Monday, December 8, 2025

အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး...

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့၌ ကျင်းပခဲ့ပြီး  မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက်...

ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ...

တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသား(၅၆)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၇)ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား(၄)ဦး၊...

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန်...

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က...

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊...
HomeArticlesနတ္မ်က္စိ၏မွတ္စုမ်ား -၁၁

နတ္မ်က္စိ၏မွတ္စုမ်ား -၁၁

Untitled-2နတ် မျက်စိ၏ ‘စပါယ်ရှယ် ပါဝါ’ ရရှိထားသော ထူး ကဲစက္ခုအာရုံကြောင့် ကမ္ဘာလောကကို တစ်ပြိုင်နက်တည်း ဖြန့်ကြက် လွှမ်းခြုံမြင်တွေ့နိုင်ခြင်း မှာ နတ်သားနတ်သမီးတွေ တော် တော်များများထက် သာလွန်နေ သော အရည်အသွေး ဖြစ်ပေသည်။ ယနေ့ကမ္ဘာမှာအရှေ့တန်း ရောက် နေသည့် လူလုပ်ဒိဗ္ဗစက္ခုတစ်မျိုး ဖြစ်သည်။  Google Search- engine လောက်တော့ နတ်မျက်စိ တို့က “ပျင်းတောင်ပျင်းသေးတယ်” ဟု ဆိုရမလိုလို။

” ဒင်း (သင်း) တို့ ကွန်ပျူတာ မျက်စိဆိုတာ ငါ့အတွက်တော့ ကလေး ကလား Child- Play ပါလကွာ++ ဟု နတ်မျက်စိက သူ၏ ဒေဝသင်္ဂဟ ဘော်ဒါတွေကြားမှာ ကြွားလုံးထုတ် တတ်၏။

“ဒါဖြင့်ရင်… အခုချိန်မှာ ဒီကနေ့ ကမ္ဘာပေါ်မှာ စိုးရိမ်စရာ အကောင်းဆုံး ခေါင်းဆောင်တစ် ယောက်ဖြစ်တဲ့ မြောက်ကိုရီးယားက အာဏာရှင် ကင်ဂျုံအန် ဘာများ လုပ်နေသလဲ ဆိုတာသိရအောင် တစ်ဆိတ်လောက် လှမ်းကြည့်လိုက် စမ်းပါ” ဟု နတ်တစ်ပါးက တောင်း ဆိုသောအခါ နတ်မျက်စိက…

” ဟာ… မျက်စိအညောင်း ခံပြီး ကြည့်မနေတော့ပါဘူး။ ဒီငနဲ လေးက ဟစ်တလာဝင်စားသလိုလို ဘာလိုလိုနဲ့ ချိုထောင်နေတဲ့ ဖက်တီး ကလေးပါ။ သူခြေလှမ်း မှားရင်တော့ ဟစ်တလာလို ဇာတ်သိမ်းမလှ ဖြစ်ရ ဦးမှာပဲ” ဟု ခန့်ခန့်ကြီး မိန့်ကြား လိုက်၏။
“ကင်ဂျုံအန်က ဘယ်လို ခြေ လှမ်း မှားမှာလဲ” ဟု အခြားနတ် တစ်ပါးက လျှာရှည်တော်မူပြန်သည်။

ထိုအခါ နတ်မျက်စိက ” အမေး အမြန်း ထူရန်ကော” ဟူသော အကြည့် ဖြင့် မဲ့မဲ့ရွဲ့ရွဲ့ စောင်းကန်းကန်းကြည့် ကာ…
“မရောင်ရာ ဆီမလူးချင်စမ်း ပါနဲ့ ရောင်းရင်းနတ်ရယ် ၊ မြောက် ကိုရီးယားဆိုသဟာ ကိုးကွယ်ရာ ဘာသာတရားမရှိတဲ့ မိစ္ဆာဒိဋ္ဌိ ကွန်မြူနစ်နိုင်ငံပါ။ မိစ္ဆာဒိဌိဆိုသဟာ ဟောပြောကယ်ချွတ်လို့ မရနိုင်ပေ ဘူး။ အကျွန်တို့က ဟောသည့် မြေ ကမ္ဘာဘုံဌာနမှာ အကောင်းဆုံး ဘာသာတရားကို ကိုးကွယ် ဆည်း ကပ်နေတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ဝင် အများစု မှီတင်းနေ ထိုင်ကြရာ ပြည်တောင်စု မြန်မာနိုင်ငံဆိုတဲ့ ဆို ဆိုက်တှီသခငနအပ ကိုပဲ အလေးထား ကြည့်ရလိမ့်မယ်ဗျ” ဟု မိန့်ကြားလိုက် သည်။

