Saturday, May 17, 2025

၄၉ရက်အကြာတွင် Sky Villa မှ...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှာပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယနေ့ မေ ၁၆ ရက်(၄၉ ရက်မြောက်နေ့)တွင်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း...

ဘန်ကောက် အထပ်မြင့်အဆောက်အအုံပြိုကျမှု ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် အခြား...

မတ်လအတွင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့၍ အလုပ်သမား ၁၀၀ နီးပါး ‌ေ-သဆုံးခဲ့ရသည့် အဆောက်အအုံ ပြိုကျခဲ့မှုနှင့် ပတ်သက်၍ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးနှင့် အခြား ၁၄...

နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်မှ စိုက်ပျိုးရေ ပြန်လည်ပေးဝေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်အား ပြန်လည်ပြုပြင်မှုများဆောင်ရွက်ခဲ့မှုကြောင့် လက်ရှိအချိန်၌ စိုက်ပျိုးရေများပြန်လည်ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။ ဆင်‌ေ-သရေလွှဲဆည်သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အလျားပေ(၁၅၀)ခန့်ပျက်စီးခဲ့သဖြင့် ယာယီပြုပြင်မှုများပြုလုပ်ပြီးနောက် ဧပြီ ၈...

UEC အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို လျာထားသတ်မှတ်ပြီးဖြစ်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ယခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ကျင်းပရန် ဆောင်ရွက်လျက်ရှိသည်ဟုပြောကြားထားရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှလည်း ရွေးကောက်ပွဲကျင်းပမည့်ရက်အား...
HomeArticlesနတ္မ်က္စိ၏မွတ္စုမ်ား - ၂၀

နတ္မ်က္စိ၏မွတ္စုမ်ား – ၂၀

 

 

ကျွန်ုပ် နတ်မျက်စိ၏ အတွေး အမြင်အရ တစ်စုံတစ် ရာ ဖြစ်ပွားတော့မည် ဟု လူထုကြားမှာ သတင်းတစ်ရပ် တော့ မီးလိုပြန့်နှံ့နေတတ်ခြင်း တည်းဟူသော ‘ကောလာဟလ’ စကား သည် လူ့အဖွဲ့အစည်းတစ်ခုအတွင်း ကပ်ရောဂါကျရောက်ခြင်း ထက်ပင် ကြောက်ရွံ့စိုးထိတ်ဖွယ် ကောင်းနေပါ သည်။ ကြားဖူးနားဝ ရာဇဝင်အရ ရှေးအတိတ်က အလွန် စည်ကား သိုက်မြိုက်ခဲ့သော သရေခေတ္တရာ (သီရိခေတ္တရာ) နိုင်ငံတော်ကြီးသည် ကောလာဟလကြောင့် ပျက်စီးပြိုကွဲ ခဲ့ရကြောင်း သမိုင်းလေ့လာသူတိုင်း သိကြသည်။နတ်မျက်စိ၏ အတွေး အမြင်အရ တစ်စုံတစ် ရာ ဖြစ်ပွားတော့မည် ဟု လူထုကြားမှာ သတင်းတစ်ရပ် တော့ မီးလိုပြန့်နှံ့နေတတ်ခြင်း တည်းဟူသော ‘ကောလာဟလ’ စကား သည် လူ့အဖွဲ့အစည်းတစ်ခုအတွင်း ကပ်ရောဂါကျရောက်ခြင်း ထက်ပင် ကြောက်ရွံ့စိုးထိတ်ဖွယ် ကောင်းနေပါ သည်။

ကြားဖူးနားဝ ရာဇဝင်အရ ရှေးအတိတ်က အလွန် စည်ကား သိုက်မြိုက်ခဲ့သော သရေခေတ္တရာ (သီရိခေတ္တရာ) နိုင်ငံတော်ကြီးသည် ကောလာဟလကြောင့် ပျက်စီးပြိုကွဲ ခဲ့ရကြောင်း သမိုင်းလေ့လာသူတိုင်း သိကြသည်။ ထိုရာဇဝင်အရ သားရေခေတ္တ ရာနိုင်ငံမှ အိမ်ရှင်မတစ်ယောက် သည် မိမိ၏ ဆန်ကောကိုလေပွေ က မွှေ့ယူချုပ်ကိုင်ပြီး ထက်ကောင်း ကင်သို့ သယ်ဆောင်သွားရာ ထိုမိန်း မသည် သူ့ဆန်ကောကို တစ်ခြားသူ တွေ ကောက်ယူသွားမှာစိုးသဖြင့် ဆန်ကောလွင့်ပါးရာသို့ ထဘီမနိုင် ပဝါမနိုင်ပြေးလိုက်ရင်း…….

