Thursday, August 13, 2026

ကမာရွတ်တွင် ဘဏ်ရှေ့ရပ်ထားသည့် ကားပေါ်မှ ငွေကျပ်...

ရန်ကုန်၊ ဩဂုတ် ၁၂ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ MAB ဘဏ်ရှေ့တွင် ရပ်တန့်ထားသော မော်တော်ယာဉ်ပေါ်မှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသွားသူအား သက်သေခံ...

ငဝန်တာတမံပြုပြင်ရာ၌ ​Sheet Pile ရိုက်ရမည့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျ၍ ရေကျော်စီးဝင်ခဲ့သည့်နေရာအား ​ဆောက်လုပ်​ရေးဝန် ကြီးဌာနမှစီမံကြီးကြပ်၍  Sheet Pile ရိုက်၍ ကာရံခြင်းလုပ်ငန်းများအား အ ချိန်တိုအတွင်းပြီးစီးနိုင်​ရေးအတွက်အ ရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း...

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၆) ပထမနေ့အား မနက်ဖြန်...

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၆) ပထမနေ့အား မနက်ဖြန် သြဂုတ် ၁၃ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဥ်အရ သိရသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစ ကားပြောကြားပြီးနောက်...

အာဆီယံအတွင်းရေးမှူးချုပ်နှင့်အာဆီယံဆိုင်ရာမြန်မာသံရုံးတာဝန်ခံတို့ တွေ့ဆုံ

ဩဂုတ် ၁၂ ရက် အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်းကင်ဟွန်း သည် အာဆီယံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမြဲတမ်းကိုယ်စားလှယ်ရုံးယာယီတာဝန်ခံ ဦး မန်ဟောက်ထန်...
HomeNewsLocal Newsနစကဥက္ကဋ္ဌသည် ဝန်ကြီးချုပ် ၃ဦးနှင့်အတူ...

နစကဥက္ကဋ္ဌသည် ဝန်ကြီးချုပ် ၃ဦးနှင့်အတူ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများ၊ဒေသထုတ်ကုန်လုပ်ငန်းများအား သွားရောက်ကြည့်ရှုအကြံပြု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သည် ယမန်နေ့ ဇွန် ၁၅ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှဝန်ကြီးချုပ် ၃ဦးနှင့်အဖွဲ့ဝင်များလိုက်ပါလျှက် မန္တလေးတိုင်းဒေသကြီးတွင်းရှိ  ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများနှင့် ဒေသထုတ်ကုန်လုပ်ငန်းများကိုသွားရောက်ကြည့်ရှု့ခဲ့သည်။

မိတ္ထီလာ-သာစည်လမ်းရှိ ဦးမြဟန် ဆိတ်နှင့်သိုးမွေးမြူရေးလုပ်ငန်းကိုဦးစွာသွားရောက်ခဲ့ရာ ဒေသထွက် ဝါစေ့ခွံ၊ ဇီးခွံ၊ ပဲနောက်၊ ပဲတီစိမ်းဖတ်များ၊ မြေပဲရိုးများဖြင့် စပ်စာကျွေးမွေးကာ ဆိတ်နှင့်သိုးများမွေးမြူထားရှိမှု  ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိမှုတို့ကိုကြည့်ရှု့ခဲ့ကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့ ဒေသတွင်းမွေးမြူရေးလုပ်ငန်းအောင်မြင်ဖြစ်ထွန်းမှုကို တွေ့ရှိရသည့်အတွက် အားရကြောင်း၊မိရိုးဖလာစနစ်မှ အဆင့်မြှင့်တင်ဆောင်ရန်၊ မွေးမြူထုတ်လုပ်သူနှင့်
ဝယ်ယူစားသုံးသူတို့၏အကြား၌ ကြားခံနည်းနိုင်သမျှ နည်းမည့်မွေးမြူသူနှင့်စားသုံးသူတိုက်ရိုက်စနစ်တစ်ခုကို ဖော်ဆောင်ရန်၊ အကောင်လိုက်ရောင်းချခြင်း
ထက် အသားကို အဆင့်မီထုတ်ကုန်အဖြစ် ထုတ်လုပ်၍ အေးခဲသားများ၊ အသားခြောက်များ ပြုလုပ်ရောင်းချနိုင်မည့် အသားထုတ်လုပ်မှုစက်ရုံဆောင်ရွက်နိုင်ရန်တို့ကိုအားပေးဆွေးနွေးခဲ့သည်။

ဆူးဖြူခက် ကျေးရွာရှိ GARDEN FAMILY ဆိတ်မွေးမြူရေးလုပ်ငန်းတွင်လည်း ဂျိတ်နီဆိတ်မျိုးနှင့် ထိန်စမ်းဆိတ်မျိုးတို့ကို မွေးမြူ ထားရှိမှု၊အစာကျွေးမွေးမှုစနစ်များနှင့် နေဗီယာမြက်စိုက်ခင်း ဆောင်ရွက်ထားရှိမှုတို့ကိုသွားရောက်ကြည့်ရှု့ပြီးနောက် နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသတွင်းထွက်ရှိသည့်ကုန်ကြမ်းများကို အကျိုးရှိရှိ အသုံးပြု၍ ယခုကဲ့သို့မွေးမြူရေးလုပ်ငန်းအောင်မြင်ဖြစ်ထွန်းမှုကို တွေ့ရသည့်အတွက်ဝမ်းမြောက်ပါကြောင်း၊ ဆိတ်များအား အမျိုးအစားအလိုက်၊ အသက်အရွယ်အလိုက်
အသားနူးညံ့မှုနှုန်းထားနှင့် အာဟာရပါဝင်မှုနှုန်းထားများကိုလည်း သုတေသနပြု
ဆောင်ရွက်ပေးရန်အကြံပြုခဲ့သည်။

