နစက ကကန့်ကွက်နေသည့် ကုလသမဂ္ဂ ညီလာခံ၏ မြန်မာ့ အရေး ဆုံးဖြတ်ချက်အား အာဆီယံအဖွဲ့ဝင် မလေးရှားက ကြိုဆိုသည့် အကြောင်း စာထုတ်လိုက်သည်။
ဇွန်လ ၁၈ ရက်နေ့ က ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေကို ရှုတ်ချပြီး ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို လေးစားရန်၊ ဖမ်းဆီးထားသူများ အားလုံးကို ချက်ချင်း လွှတ်ပေးရန်၊ လက်နက် စီးဆင်းမှုကို တားဆီးရန် အဖွဲ့ဝင် နိုင်ငံပေါင်း ၁၁၉ နိုင်ငံခု၏ ထောက်ခံမှုဖြင့် မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်များ ချမှတ်လိုက်ကြောင်း သိရှိရသည်။
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၁၁၉ ခုက မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ကြပြီး ဘယ်လာရုစ်က ကန့်ကွက် မဲပေးကြကာ တရုတ်၊ ရုရှား၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဘရူနိုင်း အပါအဝင် ၃၆ နိုင်ငံက မဲမပေးဘဲ နေကြကြောင်း သိရှိရသည်။
ယင်းကိစ္စအား နစကကောင်စီက နစက ကထုတ်ပယ်ထားသည့် မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း ၏ မြန်မာ နိုင်ငံအမည်ဖြင့် ကုလသမဂ္ဂ အစည်းအဝေး များတွင် မိန့်ခွန်းပြောခြင်း မဲပေးခြင်းသည် တရားဝင်မှု မရှိကြောင်းကန့်ကွက်ထားသည်။