(Unicode)
နစကနိုင်ငံခြားရေးဝန်ကြီးနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့တွေ့ဆုံ
နစကနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် တို့ ယနေ့ တွေ့ဆုံကြသည့် သတင်းကို ကမ္ဘောဒီးယားဝန်ကြီးချုပ်၏လူမှုကွန်ရက်စာမျက်မှာမှတဆင့် ယနေ့ ဒီဇင်ဘာ၇ရက်တွင် ထုတ်ပြန်သည်။
ကမ္ဘောဒီးယားနှင့် မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆွေးနွေးခဲ့ကြသည်။ အာဆီယံအရေးကို နည်းလမ်းရှာဖို့၊ အာဆီယံ၏ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာမှုကောင်းအောင် မည်ကဲ့သို့ ဆောင်ရွက်ကြမည်နည်းစသည်တို့ကို ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။
နစက၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန်သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ပထမအပါတ်အတွင်း လာရောက်လည်ပတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း ထုတ်ပြန်ချက်ထဲ ဖော်ပြသည်။

(Zawgyi)
နစကႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္တို႔ေတြ႕ဆုံ
နစကႏိုင္ငံျခားေရးဝန္ႀကီးဦးဝဏၰေမာင္လြင္ႏွင့္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ တို႔ ယေန႔ ေတြ႕ဆုံၾကသည့္ သတင္းကို ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္၏လူမႈကြန္ရက္စာမ်က္မွာမွတဆင့္ ယေန႔ ဒီဇင္ဘာ၇ရက္တြင္ ထုတ္ျပန္သည္။
ကေမာၻဒီးယားႏွင့္ ျမန္မာ ႏွစ္ႏိုင္ငံဆက္ဆံေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈတို႔ကို ေဆြးေႏြးခဲ့ၾကသည္။ အာဆီယံအေရးကို နည္းလမ္းရွာဖို႔၊ အာဆီယံ၏ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ခိုင္မာမႈေကာင္းေအာင္ မည္ကဲ့သို႔ ေဆာင္႐ြက္ၾကမည္နည္းစသည္တို႔ကို ေဆြးေႏြးခဲ့ၾကသည္ဟု ထုတ္ျပန္ထားသည္။
နစက၏ ဖိတ္ၾကားခ်က္အရ ကေမာၻဒီးယားႏိုင္ငံ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္သည္ ျမန္မာႏိုင္ငံသို႔ ဇန္နဝါရီ ပထမအပါတ္အတြင္း လာေရာက္လည္ပတ္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္ဟုလည္း ထုတ္ျပန္ခ်က္ထဲ ေဖာ္ျပသည္။
Photo – Samdech Hun Sen, Cambodian Prime Minister Facebook Page