Wednesday, April 23, 2025

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးထပ်လှုပ်မည်ဟု...

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးမားစွာလှုပ်မည်ဟု TikTok အကောင့်မှတစ်ဆင့် သတင်းမှ-ားလွှင့်ခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဧပြီ ၂၂ ရက်နံနက် ၁၀...

ငလျင်ဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်အစိုးရမှ အစားအစာနှင့်...

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံအစိုးရမှ အစားအစာနှင့် ဆေးဝါပစ္စည်းများကို ယနေ့ ဧပြီ ၂၃ ရက်က ဟနွိုင်းမြို့ရှိ မြန်မာသံရုံးသို့လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ...

ရုရှား၌လက်နက်ရုံပေါက်ကွဲ၊လူ ၄၅၀ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

မော်စကို၊ဧပြီ ၂၃ ရုရှားနိုင်ငံ ဗလာဒီမာအိုဘလက်စ်နယ်မြေ Kirzhach ခရိုင်ရှိ စစ်လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူပေါင်း ၄၅၀ ခန့်ကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။ အင်္ဂါနေ့အစောပိုင်းကဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုတွင် လူလေးဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့်...

တရုတ်မှ Kuaishou ကစွမ်းအားအကြီးဆုံး AI...

တရုတ်ဗီဒီယိုကုမ္ပဏီ Kuaishou Technology သည် ၎င်း၏ ဉာဏ်ရည်တု မမိုဒယ်၏ အဆင့်မြှင့်ဗားရှင်းဖြင့် ဗီဒီယိုထုတ်လုပ်ထားသည့် Kling ဗီဒီယိုကို အင်္ဂါနေ့တွင် ထုတ်ပြခဲ့ပြီး...
HomeNewsLocal Newsနစက ဥက္ကဋ္ဌနှင့် ဗိုလ်ချုပ်ကြီး...

နစက ဥက္ကဋ္ဌနှင့် ဗိုလ်ချုပ်ကြီး ရွက်ဆစ်ဦးဆောင်သည့် RCSS အဖွဲ့ နေပြည်တော်တွင် (၃) ကြိမ်မြောက် တွေ့ဆုံရန်ရှိနေ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် နစက၏ ငြိ မ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့် သျှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီတို့အကြား (၃) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ရှိကြောင်း သိရသည်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချ မ်းရေး ဖိတ်ခေါ်မှုဖြင့် နစက နှင့် RCSSတို့အကြား ငြိမ်း ချမ်းရေးကိစ္စရပ်များ ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး အပါအဝင် လက်ရှိ နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍ ဆွေး နွေးမှုများ လုပ်ဆောင်လျက်ရှိရာ မကြာမီ ရက်အတွင်း နေပြည်တော်၌ တတိယအကြိမ် တွေ့ဆုံရန် အစီအစဉ်ရှိနေခြင်းလည်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ နှစ်ဖက်အဖွဲ့အစည်းများက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း RCSS နှင့် နီးစပ်သူအချို့က တွေ့ဆုံရန်ရှိကြောင်း ပြောဆိုမှုများ ရှိသည်။

ယခုအကြိမ်တွေ့ဆုံမှုတွင် ငြိမ်းချမ်းရေး ကိစ္စရပ်များ အ ပြင် လက်ရှိနိုင်ရေးအကျပ်အတည်း ဖြေရှင်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးတို့ ကိစ္စရပ်များလ ည်း ထည့်သွင်း ဆွေးနွေးရန် အလားအလာရှိနေကြောင်း RCSS နှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့က ပြောဆိုမှုများ ရှိနေသည်။

RCSS သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက နစက ဥ က္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ဗိုလ်ချု ပ်ကြီး ရာပြည့် ဦးဆောင်သည့် နစက၏ ငြိမ်းချမ်းရေး တ ည်ဆောက်ရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုများ (၂) ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ပြီး ရလဒ်ကောင်းများ ထွက်ပေါ်ခဲ့ကြောင်းလည်း ပြောဆိုထားသည်။