“င့ါဆန်ကော ငါ့ဆန်ကော” ဟု သံကုန်ဟစ်လေ သည်။  ထိုအခါ ပတ်ဝန်းကျင်လူထု သည် နှောင့်ယှက်ဖျက်ဆီးတတ်သော ‘ငစကော’လူမျိုးတို့၏ စစ်တပ်ကြီး ချီတက်လာပြီအထင်နှင့် ရုတ်ရုတ်သဲ သဲ ဖြစ်သွားကြသည်။ အချင်းချင်း တိုးဝှေ့တွန်းတိုက်ကြသည်။ တိုးဝှေ့ တွန်းတိုက်ရာမှ အချင်းချင်းတုတ်ဆွဲ ဓားဆွဲနှင့် ရိုက်ပုတ်ခုတ်ထစ်ကြ သည်။ ဤသို့ဖြင့် ပရမ်းပတာဖြစ် ကုန်ကြသော လူအုပ်ကြီးများကြောင့် သရေခတ္တရာနိုင်ငံကြီး ပျက်စီးခြင်း ငါးပါးဆိုက်ခဲ့ရလေသည်။  ကျွန်ုပ်နတ်မျက်စိ လေ့လာမှတ် သားမိသလောက် ‘ကောလာဟလ’ ဟုသည် နှစ်မျိုးနှစ်စား ရှိသည်။ ကောင်းသတင်းကို ကြိုတင်ဆောင် ကြဉ်းလာတတ်သော ကောလာဟလ ဖြစ်သည်။

ဥပမာ ‘ဘုရားပွင့်တော့ မည်’ဟူသော အကောင်းမြင် ကော လာဟလမျိုးနှင့် ‘ကြက်ငှက်ဝက် တုပ်ကွေး၊ ဗိုင်းရပ်ရောဂါပိုးတွေ လေထုထဲမှာ ပြန့်နှံ့နေပြီ’ဟူသော အဆိုးဖြင့် ကောလာဟလမျိုးဖြစ် သည်။ ရှေးပညာရှိတို့က ‘မိန်းမဖျက် ရင် ပြည်ပျက်လတ္တံ’ဟူသော ဟော ကိန်းထုတ်တတ်ကြရာ ထိုစကား သည် ကောလာဟလအဖြစ် ပြန်နှံ့ သွားတော့ရာ။  ၇ ရက်သားသမီးတို့ သောကပွေ၍ အိမ်မပျော်၊ စား မဝင်ဖြစ်ကြရကုန်သည်။  ယခုကဲ့သို့’ ဖေ့ဘုတ်စ်’ ခေတ်ကြီး တွင် ပေါက်တတ်ကရ ကောလာဟလ သည် လူထုကြီးကြားသို့ အလွယ်တကူ ပြန်နံှ့နိုင်သောကြောင့် ကျွန်ုပ်တို့ ပို၍ စိတ်ဆင်းရဲစရာဖြစ်နေသည်။ ကော လာဟလဖြန့်ဖြူးလောကသားများ သည် အငြိမ်မနေနိုင်သော တော မျောက်များကဲ့သို့၊ သတင်းမှား သတင်းလွဲတွေကို အင်တာနက်သို့ လက်ကမြင်းကြောထပြီး တရစပ် တင်နေကြသည်။ သူတို့ကို Hacker ဟက်ကာများဟုခေါ်ကြပြီး ဟက်ကာ အချင်းချင်း ပေါက်တတ်ကရ စွပ်စွဲ မှုများဖြင့် တိုက်ခိုက်နေကြသည်။ ထိုသို့သော လူ့ဘောင်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်ပေါ်စေသော လေလှိုင်းထဲက ရန် ထောင်မှုကို ဒင်း(သင်း)တို့က Cyber War ဟု ကြီးကြီးကျယ်ကျယ် ကြွား ဝါနေကြသည်။ ဟက်ကာဟူသည် ပုဆိုးခြုံထဲမှ လက်သီးပြမှုမျိုးသာ တည်း။

