Saturday, May 24, 2025

ထိုင်းကာကွယ်‌ရေးစီးချုပ်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး တွေ့ဆုံ

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Dong Jun သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Songwit Noonpackdee နှင့် သောကြာနေ့က ပေကျင်းတွင် တွေ့ဆုံခဲ့သည်။ ယင်းသို့...

ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အား...

မေလ (၂၅) ရက်၊ နံနက် (၁၀) နာရီမှ နေ့လည် (၂) နာရီအတွင်း ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အားယာယီပြ-တ်တောက်မည်ဖြစ်ကြောင်း...

ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak...

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပရန် တစ်ရက်အလိုတွင် ရိုးရာဖိုက်တာ ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် နောက်ထပ် ထိုင်းဖိုက်တာတစ်ဦးဖြစ်သူ ဖာမီချိုင်းနှင့်...

ဧပြီလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန် ၂၀၀...

၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်စဖြစ်သည့် ဧပြီလအတွင်းပြည်ပသို့ ပျားရည် မက်ထရစ်တန် (၂၀၀) ကျော်တင်ပို့ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာနမှ သိရသည်။ ယခုဘဏ္ဍာနှစ်စ ဧပြီလအတွင်း...
HomeNewsLocal Newsနစက ဥက္ကဋ္ဌထံ ရုရှားနိုင်ငံ၊သမ္မတ...

နစက ဥက္ကဋ္ဌထံ ရုရှားနိုင်ငံ၊သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ဝမ်း‌မြောက်ကြောင်း သဝဏ်လွှာပေးပို့

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှားနိုင်ငံ၊သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က ဇန်နဝါရီ ၄ ရက်(ယနေ့)တွင်ကျရောက်သည့် မြန်မာနိုင်ငံ၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကိုစည်းနှောင်းထားသည့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ၂၀၂၂ ခုနှစ်၊စက်တင်ဘာလအတွင်း ဗလာဒီဗော့စတော့မြို့၌ မိမိတို့၏နှစ်ဖက်တွေ့ဆုံမှုက အပြည့်အဝခိုင်မာစေခဲ့ပါသည်ဟု သဝဏ်လွှာ၌ ရေးသားထားသည်။

နှစ်နိုင်ငံကြားရရှိထားပြီးဖြစ်သည့် သဘောတူညီချက်များသည် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့်ဒေသတွင်းတည်ငြိမ်မှုနှင့်လုံခြုံမှုတိုးမြှင့်စေရေးတို့အတွက် နယ်ပယ်စုံရှိ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်ရန် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်ဟု သဝဏ်လွှာ၌ ရေးသားထားသည်။

ထို့ပြင် အဆွေတော်ကျန်းမာ၍ အောင်မြင်မှုများရရှိပါစေကြောင်းနှင့်မြန်မာပြည်သူများ ငြိမ်းချမ်း သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ဟုလည်း ရေးသားထား သည်။

ရာရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်နည်းတူ ရုရှားနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ မီခေးလ် မီရှုစတင်မှလည်း နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံ၏ (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။

အဆိုပါ သဝဏ်လွှာ၌ မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံကို ချစ်ကြည်ရင်းနှီးသည့် မိတ်ဖက်ဆက်ဆံရေးဖြင့် စည်းနှောင်ထားကာ နှစ်နိုင်ငံအစိုးရများကြား တက်ကြွသည့် ပူးတွဲဆောင်ရွက်မှုများသည် ကုန်သွယ်ရေး၊စီးပွားရေး၊သိပ္ပံနှင့်နည်းပညာနှင့်လူ သားချင်းစာနာမှုဆိုင်ရာနယ်ပယ်များရှိ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး အလားအလာရှိသောစီမံကိန်းများ တိုးမြှင့်စေရန် အခြေအနေကောင်းများကို ဖြစ်ထွန်းရရှိမည်ဟု ယုံကြည်ပါသည်ဟု ရေးသားထားသည်။

