Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeArticlesနတ္မ်က္စိ၏မွတ္စုမ်ား -၂၁

နတ္မ်က္စိ၏မွတ္စုမ်ား -၂၁

ထိုနေ့က လောကပါလ  နတ် မင်းကြီးတစ်ပါးသည် ကျွန်ုပ်တို့၏ ဒိဗ္ဗစက္ခု (ခေါ်) နတ်မျက်စိကို ဆင့် ခေါ်ကာ အမှတ်တရ အထူးလက် ဆောင်မွန်တစ်ခုကို အပ်နှင်းချီးမြှင့် လေသည်။ အထူးလက်ဆောင်မွန် ကား အခြားမဟုတ်။ အတိတ် ပစ္စု ပ္ပန်၊ အနာဂတ် ကာလသုံးပါးစလုံးသို့ လှည့်လည်သွားလာနိုင်သော “ကာ လယန္တရား” နတ်ရထားယာဉ်ပေ တည်း။နေ့က လောကပါလ  နတ် မင်းကြီးတစ်ပါးသည် ကျွန်ုပ်တို့၏ ဒိဗ္ဗစက္ခု (ခေါ်) နတ်မျက်စိကို ဆင့် ခေါ်ကာ အမှတ်တရ အထူးလက် ဆောင်မွန်တစ်ခုကို အပ်နှင်းချီးမြှင့် လေသည်။

ကျွန်ုပ်တို့၏ နတ်မျက်စိသည် ကာလယန္တရားယာဉ် ပေါ်သို့တက် ပြီးနောက် အတိတ်သို့ ပြန်သွားမည် လော၊ အနာဂတ်သို့ သွားရောက်မည် လော… (သို့မဟုတ်) ယခုပစ္စုပ္ပန် ကမ္ဘာလောက၌သာ လှည့်လည်မည် လောဟု တွေးနေလေသည်။

‘အိုး… ဟုတ်ကပြီ.. ဟုတ်ကပြီ..”ဟုသူ့ဘာသာသူ ရွှင်ပြစွာ ရေရွတ်ကာ သူ လူ့ဘဝက နှစ်သက်စွာ ကြည့်ရှုဖူးသောWestern ရုပ်ရှင် (ခေါ်) ကောင်း ဘွိုင်များနှင့် ဒေသခံ အင်ဂျန်း Red Indian တို့၏ တိုက်ခန်း ခိုက် ခန်း စွန့်စားခန်းများ ခင်းကျင်းခဲ့သည့် အမေရိက အနောက်ပိုင်း ဒေသ၏ အတိတ်ကာလသို့ သွားလည်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် ကာလယန္တရားယာဉ်မှ ဒက်(ရှ်) ဘုတ်ခုံပေါ်ရှိ ၁၈၆ဝ (အေဒီ)ဟူ သော ခလုတ်ကို အသာအယာနှိပ် လိုက်သည်။

ကာလယန္တရားယာဉ်သည် အ လင်း၏အလျဉ်မျိုးဖြင့် ရွေ့လျှား ပျံသန်းသွားသည်။ ယာဉ်ရပ်လိုက် သောအခါ နတ်မျက်စိသည် တောင် ကြားလွင်ပြင်တစ်ခု၌ ရောက်ရှိနေ ကြောင်း တွေ့ရသည်။ သူသည် အ တိတ်ကလ ခေတ်ဟောင်း အမေရိက တိုက် တစ်နေရာ ရောက်ရှိနေကြောင်း သိမှတ်ကာ နတ်မျက်စိသည် ကြည်နူး ကျေနပ်နေသည်။ကာလယန္တရားယာဉ်သည် အ လင်း၏အလျဉ်မျိုးဖြင့် ရွေ့လျှား ပျံသန်းသွားသည်။ ယာဉ်ရပ်လိုက် သောအခါ နတ်မျက်စိသည် တောင် ကြားလွင်ပြင်တစ်ခု၌ ရောက်ရှိနေ ကြောင်း တွေ့ရသည်။ သူသည် အ တိတ်ကလ ခေတ်ဟောင်း အမေရိက တိုက် တစ်နေရာ ရောက်ရှိနေကြောင်း သိမှတ်ကာ နတ်မျက်စိသည် ကြည်နူး ကျေနပ်နေသည်။

