့်ထားသော်လည်း ကမ္ဘောဒီးယားအနေဖြင့် မညှိနှိုင်းမီတွင် ရန်လိုမှုကို ဦးစွာရပ်တန့်ရမည်ဖြစ်သည်” ဟု ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားက ဒေသတွင်းသို့ လက်နက်ကြီးများနှင့် အခြားပစ္စည်းကိရိယာများပေးပို့ရာတွင် အသုံးပြုနေသည့် တံတားတစ်စင်းကို ထိုင်းတပ်ဖွဲ့များက ဖျ-က်ဆီးခဲ့ကြောင်းနှင့် ကမ္ဘောဒီးယား၏ ကမ်းရိုးတန်း ကော့ကောင်ပြည်နယ်တွင် ကြိုတင်နေရာယူထားသည့် အမြောက်တပ်များကို ပ-စ်မှတ်ထားသည့် စစ်ဆင်ရေးဆောင်ရွက်ခဲ့ကြောင်း ထိုင်းစစ်တပ်က စနေနေ့တွင် ပြောကြားခဲ့သည်။

ထိုင်းသည် အရပ်ဖက်အခြေခံအဆောက်အဦးများကို တို-က်ခိုက်ခဲ့ကြောင်း ကမ္ဘောဒီးယားက စွပ်စွဲခဲ့သည်။

ထိုင်း၏ ကာဖျူးအမိန့်သည် ကော့ကောင်နှင့် ထိစပ်နေသော ထရတ်ပြည်နယ်ရှိ ကော့ချန်းနှင့် ကော့ကွတ်ခရီသွားကျွန်းများမှလွဲလျှင် ခရိုင်ငါးခုတွင် အကျူံးဝင်သည်။ ထိုင်းစစ်တပ်သည် အရှေ့ပိုင်း ဆာကာအိုပြည်နယ်တွင် ယခင်ကတည်းက ကာဖျူးချမှတ်ထားခဲ့ပြီး ယခုတိုင် ကာဖျူးသည် အာဏာတည်ဆဲဖြစ်သည်။

Ref: အယ်လ်အာရေဗျ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့် ရိုးရာဖိုက်တာကျော်စွာဝင်း

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ မူဂါ ကို ရိုးရာဖိုက်တာကျော်စွာဝင်း က ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးဖြင့် အနိုင်ရခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ပထမအချီ၌ပင် ပြိုင်ဘက်ကို နှစ်ကြိမ်လဲကျသည်အထိ ဖိအားပေးထိုးသ-တ်နိုင်ခဲ့သည့်အပြင် ဒုတိယပိုင်း စတင်ပွဲလွှတ်သည်နှင့် အလဲထိုးပြနိုင်ခဲ့သည်။ ပွဲစဉ်အပြီး ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲကိုလည်းဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ကျော်စွာဝင်းဆိုသည့် ပရိတ်သတ်၏ အားပေးသံသည် ကွင်းအတွင်းပင် ကြက်သီးထဖွယ်ရာ ကျယ်လောင်ခဲ့သည်။ ကျော်စွာဝင်းသည်...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ ထမအကြိမ်ပြန်လည်ခေါ်ဆောင်

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာသံရုံးတာဝန်ရှိသူများမှ ရောက်ရှိလာသောမြန်မာနိုင်ငံသားများအနက် (၁၃၆)ဦးအား ပထမအသုတ်အဖြစ် မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့်ပြန် လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်အစောပိုင်းတွင် မန္တလေးမြို့ရှိအပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက လိုအပ်သည့်ကိုယ်ရေးအချက်အ လက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်း၊ စစ် ဆေးခြင်းများပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့် မြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။ (ရေကြည်မြို့နယ်သည် ရွေးကောက်ပွဲအပိုင်း(၃)တွင်ပါဝင်ပြီး မြို့ပေါ်ရပ်ကွက်/ကျေးရွာများ၌ မဲရုံပေါင်း (၁၂၀)ခန့်ဖွင့်လှစ်သွားမည်ဖြစ်သည်။ Photo-ပေါ်ပြူလာနယူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071