Tuesday, May 19, 2026

ဒဗ္ဗလျူအိပ်ချ်အို ညီလာခံသို့ ထိုင်ဝမ်ကို ဖိတ်ကြားမည့်အဆိုပြုချက်ကို...

ထိုင်ဝမ်၏ ပါဝင်မှုကို ပိတ်ပင်မည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့ပြီးနောက် ဂျီနီဗာတွင် ကျင်းပမည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗ္ဗလျူအိပ်ချ်အို)၏ နှစ်ပတ်လည်ညီလာခံသို့ ထိုင်ဝမ်ကို ဖိတ်ကြားမည့် အဆိုပြုချက်အား အဖွဲ့ဝင်နိုင်ငံများက...

ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ မြန်မာအသင်း၏ ဆီမီးဖိုင်နယ်ပွဲစဉ်များ...

မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၂၆ ကမ္ဘာ့ဖ လား ပိုက်ကျော်ခြင်း (ISTAF World Cup) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် အ...

ကျေးရွာ ၂၁၄ ရွာ၌ မိသားစုဝင်ငွေတိုးရေးစီမံကိန်းနှင့်...

ရန်ကုန်၊ မေ ၁၉ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရန်အတွက် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း (၂၁၄)...

ငလျင်လှုပ်ခတ်မှုများစိတ်နေသဖြင့် ငလျင်လှုပ်ခတ်ပါက အရေးပေါ်လုပ်ဆောင်ရမည့်အချက်များကို ICRC...

မန္တလေးငလျင်ကြီးလှုပ်ပြီးချိန်မှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ငလျင်လှုပ်ခတ်မှုများခပ်စိတ်စိတ်ဖြစ်ပေါ်လျက်ရှိရာ ယမန်နေ့ မေ ၁၈ ရက်ကလည်း ရန်ကုန်တိုင်း ၊ ကျောက်တန်းမြို့နယ်ကိုဗဟိုပြု၍ အင်အား မဂ္ဂနီကျူ့ (၅...
HomeMoviesနမ့်လန်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေး

နမ့်လန်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေး

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်လန်ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးစိုင်းကောင်းသက်စံ ထံမှ သိရသည်။

ယနေ့ မေလ(၁၉) ရက် နံနက်ပိုင်းက ဆွေးနွေးခဲ့ခြင်းဖြစ်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အခရာကျသည်ဖြစ်ကာ အရွယ်ရောက်သူတိုင်း မသင်မနေရပညာရေးစနစ်ကို အားပေးကြရန်နှင့် စာသင်ရမည့်အရွယ် စာသင်ခန်းထဲရောက်အောင် ကြိုးပမ်းဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့သည်။

ထို့အတူ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးလုပ်ငန်းရပ်များ မိမိတို့ဒေသတွင် မရှိစေရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ကာ နမ့်လန်အား ခေတ်မီသော မြို့အဖြစ်ရရှိရေးကို အတူတကွပူးပေါင်းဆောင်ရွက်ကြရန်လည်း ဆွေးနွေးမှာကြားခဲ့ကြသည်။

ထို့အတူ နမ့်လန်မြို့ လျှပ်စစ်မီးပြန်လည်ရရှိရေး၊ လဝက ဆိုင်ရာကိစ္စရပ်များနှင့် မြို့တွင်းလမ်းပိုင်းများ ကောင်းမွန်ရေးတို့ကို မေးခွန်းမေးဆွေးနွေးကြရာ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းလည်း ဦးစိုင်းကောင်းသက်စံထံမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒဗ္ဗလျူအိပ်ချ်အို ညီလာခံသို့ ထိုင်ဝမ်ကို ဖိတ်ကြားမည့်အဆိုပြုချက်ကို အဖွဲ့ဝင်နိုင်ငံများ ပယ်ချ

ထိုင်ဝမ်၏ ပါဝင်မှုကို ပိတ်ပင်မည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့ပြီးနောက် ဂျီနီဗာတွင် ကျင်းပမည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗ္ဗလျူအိပ်ချ်အို)၏ နှစ်ပတ်လည်ညီလာခံသို့ ထိုင်ဝမ်ကို ဖိတ်ကြားမည့် အဆိုပြုချက်အား အဖွဲ့ဝင်နိုင်ငံများက တနင်္လာနေ့တွင် ပယ်ချခဲ့သည်။ တနင်္လာနေ့တွင် စတင်ခဲ့သော အစည်းအဝေးအတွင်း တရုတ်နိုင်ငံသည် ယင်းအဆိုကို ပါကစ္စတန်နှင့်အတူ ကန့်ကွက်ခဲ့သည်။ ထိုင်ဝမ်ကို ဖယ်ထုတ်မှုကို ညီလာခံက လက်ခံခဲ့သည်။ “တရုတ်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးညီလာခံ(ဒဗ္ဗလျူအိပ်ချ်အေ) တွင် တရုတ်၏ ထိုင်ဝမ်ဒေသကို မည်သည့်ပုံစံဖြင့်မျှ ပါဝင်ရန် သဘောမတူပါ” ဟု တရုတ်ကိုယ်စားလှယ်က အဖွဲ့ဝင်နိုင်ငံများကို ပြောကြားခဲ့သည်။ ဒဗ္ဗလျူအိပ်ချ်အေတွင် ထိုင်ဝမ်ကို လေ့လာသူအဖြစ် ထည့်သွင်းရန်...

ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ မြန်မာအသင်း၏ ဆီမီးဖိုင်နယ်ပွဲစဉ်များ ယနေ့ယှဉ်ပြိုင်မည်

မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၂၆ ကမ္ဘာ့ဖ လား ပိုက်ကျော်ခြင်း (ISTAF World Cup) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် အ မျိုးသား (၃) ယောက်တွဲနှင့် (၄)ယောက်တွဲ ပြိုင်ပွဲနှစ်ခုလုံးတွင် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်ထားပြီး ယနေ့ မေ လ (၁၉) ရက်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ယနေ့ ယှဉ်ပြိုင်မည့် ပွဲစဉ်ဇယားများမှာ အမျိုးသား (၄) ယောက်တွဲ (Premier Division Quad)တွင် မြန်မာနှင့် အိန္ဒိယအသင်း၊ အမျိုးသား...

ကျေးရွာ ၂၁၄ ရွာ၌ မိသားစုဝင်ငွေတိုးရေးစီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဆက်လက်ဖော်ဆောင်မည်

ရန်ကုန်၊ မေ ၁၉ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရန်အတွက် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း (၂၁၄) ရွာ၌ “ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း” ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစားစက်မှုလက်မှုဦးစီးဌာနမှ သိရသည်။ အဆိုပါစီမံကိန်းသည် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများကို ကိုယ်တိုင်ဦးစီးလုပ်ကိုင်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ကျား/မ အလိုက် သင့်လျော်မည့် အသက်မွေးဝမ်းကျောင်း နည်းပညာသင်တန်းများကို အခမဲ့ ဖွင့်လှစ်ပို့ချပေးသွားမည် ဖြစ်သည်။ ပို့ချပေးမည့် အသက်မွေးဝမ်းကျောင်းသင်တန်းများ အမျိုးသမီးများအတွက် အထည်ချုပ် (စက်ချုပ်) သင်တန်းများ၊ ဒေသထွက်ကုန်အခြေခံ စားသောက်ကုန်ထုတ်လုပ်မှု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071