Friday, December 5, 2025

အဖွင့်ပွဲစဉ်မှာပင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့ပြီဖြစ်သည့် မြန်မာလက်ရွေးစင်...

ယနေ့ ညနေ (၃)နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားခဲ့ကြသည့် မြန်မာ-ဖိလစ်ပိုင်အမျိုးသမီးအသင်း ပွဲစဥ်တွင် ပွဲပြီးဆုံးချိန်၌...

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...
HomeArticlesနတ္မ်က္စိ၏မွတ္စုမ်ား -၁၀

နတ္မ်က္စိ၏မွတ္စုမ်ား -၁၀

natt

 

နတ်မျက်စိသည် စိတ်နှလုံး ကြည်နူးဖွယ် ဣဋ္ဌာရုံအလှ အပ ရှုကွက်ရှုကွင်း၊ ဖြစ်ခြင်းဇာတ် လမ်း ပျော်ခန်း၊ ရွှင်ခန်းတွေကိုသာ ကြည့်လို၊ မြင်လို၏။ စိတ်နှလုံး ညစ်ညူးဖွယ် အနိဋ္ဌာရုံ၊ အကျည်းတန် ဖြစ်ပုံပျက်ပုံ ဘဝဇာတ်လမ်း၊ ဇာတ်စုံတွေ ကို မကြည့်လို့၊ မမြင်လို၊ မကြုံ လို၊ မဆုံလိုပေ။

“အို… လောကဆိုတာ ဣဋ္ဌာရုံနဲ့ အနိဋ္ဌာရုံ တွဲဖက်ပေါင်းစပ် ထားတာ မဟုတ်လား။ ဒုစရိုက်ရှိ သလို၊ သုစရိုက်လည်းရှိ ပေလိမ့် မပေါ့။ ကုသိုလ်ကောင်း မှုရှိ သလို၊ အကုသိုလ်မကောင်း မှုလည်း ရှိပေလိမ့်မပေါ့။ လူ ဆိုးလူမိုက်ရှိသလို၊ လူရိုး၊ လူ ကောင်းလည်း ရှိပေလိမ့်မပေါ့။ တရားတော်လာအတိုင်း လူဆိုးတွေ က ဒုဂ္ဂတိဘုံကို ဇောက်ထိုးဆင်းကြ။ လူကောင်းတွေက သုဂတိဘုံဆီကို မြင့်တက်သွားကြပေါ့”ဟု နတ်မျက်စိ က တွေးခေါ်စဉ်းစားရာမှ ကောက် ချက်ဆွဲလိုက်၏။

သူသည်တာဝန်အရ လူ့ဘုံ လောကမြေကမ္ဘာကို ဒိဗ္ဗစက္ခုဖြင့် ဖြန့်ကြက်ကြည့်ရှုရာ လူတို့နေရာ မြေကမ္ဘာသည် စိတ်ပျော်စရာထက်၊ စိတ်ညစ်စရာက အဆပေါင်းများစွာ ပိုမိုလျက်၊ အုံးကျွက်ဆူလှိုက် တိုက်ပွဲ အမျိုးမျိုးဖြင့် ရုပ်ဆိုး အကျည်းတန် ပွက်ပွက်ညံနေသည်ကိုသာ တွေ့ နေရသည်။

“တောမှီတဲ့ ယောဂီရသေ့တွေ သီတင်းသုံးနေကြတဲ့ နေရာအနည်း ငယ်ကလွဲလို့ ပုထုဇဉ်လူသားတွေ စုဝေးနေတဲ့ အရပ်ဒေသတိုင်းမှာ ပြဿနာပေါင်း သောင်းခြောက် ထောင်နဲ့ ဆူပွက်နေပါရော့လား”

