Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeArticlesနတ္မ်က္စီ၏ မွတ္စုမ်ား ၂

နတ္မ်က္စီ၏ မွတ္စုမ်ား ၂

kn

သုံးဆယ့်တစ်ဘုံ ကျင်လည်ကုန်သော သတ္တဝါအပေါင်း ထဲတွင် မနုဿဟု အမည်တွင်သည့် လူသတ္တဝါသည် ပြဿနာ အရှာ တတ်ဆုံး သတ္တဝါဖြစ်သလို၊ လူ့ဘုံ သည်လည်း သပွတ်အူထက် သာမက၊ “အမယ်ဘုတ်ကဲ့ သူ့ချည်ခင်” ဟူသော ချည်ခင်ထွေးထက်ပင် ပိုမိုရစ် ပတ်နှောင်ဖွဲ့၊ ပိုမို ကွေ့ဝှက်ရှုပ်ထွေး ကြောင်း နတ်မျက်စိက ကောင်းစွာ သိရှိထား၏။ “သည်လောကီသည် ရှုပ်ထွေး၊ ရှင်းပါမှလေး” ဟု ခေတ် စမ်းကဗျာ ဆရာကြီးတစ်ဦးက အော်ဟစ်ခဲ့ဖူးသည်။ မြတ်တရားခိုမှီ ယောဂီသူတော်စင်တို့ကမူ “လောကီ အရှုပ်အထွေးကို အကောင်းဆုံး ရှင်း ပစ်သည့်နည်းမှာ လောကုတ္တရာ နယ်ပယ်သို့ ကူးဝင်နိုင်အောင် ကြိုး စားအားထုတ်ခြင်းသာဖြစ်ကြောင်း” ဆိုမိန့်ကြကုန်သည်။ ကျွန်ုပ်တို့၏ နတ်မျက်စိကား ဤလောကီဘုံအနှမ်း ကို ကြည့်ရှုဆင်ခြင်ရသူဖြစ်ပေရာ၊ လူ့ဘုံလူ့လောကကိုသာ ထာဝစဉ် ကြည့်မြင်နေရပေသည်။

ယနေ့နတ်သဘင် အစည်း အဝေးက ရှည်လျားပေများပြီး ညဥ့် နက်မှ ပြီးဆုံးသဖြင့် နတ်မျက်စိ သည် သန်းကောင်ကျော် နံနက် ၂ ချက်တီးလောက်မှသာ လူ့ဘုံဆီသို့ ကြည့်အားတော့သည်။ ကြည့်လိုက် သည်နှင့် မြင်တွေ့လိုက်ရသည်က စိတ်ပျက်၊ စိတ်ဆိုးစရာ မြင်ကွင်းတည်း။ “အလို ညလူဒုစရိုက် ကောင်ပါ ကလား။ စောရသူခိုး ငရဲအိုးကို ဇောက်ထိုးဆင်းမည့် ရာဇဝတ်သားပါကလား” ဟု နတ်မျက်စိလည်း စိတ်နှလုံး မသာယာစွာဖြင့် မြည်တမ်းမိလေ၏။

တိတ်ဆိတ်မှောက်မိုက်သော အကာလညအခါတွင် လူလတ်တန်းစား မကျတကျ လူနေရပ်ကွက်တစ်ခု အတွင်းရှိ တိုက်ခံအိမ်တစ်လုံး၏ မလွယ်ပေါက်ကနေ လူတစ်ယောက် သည် အထုပ်တစ်ထုပ်ကိုထမ်း၍ ထွက်လာသည်။ သူသည် ခြံစည်းရိုး ခွေးတိုးပေါက်ဆီသို့ ရွေ့လျားနေ၏။ ခွေးတိုးပေါက်သို့ရောက်လျှင် အထုပ် ကို အသာချ၍ ကျိုးပျက်နေသော အပေါက်မှ လေးဘက်တွား၍ အပြင် သို့ ထွက်ကာ ကျန်ရစ်သော အထည် ကို လှမ်း၍ဆွဲယူလိုက်၏။ တိတ်ဆိတ် မှုနှင့် အမှောင်ထုကား။ စောရစွန့်စား ၏ လှုပ်ရှားမှုများကို ကူညီဖေးမ ပေးနေသည်။ သူကအထုပ်ကို ထမ်း၍ ခြေ လှမ်းပြင်လိုက်ချိန်တွင် သူ့နောက် ကျောဘက်မှ မပွင့်တပွင့် ရယ်သံ သဲ့သဲ့ ခပ်အုပ်အုပ်ပေါ်လာပြီး နောက် သူ့၏ကုပ်ပိုးဆီသို့ ချွန်ထက် သော အေးစက်စက်အရာတစ်ခုက ခပ်ဖွဖွ လာထောက်သည်။