“အင်း.. ကာလ၊ ဒေသ၊ ပယောဂနဲ့ ညီညွှတ်အောင် အသွင် ပြောင်းဦးမှ…” ဟုတွေးကာ နတ်မျက်စိသည် မြင်းတစ်ကောင်နှင့် နယ်သစ်ရှာသူ လူဖြူတစ်ဦး၏ အ ဝတ်အစား တန်ဆာပလာများကို ဖန်ဆင်းလိုက်၏။ တစ်ခဏအတွင်း နတ်မျက်စိသည် မြင်းစီးထားသော လက်နက်အပြည့်အစုံနှင့်  ဥရောပ သားအသွင် ပြောင်းသွားသည်။ သူတို့ဝန်းကျင်ကား  စိမ်းစိမ်းစိုစို မရှိဘဲ ကျောက်တောင်များ၊ ကျောက် တုံးများကိုသာ တွေ့ရသည်။

” ရုပ်ရှင်တွေထဲမှာ ကောင်း ဘွိုင်တွေလည်း မြင်းတစ်စီး သေနတ် တစ်လက်နဲ့ စွန့်စားသွား လာကြတာ ပဲ။ ငါလည်း သူတို့လို တစ်ကိုယ်တော် စွန့်စားရမှာပေါ့လေ” ဟု နတ်မျက်စိ က စဉ်းစားရင်း မြင်း ကိုနှင်လာခဲ့၏။   တောင်ကြားလမ်းကွေ့ တစ်ခုသို့ အရောက်တွင် တောင်နံရံ အရိပ်ထဲ၌ ဒေသခံ အင်ဂျန်းအဘိုးကြီး တစ် ယောက် မလှုပ်မယှက် ငုတ်တုပ် ထိုင်နေ သည်ကိုတွေ့ရ၍ နတ်မျက်စိ က သူ့ မြင်းပေါ်မှ ဆင်းလိုက်သည်။

“အဘိုးကြီး နေမကောင်းဘူး လား…” နတ်မျက်စိသည် နတ်တို့၏ တန်ခိုးဖြင့် အင်ဂျန်း အဘိုးအိုကြီး သည် ” ကွန်မချီ”Comanche လူ မျိုးစုမှန်းသိကာ ကွန်မချီဘာသာ စကားဖြင့် ချိုသာစွာ နှုတ်ခွန်းဆက် လိုက်၏။

အင်ဂျန်းအဘိုးကြီးသည် မတုန် မလှုပ်၊ မျက်တောင်မခတ်ဘဲ ကောင်း ဘွိုင် တစ်ဖြစ်လဲ နတ်မျက်စိကို စိုက်ကြည့်နေသည်။

“တစ်ယောက်တည်း အဖော် ကွဲနေသလား။ အဘိုးကြီး မြင်း လည်းမရှိဘူး။ မြင်းမရှိဘဲနဲ့ ဘယ်လို သွားလာနိုင်မှာလဲ” ဟု နတ်မျက်စိက အတတ်နိုင်ဆုံး ပြုံး၍ မေးလိုက်သည်။အဘိုးကြီးက အသဲကွဲသော အသံဖြင့်…

“နင်က ငါတို့ ဘာသာစကားကို တတ်သလား။ နင်ကဘာလူမျိုးလဲ။ နင့်ကြည့်ရတာ မုတ်ဆိတ်ထူ လူဖြူ မျိုးပါ…”

