ဝဒေသ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့နှင့် တရုတ်- မြန်မာနယ်စပ် ချင်ရွှေဟော်မြို့ကို ဆက်သွယ်ထားသည့် ညီနောင်တံတားမှာ ယနေ့ ဩဂုတ် (၂၄) ရက်၊ နံနက်အစောပိုင်း (၂)နာရီအချိန်၌ ကျိုးကျသွားခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
အဆိုပါ တံတားမှာ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာနေကြခြင်း၊ နှစ်ကာလကြာမြင့်ပြီဖြစ်ခြင်းတို့ကြောင့် ကျိုးကျသွားခြင်းဖြစ်သည်ဟု သိရပြီး ကျိုးကျသွားရသည့်အကြောင်းအရင်းကို စိစစ်နေဆဲဖြစ်ကြောင်းလည်း သိရသ ည်။
ရှမ်းမြောက်တိုက်ပွဲ ပထမအကျော့ကာလအတွင်း ကွမ်းလုံ၊ နမ့်ဟူး၊ ချင်းရွှေဟော်၊ လောက်ကိုင်တို့တွင် ပိတ်မိနေသည့် စစ်ဘေးရှောင်ပြည်သူ သိန်းချီမှာ အဆိုပါ ညီနောင်တံတားကို အဓိကအသုံးပြု၍ ဝဒေသနမ့်တစ်မြို့တွင် ခိုလှုံခွင့်ရန် ဖြတ်သန်းရသည့် တံတားတစ်စင်းဖြစ်သည်။