” ဟဲ ဟဲ ဟဲ ဒီစကီပါက သွေးဆာနေတာနော် ဟဲဟဲဟဲ။ အထုပ်ကို အသာကလေးချလိုက် သူငယ်ချင်း။ ဒီမိုကရေစီခေတ်မှာ သာတူညီမျှ ကောင်းစားရေးဖြစ်စေရမှာပေါ့နော” အထုပ်ထမ်းထားသူသည် ခေတ္တခဏမျှ ငြိမ်နေသည်။ ပြီးမှ အထုပ်ကိုမြေကြီးပေါ်သို့ အသာချ ရင်း

” သူခိုးလက်က သူဝှက်လုမလို့လား ငါ့လူ” ဟု တည်တည်ငြိမ်ငြိမ် မေးကာ နောက်သို့ လှည့်လိုက်သည်။
“သူခိုးတွေ၊ သူဝှက်တွေ လုပ် မနေပါနဲ့ကွာ။ မင်းတို့ငါတို့က ဘဝတူ၊ ညဆိုင်းက အလုပ်သမားတွေပါ။ မဟုတ်ဘူးလား သူငယ်ချင်းရဲ့”
” သူငယ်ချင်းတွေဘာတွေ လုပ် မနေနဲ့။ မင်းအခုဘာဖြစ်ချင်လဲ။ ပြောပါ” ဟု ပထမလူက စိတ်တိုသံ ဖြင့် ပြောသည်။ ထိုအချိန်မှာ ဒုတိယလူ၏ စကီပါထိပ်ဖျားက ပထမလူ၏ နံကြားမှာထောက်ပြီးသား ဖြစ်နေသည်။

” သူငယ်ချင်းလို့ခေါ်တာ မကြိုက်လည်း ခေတ်ဆန်ဆန် ဘရာသာလို့ခေါ်ရမှာပေါ့ကွာ။ ငါလည်း ဒီအိမ်ကို ဖောက်မလို့ ကြံနေတာ။ ကြာလှပြီ။ ဒီညဖောက်မယ်ဆိုပြီး ငါလာတာ။ ငါ့ရှေ့ကနေ မင်းဝင် သွားတာကို တွေ့တာနဲ့ ငါအသာကလေး လျှိုထားလိုက်တာ။ ငါတို့နှစ် ယောက်ကြားမှာ အကောင်းဆုံး လုပ်သင့်တာကတော့ half by half တစ်ယောက်တစ်ဝက်ပေါ့။ မဟုတ်ဘူးလား ဘရာသာ”

” ငါကလည်း ခြံပြင်ကနေ လူရိပ်လူခြည်ကြည့်ပေးနေရတာပါကွာ။ အခြေအနေမကောင်းရင် ငါတို့လောကမှာ သုံးနေကျ အသံသင်္ကေတနဲ့ လက်ခေါက်မှုတ်ပြီး မင်းကိုအချက်ပေးမလို့ပါ။ ငါတို့ ညဆိုင်းအလုပ်သမားလောကရဲ့ဓလေ့ထုံးစံကို မင်းသိပြီးသားပါ။ အလုပ်တစ်ခုကို နှစ်ယောက်အတူလုပ်ရင် တစ်ယောက်တစ်ဝက်ပဲ။ ဟုတ်တယ်နော်”

” အရေးအကြောင်းဆို မင်းကပြေးရင် လွတ်တယ်။ ငါကခံရမယ့်ကောင်။ ကံဆိုးရင် အိမ်သားတွေ ဝိုင်းထုလို့ လျှောသွားနိုင်တယ်။ ဒီတော့ မင်းကို ကရုဏာကြေး တစ်ပုံပေးမယ်။ ဘယ်လိုလဲ” ဒုတိယလူဟာ စကီပါကို နည်းနည်းဖိလိုက်သည်။

” နိုးနိုး ..နိုးနိုး .. နိုးပေါင်း တစ်ထောင်ကွာ။ ဈေးမဆစ်နဲ့။ ဟတ်ဆိုဟတ်ပဲ။ မင်းခေါင်းငြိမ့်ရင် ငါစကီပါကို သိမ်းလိုက်မယ်။ ငြင်း ရင်တော့ ဇာတ်တူသား စားရတော့မှာပဲ သူငယ်ချင်း” ထိုစဉ်မှာပဲ အနီးရှိလမ်းဘေး မလေးရှားပိတောက်ပင်ကြီးပေါ်မှ တောကြောင်ကြီးတစ်ကောင် လွှား ခနဲ ခုန်ဆင်းလာဘိသကဲ့သို့ လူ တစ်ယောက် ဓားရှည်ကြီး တဝင်းဝင်း နှင့် ကျလာသည်။