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံသို့ ရုရှားနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လဗ် ရော့ဗ် မှ ၂၀၂၂ ခုနှစ်၊ဩဂုတ်လတွင် နေပြည်တော်၌ မိမိတို့၏ ဆွေးနွေးမှုများအတွင်း ရရှိခဲ့သည့် သဘောတူညီချက်များအောက်မှ ယုံကြည်စိတ်ချရသည့် နိုင်ငံရေးဆွေးနွေးပွဲနှင့်ထိတွေ့ဆက်ဆံမှုများကို စဉ်ဆက်မပြတ်မြှင့်တင်သွားရန် မျှော်လင့်လျက်ရှိကာ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစေခြင်းမှ မိမိတို့နှစ်နိုင်ငံ ပြည်သူများ၏ အဓိကအကျိုးစီးပွားများကို ထွန်းကားစေမည်ဖြစ်ပြီး အရှေ့တောင်အာရှနှင့်အာရှ-ပစိဖိတ်ဒေသတစ်ခုလုံး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရာတွင်လည်း အကျိုးပြုစေမည်ဟု ယုံကြည်ပါသည်ဟုရေးသားထားသော ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းကာကွယ်‌ရေးစီးချုပ်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး တွေ့ဆုံ

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Dong Jun သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Songwit Noonpackdee နှင့် သောကြာနေ့က ပေကျင်းတွင် တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံမှုအတွင်း တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ လေးနက်သော ချစ်ကြည်ရင်းနှီးမှုသည် မိသားစုတစ်စုတည်းဖြစ်သည့်အပြင် နှစ်နိုင်ငံစစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ၏ ခိုင်မာသောအခြေခံအုတ်မြစ် ဖြစ်ကြောင်းကို ပြောကြားလိုက်ပြီး အောင်မြင်မှု အသီးအပွင့်များကို Dong က ချီးကျူးပြောဆိုခဲ့သည်။ လက်ရှိပူးပေါင်းဆောင်ရွက်မှု ယန္တရားကို အပြည့်အဝအသုံးချရန်၊ စစ်ရေးပူးတွဲလေ့ကျင့်မှုများနှင့် တပ်ဖွဲ့ဝင်လေ့ကျင့်ရေးကဲ့သို့ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ဘုံအနာဂတ်ဖြင့် တရုတ်-ထိုင်း အသိုက်အဝန်းကို...

ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အား ယာယီပြ-တ်တောက်မည်

မေလ (၂၅) ရက်၊ နံနက် (၁၀) နာရီမှ နေ့လည် (၂) နာရီအတွင်း ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အားယာယီပြ-တ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားသည်။ ကမာရွတ်မြို့နယ်မှ 66kV ဆင်မလိုက်-MRTV-3 ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုင်းထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများကို မြို့နယ်စုဖွဲ့အင်အားဖြင့် ဓာတ်အားပိတ်၍ ပြုလုပ်မည်ဖြစ်သည့်အတွက် ဖော်ပြပါ မြို့နယ်ရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အား ယာယီပြ-တ်တောက်မည်ဖြစ်သည်။ ဓာတ်အားပြ-တ်တောက်ချိန် ကြာမြင့်မှု မရှိစေရေး၊ ဓာတ်အားပြတ် ဧရိယာလျော့နည်းစေရေးအတွက်  အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများထံသို့ အသိပေး...

ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် ဖာမီချိုင်းနှင့် အစားထိုးယှဉ်ပြိုင်ထိုးသ-တ်မည်

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပရန် တစ်ရက်အလိုတွင် ရိုးရာဖိုက်တာ ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် နောက်ထပ် ထိုင်းဖိုက်တာတစ်ဦးဖြစ်သူ ဖာမီချိုင်းနှင့် အစားထိုးယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း MFC က အသိပေးထုတ်ပြန်သည်။ ၎င်းတို့ နှစ်ဦးသည် ဒုခေါင်တွဲဆိုင်းနေရာတွင် ယှဉ်ပြိုင်က စားကြမည်ဖြစ်ပြီး ဖာမီချိုင်းမှာ မြန်မာပရိတ်သတ်များနှင့်ရင်းနှီးပြီးသားဖြစ်သည့် မွေထိုင်းလက်ဝှေ့ကျော် တစ်ဦးဖြစ်သည်။ ဖာမီချိုင်းသည် BKFC ထိုင်း ရွှေခါးပတ် နှစ်ခု ရရှိပိုင်ဆိုင်ထားသည့်အပြင် ယခုလ မတ် (၁၄) ရက်၌ ကရင်ပြည်နယ်ထို့ကော့ကိုးတွင်ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် လာရောက်ထိုးသ-တ်ပြီး ရိုးရာလက်ဝှေ့ကျော် သွေးသစ်ဝင်းလှိုင်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071