နတ်မျက်စိသည် ခြူသံပါရုံ သာမက ခေါင်းလောင်းသံပါ ထွက် လာအောင် ညည်းလိုက်သည်။

“ကြည့်စမ်း …ကြည့်စမ်း အရှေ့အလယ်ပိုင်းဒေသမှာ နေ့စဉ်နဲ့ အမျှ တိုက်ကြ၊ ခိုက်ကြ၊ သတ်ကြ၊ ဖြတ်ကြနဲ့ တော်ကြာလေယာဉ်ပျံတွေ နဲ့ ဗုံးကြဲကြပြန်ပြီ။ တော်ကြာ လောင် ချာတွေနဲ့ တစ်ရွှီးရွှီးပစ်ကြပြန်ပြီ။ တော်ကြာ တင့်ကားက အမြောက် ကြီးတွေနဲ့ တဒိန်းဒိန်း ပစ်ခတ် ဖောက်ခွဲနေကြပြန်ပြီ။ အံမယ်လေး လာ..လာသေးဗျာ.. အသေခံဗုံးခွဲ သမားတဲ့။ အရူးတကာ့ အရူး၊ အနှမ်း တကာ့ အနှမ်းတွေပါကလားကွယ် တို့ရဲ့”ဟုလည်း နတ်မျက်စိက ရင် ဘတ်စည်တီး ငိုကြီးချက်မ ဖြစ်မတတ် နတ်သံနှောနေ ပြန်လေသည်။

နတ်မျက်စိသည် အာရှတိုက် အရှေ့မြောက်အစွန်ပိုင်းသို့ လှမ်း ကြည့်ရင်း “အိမ်း… ကိုရီးယား တွေကလည်း ဇာတ်တူသားစားကြ လို့ တောင်မြောက်နှစ်ပိုင်းကွဲခဲ့ရတဲ့ သမိုင်းသင်ခန်းစာကို နှလုံးမသွင်း နိုင်ကြဘဲ ဓားတွေ၊ လှံတွေပြင်နေကြ ပြန်ပြီ။ တယ်လည်း မိုက်လုံးကြီး ကြသကိုး။ ဟိုမြောက်ပိုင်းက ဝဝ တုတ်တုတ်ဖိုးဝရုပ်နဲ့တူတဲ့ ခေါင်း ဆောင်ငနဲကလေးကလည်း အနုမြူ လက်နက်ပိုင်တယ်ဆိုပြီး မြောက် ကြွ မြောက်ကြွနဲ့ပါကလား။ ဒင်း(သင်း) ထက် အဆတစ်ရာပိုပြီး မြောက်ကြွ မြောက်ကြွလုပ်ခဲ့တဲ့ ဟစ်တလာ ဘာ ဖြစ်သွားသလဲဆိုတာ မသိရှာဘူး တူ ပါရဲ့။ ကျွတ် ..ကျွတ်..ကျွတ်” ဟူ ၍ စုတ်တသတ်သတ်ဖြစ်မိလောက် အောင် အပူလုံးကြွ၍ ယူကြုံးမရ ခံစားနေပြန်တော့၏။

နတ်မျက်စိသည် စိတ်ဘဝင် နွမ်းလျလျ၊ ပန်းလျလျနှင့်ပင် ထေရ ဝါဒဗုဒ္ဓဘာသာ သူတော်စင်အများ အပြား နေထိုင်ကြရာ ပြည်မြန်မာ ဘက်သို့ တစ်ချက်ငဲ့စောင်းကြည့်လိုက် သည်။ နတ်မျက်စိ၏မြင်ကွင်းသည် ပြည်မြန်မာ၏ အရှေ့တောင်အရပ်၊ နယ်စပ်တံခါးဝဆီသို့ ရောက်သွား သည်။

“အလို နည်းနည်းနောနော လူ အုပ်ကြီးမဟုတ်ပါကလား။ အရွယ် ကောင်းရွှေမြန်မာလူရွယ်၊ မိန်းမရွယ် တွေချည်းပါကလား။ မျက်နှာတွေက လည်း မသာမယာနဲ့။ ဆီးရီးယားက စစ်ပြေး ဒုက္ခသည်တွေကျနေတာပဲ။ တချို့ဆို မျက်နှာညှိုးရုံမကဘူး၊ အတွင်း ကြိတ်ပူဆွေးပြီး ငိုမဲ့မဲ့တွေဖြစ်လို့”