ယခုကဲ့သို့ နာမည်ခံ အောက် တန်းစား Citizen Journalist တွေ မှိုလိုပေါက်နေချိန်မှာ အခြေအမြစ် မရှိသော်လည်း အန္တရာယ်ကြီးသည့် ကောလာဟလသတင်းများသည် လူထုကြားသို့ အလွယ်တကူ တိုးဝင် ခွင့်ရနေကြသည်။ ထိုအရေးကိစ္စကို ကျွန်ုပ်က အထက်နတ်မင်းကြီးများထံ တင်ပြရာ နတ်မင်းကြီးများသည် ဘုန်းတန်ခိုး ကြီးမားသော ပညာရှိ များပီပီ ‘ကောလာဟလ’ကို အပြတ် ရှင်းဖို့ ဆုံးဖြတ်လိုက်ကြသည်။  “ကဲ အချင်းနတ်မျတ်စိ၊ အချင်း အပိုင်စားရတဲ့ မြန်မာပြည်မှာ ကောလာဟလတွေ ပပျောက်အောင် ကြိုက်တဲ့နည်းကိုသုံးပြီး ရှင်းလင်းပေ တော့”ဟု နတ်မင်းကြီးတစ်ပါးက အမိန့်ပေးသည်။  “ကျွန်တော်မျိုးကတော့ ဖေ့ဘုတ်စ်ထွင်တဲ့ အမေရိကန်က ‘မတ်ဇူကာဘတ်’ဆိုတဲ့ ငနဲကို နား ရင်း အုပ်ပစ်ချင်တယ်ဗျ”ဟု ကျွန်ုပ် က လျှောက်ထားလိုက်ရာ နတ်မင်း ကြီးက ………

“မဆိုင်တဲ့အပေါက်ကို ကလိုင်နဲ့ မခေါက်ချင်စမ်းပါနဲ့ ဒိဗ္ဗစက္ခုရာ။ မမှန်သတင်း ကောလာဟလလွှင့်တဲ့ အယုတ်တမာကောင်တွေကို ရ အောင်ရှာပြီး တစ်သက်စာ ပညာ ပေးလိုက်စမ်းပါ။ အခုခေတ် ဟတ် ကာတွေ အပြန်အလှန် တိုက်ခိုက်နေ ကြတာဟာ သွေးကြောင်တဲ့လူ ချင်း လေသေနတ်တွေနဲ့ ပစ်နေကြ သလို သူရဲဘောကြောင်ရာ ကျသကွာ။ အတော်ရှက်ဖို့ကောင်းပါရဲ့” ဟု ရှုံ့ကာမဲ့ကာ မိန့်တော်မူသည်။  ချက်ဆိုနားခွက်က ထမီး တောက်သော ကျွန်ုပ်သည် ကောလာ ဟလကို နှိမ်နင်းရန် အပိုင်စားနယ် မြေ မြန်မာပြည်သို့ ဆင်းခဲ့လေ၏။

ဆင်းရဲသားအများဆုံး နေထိုင် ပြီး အရက်ဆိုင်လည်း အလွန်ပေါ များသော မြို့ဆင်ခြေဖုံးရပ်ကွက် တစ်ခုထဲသို့ ကျွန်ုပ်သည် အသွင်ယူ ပြီး မယောင်မလည်ဝင်လာခဲ့သည်။  “ကုလားပါးရိုက်တဲ့ကောင် ခု တော့ သေရှာပလား”ဟု လူကြီး တစ်ယောက်ပြောသံကို ကြားကာ ကျွန်ုပ်ရင်ခုန်သွားမိသည်။

“ပါးရိုက်ခံရတဲ့ ကုလားက လက်စားချေတာလားဟု ကျွန်ုပ်က မျိုးချစိတ်ရှင်သန်ထက်မြက်သူ တစ် ဦးပမာ ဝင်မေးသည်။ အမင်္ဂလာ သတင်းကိုပြောသော လူကြီးက ကျွန်ုပ်ကို မျက်မှောင်ကြုတ်၍ ကြည့် လိုက်သည်။  “ဘာတွေလာမေးနေတာလဲကွ။ အူကြောင်ကြောင်နဲ့ကွာ။ ကုလား ပါးရိုက်တယ်ဆိုတာ ဖဲရိုက်တာကို ခေါ်တာဟ။ ငါတို့အိမ်နားက ငပိန် ဆိုတဲ့ကောင် ဖဲတွေလှိမ့်ရိုက်ရာက အရှုံးကြီးရှုံး၊ အိမ်တိုင်ချွတ်ရောင်း ပစ်ရကာ စိတ်တွေညစ်ပြီး အရက် ချည်းဖိသောက်နေရင်း နောက်ဆုံး အသည်းခြောက်၊ ရေဝေးကို ရောက် သွားတာပဲ”

