ရန်ကုန်မြို့၊ ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းတွင် ယမန်နေ့ မေ(၃)ရက် ည (၉)နာရီခွဲအချိန်ခန့်က အိန္ဒိယနိုင်ငံသားတစ်ဦး မြစ်အတွင်း ခြေချော်ပြုတ်ကျခဲ့ရာ ယနေ့ မွန်းလွဲပိုင်းအ ချိန်အထိ ရှာဖွေမတွေ့ရှိသေးကြောင်း အဖြူရောင်ကမ်းလက်လူမှုကူညီရေးအသင်း တာဝန်ခံတစ်ဦးက ပြောသည်။
“အိန္ဒိယနိုင်ငံသားပါ။ နိုင်ငံခြားသားပါ။ မနေ့က ညတစ်ညလုံး ရှာတာမတွေ့တော့ရှာဖွေရေး ခဏရပ်ဆိုင်းထားပါတယ်။ ဒီနေ့တော့ စောင့်ကြည့်နေပါတယ်။ အခုထိတော့ရှာမတွေ့သေးပါဘူး”ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ အိန္ဒိယနိုင်ငံသား ပြု-တ်ကျခဲ့သည့်နေရာသို့ ကျောက်တံတားမီးသတ်တပ်ဖွဲ့နှင့်အတူ လင်းလက်လူမှုကူညီရေးအသင်း၊ အဖြူရောင်ကမ်းလက်လူမှူကူရေးအသင်း၊ ဘိုကလေးဈေးလူကူညီရေးအသင်း၊ ရှင်သန်ရေးအသင်းနှင့် မိတ်ဖက်ပရဟိတအသင်းများ ကူညီရှာဖွေပေးခဲ့ကြကြောင်း သိရသည်။