ကရုဏာရှင်ဖြစ်သော နတ်မျက် စိသည် ပြည်တော်ပြန်ရွှေ့ပြောင်း လုပ်သားလူအုပ်ကြီးအနီးသို့ နတ် တိုက်ဂန္ဓဗ္ဗအသွင်ယူနည်းဖြင့် မယောင်မလည် ရောက်ရှိသွား၏။

“ပြန်ဟေ့ ပြန်ဟေ့ဆိုပြီး အတင်းမောင်းထုတ်တာနဲ့ ပြန်လာရ တာ ထိုင်းအလုပ်ရှင်ဆီမှာ ငါဆပ်ရ မယ့်အလုပ်ြေ<ွကးတွေ ကျန်ခဲ့တယ်။ အခြေအနေ သာသာယာယာရှိလို့ ပြန်သွားရင် သူအလုပ်ကြွေးတွေ ဆပ်ရတော့မှာ။ ကိုယ့်ရပ်ကိုယ့်ရွာ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ အြေ<ွကးတွေ ကလည်း မကျေသေးဘူး။ စိတ်ညစ် လိုက်တာဟယ်”ဟု မိန်းကလေး တစ်ယောက်က မြည်တမ်းနေသည်။

“ငါကတော့ ကြွေးထူမပူ၊ ပွေး ထူမယားဆိုတဲ့စကားပုံအတိုင်း အေးဆေးပဲ။ ကိုယ့်ပြည်ကိုယ့်ရွာ ပြန်ရောက်ရင် အရင်လိုပဲ လယ်ထဲ ပြန်ဆင်းပြီး ထမင်းကြမ်းနဲ့ ငါးပိနဲ့ ဝါးမယ်။ အေးဆေးပဲ”

ပျော်ပျော်ရွှင်ရွှင်၊ ပေါ့ပေါ့ပါး ပါးနေတတ်ပုံရသော အဖော်မိန်းက လေးက ဘာမထီသည့်ဇာနည်ဘွား စတိုင်လ်ဖြင့် ဝင်ပြောသည်။ နတ် မျက်စိမှာ “ကြားထဲက ငထွား ခါး နာ”ဆိုသလို ပေါ့ပေါ့တန်တန် ပြော လိုက်သည့်မိန်းကလေးကို ကြည့်ပြီး ကြက်သီးထမိ၏။

“လောကဓံကို ရင်ဆိုင်ရဲတဲ့ သတ္တိလား။ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဆိုပြီး စိတ်လျှော့ လိုက်တာလား။ မြန်မာမကလေးတွေ ရဲ့ အတွေးအမြင်က ၁၉ရာစုထဲမှာ ပဲ ကျန်ရစ်နေခဲ့လို့လား”ဟူ၍ နတ် မျက်စိတောင်တောင်အီအီ တွေးမိ ပြန်လေသည်။

“လုပ်ရဲရင် ခံရဲရမှာပေါ့ကွာ။ သည်ပုဆိုးဝတ်ရင် သည်အီအီးပဲ ပါရမှာပေါ့ကွာ”ဟု မျက်နှာကြီးနီနေ သော လူငယ်တစ်ယောက်က အော်ပြောနေသည်။

“သယ်ရင်း၊ သယ်ရင်း စကားက ဘာအဓိပ္ပာယ်တုန်း”ဟု သူ့ဘေးက အဖော်ကမေးသည်။

“ဗမာဘက်ကပွဲစား၊ ထိုင်းဘက် က ပွဲစားတွေနဲ့ အကြံအဖန်လုပ်ပြီး ထိုင်းထဲကိုခိုးဝင်တယ်။ ထိုင်းထဲမှာ တရားမဝင်ခိုးပြီး အလုပ်လုပ်တယ်။ တရားမဝင်အလုပ်သမားဆိုတော့ မျက်နှာငယ်ရတယ်။ အဖိနှိပ်ခံရ တယ်။ ထိုင်းပုလိပ်တွေ့ရင် ထိုင်ရှိခိုး နေရတယ်။ ဒါဘာဆန်းသလဲ။ ဒီပုဆိုးဝတ်ရင် ဒီအီအီးပဲပါရမှာပေါ့ သယ်ရင်းရာ”