“ဟုတ်ပကိုယ်တော်။ ဟုတ်ပ။ဟုတ်ပ။ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကား စည်ပင်နေတယ်။ သူတော်စင် သူ တော်မြတ်၊ ထွက်ရပ်ပေါက် ပုဂ္ဂိုလ် ထူးတွေလည်း ရှေးခေတ် ပုဂံပြည် ကတည်းက ပေါ်ထွန်းနေခဲ့တာ မဟုတ်ပေဘူးလား။ သို့ပေမယ့်… အကျွန်ုပ် စဉ်စားလို့ မရတာက မြန်မာနိုင်ငံသူ၊ နိုင်ငံသား အများ စုဟာ ကိုးကွယ်စည်းကပ်မှု မှန်ကန် ပါလျက်ကယ်နဲ့ ဘာကြောင့် ဖွတ် ကျားပြာစု ဖြစ်နေရသလဲ ဆိုတာပဲ”သင်္ဂဟနတ်ဘော်ဒါက စကား ကို ကြားသော် နတ်မျက်စိသည် မျက် မှောင်ကြုတ်လိုက်ပြန်လေသည်။

” မှတ်ထား ရောင်းရင်း။ စကား ပုံရှိတယ်။ (ကုသိုလ်ကံပေး မရသေး။ နှောင့်တွေးဗျာပါ မရှိရာ) တဲ့ဗျ။ ကုသိုလ်ကံ မပေးသေးဘူး။ အချိန်မ ကျသေးဘူး။ အချိန်မတန် သေးဘူး လေ…။

“လွတ်လပ်ရေး ရတာပဲ နှစ် ပေါင်း ၇ဝ ရှိနေပြီ။ ခုထက်ထိ ကုသိုလ်ကံက မပေါ်သေးဘူးလား။ ကံမထ ကံမ မသေးဘူးလား။ တို့ဗမာ မဟာသာကီမျိုးပေမို့ မညှိုးဂုဏ် တေဇာ ဆိုတဲ့ ရွှေမြန်မာနိုင်ငံကလေး ကြွေးပင်လယ် ဝေနေတာကိုကော သတိထား မိရဲ့လား ရောင်းရင်းရဲ့။ အဲသဟာ ဘာကြောင့်တုန်း။ သံယံ ဇာတ ကျိန်စာသင့်နေလို့လား။ လူ တွေလက်ကြော မတင်းကြလို့လား။ …။ အင်အားကြီးနိုင်ငံတွေက မြန်မာ့စီးပွား ကမ္ဘာလွှမ်းသွားမှာစိုးလို့ ဥာဏ်နီဥာဏ်နက်တွေနဲ့ ပိတ်ဆို့ ထားကြလို့လား”

နတ်မျက်စိသည် စိတ်လိုက် မာန်ပါ မေးခွန်းတွေ ထုတ်နေသည်။ သင်္ဂဟနတ် ရောင်းရင်းကို ပခုံးပုတ် ၍ နှစ်သိမ့်လိုက်ပြန်သည်။

“ကရုဏာဒေါသတွေ ဖြစ်မ နေပါနဲ့ ရောင်းရင်း။ မြန်မာ့ သတ္တိ ဟာ မခေပါဘူး။ မျက်နှာဖြူ နယ်ချဲ့ ကိုလည်း ကန်ထုတ်ပစ်ခဲ့တာပဲ။ ရွှေမြန်မာများဟာ သတ္တိရှိ ရုံတင် မကဘူး။ သူများက သေးသေး တင် ရင် ကိုယ်က ဝစ္စပေါက်လိုက်ရမှ ကျေနပ်တဲ့ လူမျိုးပါဗျ။ မခံချင်စိတ် ပြင်းထန်ပြီး အလွန်မာနကြီးတဲ့ လူမျိုးပါ…”

” အကျွန်ုပ်တို့ မယုံပေါင်လ ဗျာ..” ဟု သင်္ဂဟရောင်းရင်းနတ်က ပြောင်ချော်ချော် မျက်နှာလေးဖြင့် ပြောလိုက်ရာ နတ်မျက်စိသည် မခံ မရပ်နိုင်အောင် စိတ်တိုသွားပြီး ရောင်းရင်းနတ်၏ နတ်ဝတ်တန်ဆာ ဒွါဒရာ အချွန်အတက်တွေကို ဆောင့် ဆွဲလိုက်၏။

” မြန်မာတွေမှာ မခံချင်စိတ် ဘယ်လောက်ပြင်းထန် ကြီးမားသလဲ ဆိုတာ လက်တွေ့ပြမယ်လာ… လိုက်ခဲ့..”
သင်္ဂဟရောင်းရင်းနတ်မှာ နတ် မျက်စိဆွဲခေါ်ရာသို့ ကန့်လန့် ကန့် လန့်ဖြင့် လိုက်ပါသွားရရှာလေ၏။ နတ်မျက်စိက တိုက်တာ အိမ်ရာသစ် များ၊ ဆောက်လုပ်နေရာ ရှုခင်း တစ် ခုဆီသို့ လက်ညှိုးညွှန်ပြ သည်။

