Sunday, January 25, 2026

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeNewsLocal Newsနစက ဥက္ကဋ္ဌ၏ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအားဆွေးနွေးရန်...

နစက ဥက္ကဋ္ဌ၏ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအားဆွေးနွေးရန် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဖြစ်သည့် KNU/KNLA-PC နှင့် DKBA အဖွဲ့မှကိုယ်စားလှယ်အဖွဲ့များရောက်ရှိလာ

နစက ဥက္ကဋ္ဌ၏ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအားဆွေးနွေးရန် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဖြစ်သည့် KNU/KNLA-PC နှင့် DKBA အဖွဲ့မှကိုယ်စားလှယ်အဖွဲ့များရောက်ရှိလာ

နစက ဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအားဆွေးနွေးရန် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)ဒု-ဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး ဦးဆောင်သည့် ကိုယ်စားလှယ်အ ဖွဲ့နှင့်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)စစ်ဦးစီးချုပ် စောစတီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် ကရင်ပြည်နယ်၊ဘားအံမြို့မှ နေပြည်တော်သို့ မွန်းလွဲပိုင်းကရောက်ရှိလာခဲ့သည်။

ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များအား အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများ၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသား၊တိုင်းရင်းသူ များ၊ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများက ကြိုဆိုခဲ့ကြသည်။

နစက ဥက္ကဋ္ဌ၊ နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့နှင့် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)အဖွဲ့သည် ပထမအကြိမ်အဖြစ် မေ ၂၆ ရက်မှ ၂၈ ရက်အထိတွေ့ဆုံဆွေးနွေးခဲ့ကြပြီးဖြစ်သည်။

အလားတူ ဒီမိုကရေစီအကျိုးပြုကရင်တပ်မ တော်(DKBA)အဖွဲ့သည်လည်း ဇွန် ၁၉ ရက်မှ ၂၁ ရက်အထိ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးဖြစ်သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပါတီစုံဒီမိုကရေစီစ နစ်ခိုင်မာရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအ ခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ပြည် ထောင်စုငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့အား ဆက်လက်ကြိုးပမ်းကြရန် သဘောတူညီခဲ့ကြသည်။ 

ယခု ဒုတိယအကြိမ်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေးလို လားချက်နှင့်အနာဂတ်လုပ်ငန်းစဉ်များကိုဆွေး နွေးညှိနှိုင်းရန် လမ်းဖွင့်ထားပြီး ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည့် ကျန်တိုင်းရင်းသားကိုယ် စားလှယ်အဖွဲ့များလည်း ထပ်မံလာရောက်တွေ့ဆုံဆွေးနွေးရန်ရှိကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မလာရောက်သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း မည်သည့်အခြေ အနေမျိုးတွင်မဆို ကြိုတင်ကန့်သတ်ချက်မထားဘဲ လာရောက်ဆွေးနွေးရန် နစက ကဖိတ်ခေါ်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီ (၂၅) ရက် ၊ နံနက် (၇)နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်ပေါ်ပါ ခရီးသည် (၂၂)ဦးအနက် အဆိုပါ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ခြင်းဖြစ် သည်။ ဒဏ်ရာရသူ အမျိုးသမီးအား စေတနာမွန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071