ငါက လူဖြူဆိုပေမယ့် တစ်ခြား လူဖြူတွေနဲ့ မတူပါဘူး။ ငါက နင်တို့ အင်ဂျန်းတိုင်းရင်းသား ဘာသာ စကား မျိုးစုံတတ်တယ်။ ကွန်မချီ Comanche လို ပြောရမလား။ ရှိုင်းယန်း Cheyenne လို့ ပြောရမလား။ နာဗဟို Navaho လို့ ပြောရမလား။ အပါချီ Apache လို့ ပြောရမလား.. ပြီးတော့ ” တော်ပါတော့ လူဖြူကို လူ လည်ကြီးရယ် ။ နင်တို့  ဥရောပသား လူဖြူတွေကို ကြောက်လွန်းလို့”

” လူလူချင်း ဘာကြောက်စရာ ရှိလဲ အဘိုးကြီးရဲ့”

ကြောက်ရတာပေါ့။ နင်တို့က သေနတ်တွေကော ဓါးတွေကောကိုင် ပြီး ငါတို့ကို အနိုင်ကျင့်တာ။ ငါတို့မှာ လေးရယ်၊  မြားရယ်၊လှံရယ်၊ ရဲတင်း ရယ်ပဲရှိတယ်။ နင်တို့ သေနတ်တွေကို အံမတုနိုင်ဘူး။ နင်တို့က စိတ်မထင် ရင် အမြောက်နဲ့လည်း ထုသေးတာ။ နင်တို့ လူဖြူတွေဟာ မိုက်ချက်က တော့ ကမ်းကုန်တယ်ဆိုတဲ့ အစားမျိုး ပဲ။ နင်တို့က သရဲတစ္ဆေထက် ဆိုး တယ်ဟဲ့”

“အဘိုးကြီးအတွေးအခေါ် လွဲနေတယ်။ ငါတို့က နင်တို့နယ်မြေ ကို သိမ်းတယ်ဆိုတာ နင်တို့ဘဝ တိုးတက်စေချင်လို့။ ငါတို့ ဥရောပ သားတွေရဲ့ နေပုံထိုင်ပုံ ဓလေ့၊ ဝတ် ပုံစားပုံတွေကို သင်ကြားပြသပေး ချင်လို့ပါ။ နောက်ပြီး ငါတို့ ကိုးကွယ် ကြတဲ့ ခရစ်ယာန် ဘာသာကိုလည်း နင်တို့ကိုးကွယ် စေချင်တယ်”

” အဲသဟာ… ကောင်းတဲ့ အလုပ်မှ မဟုတ်တာ။ အဲသဟာ နယ် ချဲ့တာပဲ။ စီးပွားရေး နယ်ချဲ့ရုံတင် မကဘူး။ ယဉ်ကျေးမှုနဲ့ ဘာသာရေးပါ နယ်ချဲ့တဲ့ မိစ္ဆာအလုပ်ပဲ။ နင်တို့ဟာ လူဖြူမိစ္ဆာတွေ။ နင်တို့ လောင်မီးကျ ကုန်ကြပါစေ..”

အင်ဂျန်းအဘိုးကြီးက မိုး ကောင်းကင်ဆီသို့ လက်နှစ်ဘက် မြှောက်၍ ကျိန်စာတိုက်နေသည်ကို ကြည့်ကာ နတ်မျက်စိ ရယ်ချင်လာ သည်။ သို့သော် မရယ်မိအောင် ချုပ် တီးထားလိုက်၏။အင်ဂျန်းအဘိုးကြီးက မိုး ကောင်းကင်ဆီသို့ လက်နှစ်ဘက် မြှောက်၍ ကျိန်စာတိုက်နေသည်ကို ကြည့်ကာ နတ်မျက်စိ ရယ်ချင်လာ သည်။ သို့သော် မရယ်မိအောင် ချုပ် တီးထားလိုက်၏။

“အမုန်းစကားတွေ ရပ်လိုက် ပါတော့ အဘိုးကြီး။Stop hate spaach စစ်ပွဲတွေရဲ့ အစဟာ အမုန်းစကားပဲ”