“သြော် ဒီလိုကိုး”ဟုတွေးကာ ကျွန်ုပ်သည် ကောလာဟလ မဖြစ် ပွားမီ တစ်နေရာသို့ ထွက်ခွာခဲ့ရပါ သည်။  တစ်နေရာအရောက်တွင် အူ ရားဖားရားပြေးလာသူလူရွယ်တစ်ဦး နှင့် ကျွန်ုပ်မျက်နှာချင်းဆိုင်မိသည်။  “ညီတော်မောင် ဘာတွေများ  အရေးကြီးနေလို့ပါလိမ့်” “တရုတ်ရိုက်လို့ဗျို့၊ တရုတ် ရိုက်လို့”

“ဒါကရန်ကုန်ပဲ ညီတော် မောင်ရဲ့။ မန္တလေးကျောက်ဝိုင်းမှ မဟုတ်တာ။ ကျောက်ဝိုင်းမှာ တော့ တရုတ်တွေက ရိုက်တတ်သကွ” မောကြီးပန်းကြီး ပြေးလွှားရင်း ‘တရုတ်ရိုက်တယ်’ဟု အော်ဟစ်လာ သော လူရွယ်သည် ကျွန်ုပ်ကို အဖက် မလုပ်တော့ဘဲ ရှေ့သို့အမောတ ကော ပြေးသွားပြန်လေသည်။ မကြာမီ မိန်းမကြီးတစ်ယောက် ကရောသောပါးပြေးလာရင်း “ဖားပြုတ်ကိုက်လို့တဲ့တော်။ အရပ်ကတို့ရယ်၊ ကယ်ကြပါဦး”ဟု မထိတ်သာမလန့်သာ အော်ဟစ်ခဲ့ နေသည်။  မကြာမီ ခြေတစ်ဖက် ထော့နင်း ထော့နင်းဖြင့် အဘိုးကြီးတစ်ယောက် ကျွန်ုပ်အနီးသို့ ရောက်လာသည်။

“အဘ လောကကြီးဘာတွေ ဖြစ်ကုန်ပြီလဲဗျာ။ လူငယ်တစ်ယောက် က တရုတ်ရိုက်တယ်ဆိုပြီး အော်ပြေး တယ်။ သူ့နောက်ကပါ ဖားပြုတ် ကိုက်တယ်လို့ အော်ပြေးလာ ပြန် တယ်။ ဘာပြဿနာတွေလဲ အဘရာ။ ဘဘသိရင် ရှင်းပြပါဦး” အဘိုးကြီးသည် သွားကျိုးကြီး တွေ ပေါ်အောင်ပြုံး၍ “ငါလမ်းမှာ ခလုတ်တိုက်မိလို့ ခြေမတစ်ဘက် ကွဲသွားပြီ (ခလုတ်တိုက်ပဟ)လို့ အော်ဟစ်လိုက်တာကို တစ်ချို့က ဖားပြုတ်ကိုက်တယ်ဆိုပြီး နားကြား လွဲသွားတယ်။ အဆိုးဆုံး နားကြား လွဲတာကတော့ ဖားပြုတ်ကိုက်တာ ကို တရုတ်ရိုက်တယ်လို့ တလွဲကြား တာပဲ။ အဲလို မဟုတ်မမှန် နားကြား လွဲရာက ကောလာဟလတွေဖြစ်ပြီး ပြဿနာပေါ်တာပဲ။ ဟား ဟား ဟား” ဟု ရယ်မောနေတော့သည်။  ကျွန်ုပ်လည်း ပါးစပ်စည်းကမ်းမဲ့ သော ဖေ့ဘုတ်စ်မှာ ပေါက်ပန်းဈေး တွေ လျှောက်ရေးသော အဖျက်သ မားကို ရှာဖွေရန် ဆက်လက် လျှောက်လာခဲ့ပါသတည်း။

ကြူးနှစ်

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071