စစ်တွေမြို့၊ နန္ဒာရာမ ပရိယတ္တိစာသင်တိုက်သို့ဦးစွာသွားရောက်၍ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ နန္ဒသီရိအား ဖူးမြော်ကြည်ညိုကာ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေနှင့်သာသနာရေးဆိုင်ရာများကိုလျှောက်ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် လောကာနန္ဒာစေတီတော်မြတ်ကြီးနှင့် စကြာမုနိသိမ်တော်မြတ်ကြီးတို့သို့သွားရောက် ဖူးမြော်ကြည်ညိုကာ ဘက်စုံအလှူငွေများလှူဒါန်းခဲ့သည်။