ယခုတကြိမ် တွေ့ဆုံမှုတွင် RCSS ကိုယ်စားလှယ်အဖွဲ့အ နေဖြင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဗိုလ်မှူးကြီး ဆောင်းဟန်၊ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေး၊ ဗဟိုဦးဆောင်ကော်မတီဝင်များ ဖြစ်သည့် ဗိုလ်မှူး နန်းမိုးမိုးစော၊ ဗိုလ် မှူးနန်းစံဖောင်းတို့နှင့် အထောက်အကူပြုများ ပါဝင်လာမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်လျက်ရှိပြီး ပေါ်ပြူ လာနယူး(စ်) အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နစကနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်နေသည့် အဖွဲ့ (၁၀) ဖွဲ့ရှိနေပြီး ယင်းအဖွဲ့များထဲတွင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA လည်း ပါဝင်နေသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးထပ်လှုပ်မည်ဟု TikTok တွင်သတင်းမှ-ားလွှင့်ခဲ့သူ ဂျွန်မိုးသဲကိုဖမ်းဆီး

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးမားစွာလှုပ်မည်ဟု TikTok အကောင့်မှတစ်ဆင့် သတင်းမှ-ားလွှင့်ခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဧပြီ ၂၂ ရက်နံနက် ၁၀ နာရီက မုံရွာမြို့တွင် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဂျွန်မိုးသဲသည် အများပြည်သူအထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ မဟုတ်မမှန်ရေးသားဖော်ပြခဲ့သည်ကို ဖော်ထုတ်သိရှိခဲ့ရသဖြင့် ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မုံရွာမြို့၌ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် အကြိမ်(၂၀)ခန့်လိုက်ပါဆောင်ရွက်ခဲ့သဖြင့် မုံရွာနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က...

ငလျင်ဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်အစိုးရမှ အစားအစာနှင့် ဆေးဝါးများလှူဒါန်း

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံအစိုးရမှ အစားအစာနှင့် ဆေးဝါပစ္စည်းများကို ယနေ့ ဧပြီ ၂၃ ရက်က ဟနွိုင်းမြို့ရှိ မြန်မာသံရုံးသို့လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အစားအစာနှင့်ဆေးဝါးပစ္စည်းများအား ဗီယက်နမ်နိုင်ငံဆိုင်ရာ ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Juan Carlos Fernandes Juarez ကပေးအပ်လှူဒါန်းရာ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးစိုးကိုကိုမှလက်ခံရယူ၍ ကျေးဇူးတင်မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့ပြင် ဒါကာမြို့ရှိ Parbatya Bhikkhu Sangha Bangladesh (PBSB)နှင့် စေတနာရှင်များစုပေါင်း၍ မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် တာကာ(၁၄၀၀၀၀၀)ကို...

ရုရှား၌လက်နက်ရုံပေါက်ကွဲ၊လူ ၄၅၀ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

မော်စကို၊ဧပြီ ၂၃ ရုရှားနိုင်ငံ ဗလာဒီမာအိုဘလက်စ်နယ်မြေ Kirzhach ခရိုင်ရှိ စစ်လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူပေါင်း ၄၅၀ ခန့်ကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။ အင်္ဂါနေ့အစောပိုင်းကဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုတွင် လူလေးဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် ခရိုင်အတွင်း အရေးပေါ်အခြေအနေ ကြေငြာထားရကြောင်း အုပ်ချုပ်ရေးမှူး၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အရေးပေါ်ရွှေ့ပြောင်းရသူများထဲတွင် ရုရှားတပ်ဖွဲ့တစ်ဖွဲ့မှ တပ်သားများ၊ရွာ ၇ ရွာနှင့် နွေရာသီအပန်းဖြအိမ် ၁၂ လုံးမှပြည်သူများပါဝင်သည်ဟုသိရသည်။ အရေးပေါ်ရွှေ့ပြောင်းရသူများကို လိုအပ်သည့်အရာအားလုံးကိုထောက်ပံ့ပေးထားပြီး အများစုသည် ယာယီစခန်းများ၌နေနေကြသော်လည်း အချို့ကမူ ဆွေမျိုးများထံသွားနေနေကြသည်ဟုလည်း အာဏာပိုင်များကဆိုသည်။ ‌ပေါက်ကွဲမှုဖြစ်ပွားရခြင်းမှာ လက်နက်သိုလှောင်ရုံ၌ မီးလောင်ခြင်းကြောင့်ဖြစ်ပြီး အဓိကအားဖြင့် ပေါက်ကွဲစေသောပစ္စည်းများနှင့်လုပ်ကိုင်နေစဉ်အတွင်း လုံခြုံရေးစီမံချက်များပေါ့လျော့ခြင်းကြောင့်လည်းပါသည်ဟုဆိုသည်။ Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071