နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ် ဝန်ချုပ်ဒေါ်ခိုင်စုလင်းမှ မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ဒေသများအတွက်လှူဒါန်းသည့် အလှူငွေနှင့်အကူအညီပစ္စည်းများကိုလက်ခံရယူပေးခဲ့ကြောင်း သိရသည်။
ငလျင်ဒဏ်သင့်ဒေသများအတွက် တရုတ်-အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးရုံး၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Liuyao Group Co., Ltd နှင့် Nanning Shanglin County Yingfu Agricultural and Sideline Products Co., Ltd. တို့မှ ယွမ်(၁၅၈၂၉၇၉)တန်ဖိုးရှိဆေးဝါးများ၊ Guangxi Yiyi Bu She Technology Co., Ltd. မှ ယွမ်(၂၀၄၀၀)တန်ဖိုးရှိ ခေါက်ဆွဲခြောက်ထုပ်များကိုလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ကွမ်ရှီးဒေသစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Supply Chain Service Group Co. Ltd. မှ ယွမ်(၂၀၀၀၀)၊ Guangxi Resources Recycling Association နှင့် Luo Zhuang Yuan Food Co. Ltd. မှ ခရုခေါက်ဆွဲ(၃၀၀၀)၊ Guangxi Dazhou International Logistic Co. Ltd. မှ ယွမ်(၅၀၀၀)နှင့် Guangxi Fuxing Kang Supply Chain Co. Ltd. မှ ယွမ်(၂၀၀၀၀)၊ Green Globe Agri (Guangxi) Technology Co., Ltd. မှ ယွမ် (၅၀၀၀၀)တို့ကိုလည်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုများကို မြန်မာကောင်စစ်ဝန်ချုပ်ကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံးကလက်ခံရရှိထားသော လှူဒါန်းပစ္စည်းများအနက် The first Affiliated Hospital of Guangxi Medical University မှ လှူဒါန်းသော တစ်ခါသုံး ဆေးထိုးအပ်များ၊ ဆေးပစ္စည်းများ၊ Guangxi Orient Daytonz Imp. And Exp. Col, Ltd.မှ လှူဒါန်းသောအဝတ်အထည်များ၊ ၊ Donguang Human Federation of Overseas Chinese မှ လှူဒါန်းသောရှပ်အင်္ကျီများနှင့် ရှမန်တက္ကသိုလ်၊ အရှေ့ တောင်အာရှလေ့လာရေးဌာနမှ မြန်မာစာ ကျောင်း သား/သူများကလှူဒါန်းသော ခြင်ထောင်များကို ဧပြီ ၁၃ ရက်က နန်နင်းမြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲသည့် ကုန်တင်လေကြောင်းအမှတ် – 3U9383 ဖြင့်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရောက်ရှိလာသည့် လှူဒါန်းပစ္စည်းများကို ရန်ကုန်လေဆိပ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးထံလွှဲပြောင်းပေးအပ်ပြီး ငလျင်ဒဏ်သင့်ဒေသများသို့ အမြန်ဆုံးဖြန့်ဝေပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။