နတ်တလင်းမြို့နယ် စမ်းကြီးကျေးရွာ မူလွန်ကျောင်းတွင် မိုင်းပေါက်ကွဲခဲ့၍ ပြည်သူ ၃ဦးသေဆုံးသွားကာ ဆရာ၊ဆရာမ ၅ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဇွန်လ၄ရက် မွန်းလွဲပိုင်းက ကျေးရွာဒေသခံ ပြည်သူ ၆ဦးနှင့် ဆရာ၊ဆရာမ ၅ဦးတို့သည် ကျောင်းဝင်း အတွင်း အဆောက် အအုံဆောက်လုပ်ရန် လှည့်လည်ကြည့်ရှုစဉ် ကျောင်းခြံစည်းရိုးအနီးရှိ ဝါးပုံ ပေါ်မှ မိုင်း ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
မိုင်းပေါက်ကွဲမှုကြောင့် အခင်းဖြစ်စဉ်နေရာမှာပင် ကျေးရွာဒေသခံ ပြည်သူ၂ဦး ပွဲချင်းပြီး သေဆုံး သွားခဲ့ရသည်။
နောက်ပြည်သူတစ်ဦးမှာမူ ဆေးရုံရောက်မှ သေဆုံးသွားခဲ့ရသည်။
ဆရာ၊ဆရာမ ၅ဦးကမူ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ဖြင့် လက်ရှိတွင်ဆေးရုံတင်ထားရသည်ဟုသိရသည်။