နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် SSPP တို့ ၃ ရက်တာညှိနှိုင်းဆွေးနွေးချက်များအား အတည်ပြုလက်မှတ်ရေးထိုး
နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ဒု-ဥက္ကဋ္ဌ(၁) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ သြဂုတ် ၆ ရက်က ဒုတိယနေ့အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီများအစုအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်လိုသည့် အချက်များနှင့်ပတ်သက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ သဘောထားများအား ညှိနှိုင်းရေးကော်မတီဝင် ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ရှင်းလင်းဆွေးနွေးသည်။
အလားတူ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် SSPP တို့က နှစ်ဖက်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးပြီးနောက် ၃ ရက်တာဆွေး နွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်း ဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်ရှမ်းပြည်တိုး တက်ရေးပါတီ(SSPP)ဒု-ဥက္ကဋ္ဌ(၂)စဝ်ခွန်ဆိုင်တို့က နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ကြသည်။
ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊အ မျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ငြိမ်း ချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ် ချုပ်ကြီးရာပြည့်နှင့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး မင်းနောင်တို့တက်ရောက်ခဲ့ကြသည်။
အလားတူ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒု-ဥက္ကဋ္ဌ(၁)စဝ်ခေးတိုင်းနှင့်အတူ ဒု-ဥက္ကဋ္ဌ(၂)စဝ်ခွန်ဆိုင်နှင့် ဗဟိုကော်မတီဝင် စဝ်နော်လိတ်တို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။