“ဟိုမယ်ကြည့်…မြင်လား။ တိုက်အိမ် အမြင့်ချင်းတူတာတောင် သူများခေါင်မိုးထက် မြင့်ချင်တော့ ကိုယ့်ခေါင်မိုးပေါ်မှာ ရေကူးကန်တွေ၊ ပန်းဥယျာဉ်အသေးစားကလေးတွေ ထပ်မြှင့်လိုက်တယ်။ ဟိုအိမ်ဆိုရင် (ငါကပိုမြင့်တယ်ကွ) ဆိုတဲ့ အဓိပ္ပာယ် နှင့် ခေါင်မိုးပေါ်မှာ ဆက်သွယ်ရေး တာဝါတိုင် သေးသေးကလေး လုပ် ထားတာ တွေ့သလား…”

“ဂုဏ်တုဂုဏ်ပြိုင်ဆိုတာ လူ့ သဘာဝမဟုတ်လား”
“မြန်မာအချင်းချင်းပြိုင်လို့ အကျိုးမရှိပါဘူး။ လူမျိုးခြားတွေကို ပြိုင်ရမယ်ဗျ။ အိမ်နီးချင်း နိုင်ငံတွေ ကို ပြိုင်ရမယ်ဗျ။ ဟိုး… ဥရောပနဲ့ အမေရိကကို လှမ်းပြိုင်ရမယ်ဗျ”

နတ်မျက်စိမှာ စကားပြောရင်းမှ အမျိုးမာန် ဇာတိမာန် စိတ်ဓာတ်များ တဖွားဖွား ထြ<ွကလာသဖြင့်၊ မိမိ ဘာ သာ မိမိ ==ဘရိတ်++ အုပ်ကာ စိတ် လျှော့လိုက်ရလေ၏။

“အင်း…အနိုင်ယူလိုသူကို အရှုံးပေး၊ နှလုံးအေးတဲ့ဆေးပါ ရောင်းရင်းရယ်” ဟု စိတ်လျှော့စကား ပြောလာသူ နတ်မျက်စိကို သင်္ဂဟ ရောင်းရင်းနတ်က ဘဝင်ကျပုံ မရပေ။

” ရောင်းရင်းနတ်မျက်စိ စော စောကပြောတော့ မြန်မာတွေဟာ သူတစ်ပါးက သေးသေးတင်ရင် ကိုယ် က ဝစ္စပေါက်လိုက်ရမှ ကြိုက်သဆို ..”

“အဲသဟာကတော့ အမှန်ပဲ။ မြန်မာတွေမှာ ရင်ဆိုင်ယှဉ်ပြိုင်လို ဇောကြီးတယ်။Fighting Spirit  ဆိုပါတော့။ သမိုင်းအစကတည်းက ဖိုက်နေကြတာ။ ဒီကနေ့ အထိပဲ။ ဟော ဟိုမှာပဲကြည့် ဟိုလမ်းပေါ်ကို ကြည့်”နတ်မျက်စိက အမောတကော ညွှန်ပြရာသို့ သင်္ဂဟရောင်းရင်းနတ် သည် မျက်ကလူးဆန်ပျာ လှမ်းကြည့် သည်။

ကားသွားကားလာ အတန်ငယ် ရှင်းသော အမှတ် ၂ လမ်းမကြီးပေါ် တွင် ဘတ်စ်ကားကြီး တစ်စီး အရှိန် မြှင့်၍ ပြေးလွှားနေသည်။ ထိုကား နောက်မှ အခြားဘတ်စ်ကား တစ်စီး ကလည်း ရှေ့ကကားကို ကျော်တက် ရန် သတ်မှတ်မိုင်နှုန်းထက် ပိုပြီး စွတ်မောင်းနေသည်။

” တကယ့် ဖိုက်တာတွေကွ၊ ဒီငနဲတွေကို ပြင်သစ်က ကမ္ဘာကျော် Grand Prix ကားမောင်းပြိုင်ပွဲ လွှတ်ရမလားဟေ့… ဟားဟား ဟီးဟီး”

နတ်မျက်စိက လက်ခုပ်လက်ဝါး တီးပြီး အော်ဟစ်နေသည်။ ထို အခိုက်မှာပင် နောက်ကလိုက်သော ကားသည် ရှေ့ကကားကို ကျော်တက် လိုက်သည်။

“အလိုလေး… သူ့ရှေ့မှာ ဟိုဘက်က လာတဲ့ ဘတ်စ်ကား ဝါဝါ ကြီးတစ်စီးဗျ။ အိုး ကယ်တော်မူကြ ပါဦး”
အရာရာကို ကြည့်ဝံ့မြင်ရဲ့သော နတ်မျက်စိမှာ ယခုအခါမှာတော့ သွေးရဲသံရဲ အနိဋ္ဌာရုံ ရှုခင်းကို မကြည့်ဝံ့ မမြင်ရက်တော့သလို မျက်စိစုံလုံး မှိတ်ချလိုက် ရပါတော့ သတည်း။

ကြူးနှစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071