“ငါပြောတာ အမုန်းစကားမှ မဟုတ်တာ။ ငါပြောတာ အမှန် တရား။ နင်တို့ကို မယုံဘူး။ နင်တို့က ငါတို့နယ်မြေကို ကျူးကျော်တယ်။ ငါ တို့ကပြန်တိုက်တော့ ငါတို့ကို လက် နက်အသာစီး လူအင်အား အသာစီး နဲ့ အနိုင်ယူချေမှုန်းတယ်။ ငါတို့ရွာ တွေကို မီးရှို့ပစ်တယ်။ လက်မြှောက် အရှုံးပေးတဲ့ ငါတို့ကို အဝေးကြီး ရောက်အောင် နှင်ထုတ်တယ်။ ဘာ မှစိုက်လို့ပျိုးလို့မရတဲ့ နေရာမှာ အ တင်းအကျပ် နေခိုင်းတယ်။ အဲဒါငါ တို့ငတ်ပြီး သေအောင် ပညာရှိနည်းနဲ့  နှိပ်စက်တာပဲဟဲ့။ သွား… နယ်ချဲ့ ကောင် ထွက်သွားလိုက်..

“အင်ဂျန်းအဘိုးကြီးသည် ဒေါသ ထွက် လွန်း၍ အသားဆက်ဆက်တုန် ကာ ထိုင်ရာမှ ခုန်ထလိုက်သည်။ သူထ လိုက်သည်နှင့် နတ်မျက်စိက ခါးမှ သေနတ်ကိုထုတ်၍ ထိုးချိန် လိုက်သည်။

” အကြမ်းမဖက်ချင်ပါနဲ့ အဘိုး ကြီး။ အကြမ်းဖက် ဝါဒဟာ ဘယ်တော့မှ အောင်ပွဲမခံဘူး။ ကျဆုံးမှာပဲ”

“အံမယ်၊ ငပြူးကများ ပြဲတယ်ရှိ ရသေးကွာ။ ငါတို့မြေကို အကြမ်း ဖက်ပြီး လုတဲ့ကောင်ကများ နင်တို့ရဲ့ အကြမ်းဖက်ဝါဒကြောင့် ငါတို့မှာ နယ်မြေလည်းဆုံး၊ လူမျိုးလည်း တုံးရ တော့မယ်။ ငါကသေမှာ မကြောက် ဘူး။ နင်သတ်ချင်သတ် လိုက်…

” နတ်မျက်စိသည် အင်ဂျန်းအဘိုး ကြီး၏ ခံစားမှုကို စာနာနားလည်ကာ အဘိုးကြီး၏ နားကျည်းမှုကို ထပ်မ “ဆွ” လိုတော့သဖြင့် ဖျက်ခနဲ ကိုယ် ရောင်ဖျောက်လိုက်၏။

“နယ်ချဲ့လူဖြူကောင်တွေများ သေတာတောင် တစ္ဆေယောင်ဆောင် ပြီး ငါတို့ကို လာခြောက်နေသေး တယ်” ဟု အင်ဂျန်းအဘိုးကြီးက တစ်ကိုယ်တော် ရေရွတ်ရင်း ပြန်ထိုင် ချလိုက်သည်။

နတ်မင်းကြီးထံ ပြန်ရောက် သော် နတ်မျက်စိက သူနောက်ဆုံး ကြားခဲ့သော အင်ဂျန်းအဘိုးကြီး၏ စကားကို ပြန်လည် လျှောက်ထား လိုက်သည်။ နတ်မင်းကြီးက ပြုံးရယ် တော်မူကာ…

“မှန်သပေါ့ကွယ်။ နယ်ချဲ့ဆို တာ သေတယ်ရယ်လို့မှ မရှိဘဲ။ ခေတ်အဆက်ဆက်မှာ ပုံစံသွင်ပြင် အမျိုးမျိုး ပြောင်းလဲပြီး သူတစ်ပါးရဲ့ ပိုင်နက်နယ်မြေကို ကျူးကျော်သိမ်း ပိုက် နယ်ချဲ့ဖို့ ကြိုးစားနေကြတာ ချည်းပဲကွယ့်” ဟု မိန့်တော် မူလေ သတည်း။

ကြူးနှစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071