” ခွဲတမ်းအစီအစဉ် ပြောင်းလိုက် တော့ င့ါညီတို့။ သုံးပုံပုံလိုက်တော့။ တစ်ယောက်တစ်ပုံပဲ။ အမှန်တော့ ဒီအိမ်ကို ဖောက်ဖို့က ငါက အရင်ဆုံး ရောက်နေတာကွ။ မထင်မှတ်ဘဲ မင်းတို့က ထပ်ရောက်လာကြတော့ အစီအစဉ်တွေ ပြောင်းကုန်တာပေါ့”

အရင်လူနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်းသက်ပြင်းကိုယ်စီချကြသည်။ သစ်ပင်ပေါ်မှ ဆင်းလာသူ၏ အသံနှင့် ဟန်တို့ကလည်း ဝါရင့်သွေးအေး လက်ရဲဇက်ရဲနိုင်မှန်း သိသာနေသည်။

” ခက်တော့ခက်နေပြီဗျာ” ဟု ပထမလူက စကားစလိုက်ကာဆက်၍ ” ဒီအိမ်က တမီလ်ကုလား သူဋ္ဌေး ရဲ့အိမ်ဗျ။ ကုလားမတွေ အပြင်ထွက်ရင် ရွှေတွေညွှတ်နေအောင် ဝတ် တတ်လို့ ဝင်ဖောက်တာ။ အထဲ ရောက်မှ မဟန်ဘူးဆိုတာ သိလိုက် ရတယ်။ ကုလားမတွေက ရွှေထည်လက်ဝတ်လက်စားတွေကို ဝတ်ပြီး အိပ်ကြတာဗျ။ အဲဒါနဲ့ ကုလားမတွေ ဝတ်တဲ့ ဆာရီတွေ၊ ထဘီတွေ၊ အင်္ကျီ တွေပဲ သယ်ချလာခဲ့တာ။ သုံးပုံပုံမနေနဲ့။ ခင်ဗျားတို့ နှစ်ယောက်ပဲ ခွဲယူလိုက်ကြတော့”ပထမလူက စိတ်ပျက်လက်ပျက် ဖြင့် ငြီးတွားကာ နေရာမှထွက်တော့ မည်အပြုတွင် မလှမ်းမကမ်းမှ စက်ဘီးမီးရောင်တွေ ပေါ်လာကြသည်။

” ဟာ ညကင်းလှည့်ပတ္တရောင် ရဲတွေကွ လစ်ကြမယ် ဟေ့ လစ်ကြမယ်။ ကျောင်းတော်ကြီးထဲက ထွက်လာတာ မကြာသေးဘူး။ နောက်တစ်ခေါက် ပြန်ဝင်နေရဦးမယ်” ဟု ဆိုကာ ဓားရှည်သမားက ဦးစွာပြေး၏။ ကျန်နှစ်ယောက်ကလည်း အမှောင်ထဲသို့ လှစ်ခနဲလှစ်ခနဲဝင် ပြေးကြသည်။ အစိုးရ ကုန်လှောင်ရုံ တစ်ရုံမှာ ညဘက်ကူလီထမ်းပြီး ပြန်လာကြသော စက်ဘီးများစီးလာကြသည့် အလုပ်သမားသုံးယောက်သည် လမ်းဘေးမှာ ချထားသော အထုပ်ကြီးကို မမြင်ကြဘဲ စကားတပြောပြောနှင့် စက်ဘီးများကို နင်းသွားကြလေ၏။

” အိမ်း … Honour Among thievesျ ဆိုတဲ့ သူခိုးတို့ရဲ့ စည်းကမ်းထုံးတမ်းကို လိုက်နာတဲ့သူခိုးတွေ ဒီတစ်ညတော့ ငတ်ရှာကြပေါ့။ ငတ်ရှာကြပေါ့” ဟု နတ်မျက်စိက မြည်တမ်းကာ မျက်စိကို ခေတ္တ အနားပေးလိုက်ကာ နောက်တစ်နေရာကို လှမ်းကြည့်ဖို့ စဉ်းစားနေလေ တော့သည်။

ကြူးနှစ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071