နတ်မျက်စိခေါင်းနားပန်းကြီး သွားမိ၏။ သေမထူး၊ နေမထူး၊ မထူး ဇာတ်ခင်းတဲ့ စရိုက်ပါကလား။ ပြည် မြန်မာမှာ အဲဂလို မထူးဇာတ်ခင်း ချင်တဲ့ လူငယ်တွေများလာရင် တိုင်းပြည်အတွက် အင်မတန် အန္တရာယ်ကြီးတယ်။ ဘုရား..ဘုရား။
အခြားတစ်နေရာ၌ အဖိုးကြီး တစ်ဦးက လက်သီးလက်မောင်း တန်း၍ ဒေါသူပုန်ထနေသည်ကို နတ်မျက်စိ စိတ်မသက်မသာနှင့် တွေ့ရပြန်လေ၏။

“ဘာတွေလဲလကွ။ ဘာအချိုး ချိုး တာလဲလကွ။ တရားမဝင် ဝင်လာပြီ ဆိုကတည်းက လက်မခံနဲ့ ပေါ့။ အခုတော့ တရားမဝင် ရောက် လာ မှန်းသိလျက်နဲ့ လျှော့ဈေးနဲ့ ခိုင်းလို့ ရမှန်းသိတော့ အသာ ကလေးမှိန်းပြီး ကုပ်သွေးစုပ်တယ်။ ဒင်း(သင်း)တို့ အစိုးရက ဥပဒေ လည်းပြောင်းကရော ခြိမ်းခြောက်ပြီး အတင်းမောင်းထုတ် လာရော။ ခု စာကလေးကြာ်၊ ခု ဆီထမင်းကြော်၊ အတော်ဗလောင်းဗလဲနိုင်တဲ့ အကောင်တွေ။ အလောင်းဘုရား ဦးအောင်ဇေယျရဲ့ ဝါးရင်းတုတ် အကြောင်း မကြားဖူးဘူးမှတ်တယ်။ ဟင်းဟင်းဟင်း”

“စိတ်လျှော့ပါဦးကြီးရယ်။ ကိုယ်တွေက သူတစ်ပါးနိုင်ငံထဲ ခိုး ဝင်၊ ခိုးအလုပ်လုပ်ပြီဆိုကတည်းက တစ်ပန်းရှုံးနေပြီ”ဟု လူရွယ်တစ် ယောက်က ဖျောင်းဖျချော့မော့သည်။ အဘိုးကြီးကမလျှော့။

“မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်တဲ့ကောင်ကွ၊ သခင်ကိုယ် တော်မှိုင်း စာစပ်ဖူးသလို (ထမင်း တစ်လုတ်တော့ဖြင့် ထင်းခုတ်စား မယ်)ဆိုတာ မကြားဖူးကြရော့သ လားကွာ”ဟု အော်ဟစ်နေသော အဘိုးကြီးသည် မလှမ်းမကမ်းမှ တောင်ရိုးကြီးဆီသို့ လှမ်းကြည့်လိုက် ရာ ဘာပင်မှမရှိသော တောင်ကတုံး ကြီးကိုသာ တွေ့ရသဖြင့် ရွှီးခနဲ သက်ပြင်းမှုတ်နေလေတော့သည်။

နတ်မျက်စိမှာလည်း ယောင် ရမ်းပြီး “ထမင်းတစ်လုတ်၊ ထမင်း တစ်လုတ်၊ ထင်းခုတ် ထင်းခုတ်”ဟု ရေရွတ်နေမိပါသတည်း။

ကြူးနှစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071