ရန်ကုန်မြို့၊ ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းတွင် မေလ (၃)ရက်၊ ည (၉) နာရီခွဲအချိန်ခန့်က အိန္ဒိယနိုင်ငံသားတစ်ဦး မြစ်အတွင်း ခြေချော်ပြု-တ်ကျခဲ့ရာ ယနေ့ မေ(၈)ရက် နံနက်ပိုင်းအချိန်အထိ ရှာဖွေမတွေ့ရှိသေးကြောင်း အဖြူရောင်ကမ်းလက်လူမှုကူညီရေးအသင်း တာဝန်ခံတစ်ဦးက ပြောသည်။
“အခုထိတော့ ရှာမတွေ့သေးပါဘူး”ဟု ၎င်းက ဆိုသည်။
အဆိုပါ အိန္ဒိယနိုင်ငံသား ပြု-တ်ကျခဲ့သည့်နေရာ၌ အခင်းဖြစ်ပွားခဲ့သည့် ညပိုင်းတလျောက်ရှာဖွေကယ်ဆယ်ရေးများဆောင်ရွက်ခဲ့သော်လည်း မတွေ့ရှိရဘဲ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ရပ်တားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ကျောက်တံတား မီးသတ်တပ်ဖွဲ့နှင့်အတူ လင်းလက်လူမှုကူညီရေးအသင်း၊ အဖြူရောင်ကမ်းလက်လူမှူကူရေးအသင်း၊ ဘိုကလေးဈေးလူကူညီရေးအသင်း၊ ရှင်သန်ရေးအသင်းနှင့် မိတ်ဖက်ပရဟိတအသင်းများ ကူညီရှာဖွေပေးခဲ့ကြကြောင်း သိရသည်။