တောမကျေးရွာရှိ ကောင်းထက်စံနို့စားနွားမွေးမြူရေးခြံသို့ ရောက်ရှိရာ နို့စား
နွားများ မွေးမြူထားရှိမှုနှင့် နွားသားပေါက်များမွေးမြူထားရှိမှုနှင့် နေ့စဉ် နို့ထုတ်လုပ်
ရရှိမှုအခြေအနေများ၊ ဝင်းဝင်း ‘တမ’ နို့ချက်စက်ရုံမှ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် အခြေအနေများကိုကြည့်ရှု့ပြီးနောက်နို့နှင့်နို့ထွက်ပစ္စည်းများအား ပြည်ပနိုင်ငံ
များမှတင်သွင်းနေရသဖြင့် ပြည်တွင်းထုတ် များဖြင့် အစားထိုးနိုင်ရန်လိုအပ်သည့်အခြေအနေများကိုဆွေးနွေးခဲ့သည်။

ထို့နောက်မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ မိရိုးဖလာယက္ကန်းလုပ်ငန်းများကို ခေတ်မီတိုးတက်၍ ပြည်ပသို့တင်ပို့နိုင်ရန် ဝမ်းတွင်း၊ သာစည်၊မိတ္ထီလာ၊ ရွှေတောင်၊ အမရပူရမြို့နယ်များမှ ယက္ကန်းလုပ်ငန်းရှင်များ စုပေါင်း၍ တည်ထောင်ထားသည့် Leader of Textile Public Co.,Ltd နှင့်ဝမ်းတွင်းမြို့ရှိ ရွှေသဲတောကုမ္ပဏီ၊ ကိန္နရီချည်ချောလုံချည် ထုတ်လုပ်ရေးလုပ်ငန်းစုသို့လည်းသွားရောက်ကြည့်ရှု့ခဲ့ပြီး ပြည်တွင်းထွက်ချည်များဖြင့် အထည်များထုတ်လုပ်နိုင်ရေး သုတေသနပြုကြရန်နှင့် လုပ်ငန်းခွင်အခက်အခဲများအား မေးမြန်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမာရွတ်တွင် ဘဏ်ရှေ့ရပ်ထားသည့် ကားပေါ်မှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသူကို သက်သေခံပစ္စည်းများနှင့်အတူ ရက်ပိုင်းအတွင်း ဖမ်းဆီးရမိ

ရန်ကုန်၊ ဩဂုတ် ၁၂ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ MAB ဘဏ်ရှေ့တွင် ရပ်တန့်ထားသော မော်တော်ယာဉ်ပေါ်မှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသွားသူအား သက်သေခံ ရွှေထည်နှင့် ငွေကျပ် သိန်း ၃၄၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းများအရ သိရသည်။ ဖြစ်စဉ်မှာ လှိုင်မြို့နယ်နေ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဩဂုတ်လ ၅ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် YGN 8F/2F----- NISSAN MARCH အမျိုးအစား...

ငဝန်တာတမံပြုပြင်ရာ၌ ​Sheet Pile ရိုက်ရမည့် သံချောင်း(၂၈၆)ချောင်းအနက် ယ​နေ့ သြဂုတ် ၁၂ ရက်အထိ (၇၂)ချောင်းရိုက်သွင်းပြီးဖြစ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျ၍ ရေကျော်စီးဝင်ခဲ့သည့်နေရာအား ​ဆောက်လုပ်​ရေးဝန် ကြီးဌာနမှစီမံကြီးကြပ်၍  Sheet Pile ရိုက်၍ ကာရံခြင်းလုပ်ငန်းများအား အ ချိန်တိုအတွင်းပြီးစီးနိုင်​ရေးအတွက်အ ရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ Sheet Pile ရိုက်ရာတွင် ရိုက်ရမည့် သံချောင်းအရေအတွက်(၂၈၆) ချောင်းအနက် ယနေ့ သြဂုတ် ၁၂ ရက်အထိ သံချောင်း(၇၂)ချောင်းကိုရိုက်သွင်းပြီးဖြစ်ကာ Sheet Pile ဆက်ခြင်းလုပ်ငန်းများကိုဆက်လက်​ဆောင် ရွက်​လျက်ရှိကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများကို လူအင်အား၊ စက်ယာဉ်/ယန္တ ရားများဖြင့် ​နေ့ညမပြတ်အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၆) ပထမနေ့အား မနက်ဖြန် သြဂုတ် ၁၃ ရက်တွင်ကျင်းပမည်   အထူးအစည်းအဝေး၌ အဆိုပြုတင်ပြခြင်း(၂)ခုပြု လုပ်မည်

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၆) ပထမနေ့အား မနက်ဖြန် သြဂုတ် ၁၃ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဥ်အရ သိရသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစ ကားပြောကြားပြီးနောက် ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းလျာထားချက်တို့နှင့်ပတ် သက်၍ တိုင်းအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးက တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ် တော် ဥပဒေကြမ်းနှင့် ပြည်သူ့ငွေစာ ရင်းပူးပေါင်းကော်မတီတွင်ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ဥက္ကဋ္ဌနှင့် အတွင်းရေး မှူးတို့၏အမည်စာရင်းတို့ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071