Friday, February 13, 2026

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး...

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက်...

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ...

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ်...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါက နားလည်မှုဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway က ခရီးသွားများကို မေတ္တာရပ်ခံခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ ၁၂...
HomeNewsLocal Newsနစကက ထုတ်ရောင်းမည့် ရွှေဒင်္ဂါးပြားများ၏...

နစကက ထုတ်ရောင်းမည့် ရွှေဒင်္ဂါးပြားများ၏ ဈေးနှုန်းကို ကမ္ဘာ့ရွှေပေါက်ဈေးအား အခြေခံကာ သတ်မှတ်ရောင်းချမည်

နစကက ထုတ်ရောင်းမည့် ရွှေဒင်္ဂါးပြားများ၏ ဈေးနှုန်းကို ကမ္ဘာ့ရွှေပေါက်ဈေးအား အခြေခံကာ သတ်မှတ်ရောင်းချမည်

နစကက ထုတ်ရောင်းရန် ပြင်နေသည့် ရွှေဒင်္ဂါးပြားများ၏ ဈေးနှုန်းကို ကမ္ဘာ့ရွှေဈေးနှုန်းပေါ် အခြေခံ၍ ရောင်းချမည်ဖြစ်ပြီး နိုင်ငံပိုင် အရန်ရွှေနှင့် အရန်ငွေများအားအထိခံမည် မဟုတ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါ ရွှေဒင်္ဂါး ရောင်းချမည့် အစီအစဉ်ကို သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဗဟိုဘဏ်မှတဆင့် ပြည်သူသို့ တိုက်ရိုက်ရောင်းချသွားမည်ဖြစ်ပြီး အစိုးရ၏ အရောင်းကောင်တာများ စီစဉ်ရောင်းချသွားမည်ဟုလည်း ၎င်းကဆိုသည်။

” အစိုးရကနေ အရောင်း ကောင်တာတွေ ဖွင့်လှစ်ပြီး ရောင်းချပေးမယ့် ပုံစံကို ကျွန်တော်တို့ ရည်ညွှန်းပါတယ်။ ပြည်သူ လူထု လက်ထဲကို တိုက်ရိုက် ရောင်း ချပေးဖို့ ရည်မှန်းချက်ထားပြီး ကျွန်တော်တို့ ဆောင် ရွက်လျက်ရှိပါတယ်။ တစ်ဦးကို ဘယ်လောက်ပမာဏ ရောင်းချပေးမလဲ ၊ တစ်နေ့ကိုဘယ်လောက် ပမာဏ ရောင်းချပေးမလဲကတော့ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်ဆဲ ကိစ္စ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါ ရွှေဒင်္ဂါး ရောင်းချမှု အစီအစဉ်မှာလည်း သယံဇာတ ဝန်ကြီးဌာန လက်အောက်မှ ရွှေလုပ်ကွက်များမှ ရရှိသည့် အခွန်ရွှေများကို ပြန်လည်ရောင်းချပေးခြင်းဖြစ်ပြီး ပြည်သူလူထု လက်ထဲသို့ ရောက်ရှိရန်နှင့် အမှန်တကယ် ရင်းနှီးမြှုပ်နှံမည်သူများ၏ လက်ထဲသို့ လိုအပ်သည့်ပမာဏအထိရောက်ရှိသွားစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေ (၁) ကျပ်သားလျင် (၃၇) သိန်းအထိ စံချိန်တင် မြင့်တက်ခဲ့ရာမှ အစိုးရ၏ ထိန်းချုပ်မှုကြောင့် (၂) ရက်အတွင်း (၁၀) သိန်းဝန်းကျင်အထိ ပြန်ကျခဲ့သော်လည်း ပြည်တွင်းရွှေအသင်းများ၏ ရည်ညွှန်းဈေးနှုန်းနှင့် (၇) သိန်းမှ (၈) သိန်းဝန်းကျင်အထိ ကွာဟနေဆဲ ဖြစ်သည်။

ယင်းသို့ဖြစ်နေရခြင်းမှာ ကမ္ဘာ့ရွှေဈေး အတက်အကျနှင့်ဆိုင်သလို ပြည်တွင်းရှိ ဈေးကစားသူများ၏ လက်ချက်ကြောင့်လည်း ပါဝင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ပထမအပတ်ကဈေးထက် အနည်းငယ်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ဒုတိယအပတ် နှင့် တတိယအပတ်တို့တွင် ရောင်းချရမည့် ဈေးသည်လည်း တစ်ပိသာ ကျပ် (၆၁၅၀) ဖြစ်ပြီး ဖေဖေါ်ဝါရီလ ပထမအပတ်မှာလည်း တစ်ပိသာ ကျပ် (၆၁၅၀) ဖြစ်ကြောင်း သိရသည်။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်ထုတ်ပြန်မည်ဖြစ်ပြီး စားသုံးသူပြည်သူများအနေဖြင့်...

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက် မြန်မာကောင် စစ်ဝန်ချုပ်ရုံးမှ မြန်မာ့ယဉ်ကျေးမှုပြခန်းအဖြစ် မြန်မာ့ရိုးရာယဉ်ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်း ကျင်းပြသခဲ့ပြီး တက်ရောက်လာကြသူများကိုလည်း မြန်မာ့လက်ဖက်ရည်ဖြင့်ဧည့်ခံခဲ့သည်။  အဆိုပါ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်တွင် နိုင်ငံတ ကာယဉ်ကျေးမှုပြခန်းများကို ယူနန်ပြည်နယ်နှင့် ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများကြား ချစ် ကြည်ရင်းနှီးမှုပိုမိုတိုးမြင့်လာစေရန်နှင့် ပြည်သူများကြား ယဉ်ကျေးမှုဖလှယ်နိုင်မှုကိုမြှင့်တင်နိုင်ရန်ရည် ရွယ်၍ ထည့်သွင်းပြသခဲ့ခြင်းဖြစ်သည်။ 

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ ၁၇ တွင် စတင်လုပ်ဆောင်ပေးမည်

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို ယခုလ ဖေဖော်ဝါရီ (၁၇)ရက်တွင် စတင်ဆောင်ရွက်ပေးသွားမည်ဟုအလုပ်သမားညွှန်ကြားရေးဦးစီးဌာနထံက ယနေ့တွင် အသိပေးထားသည်။ CI လက်မှတ်လုပ်ဆောင်ရာတွင် ထိုင်းနိုင်ငံအစိုးရကထုတ်ပေးထားသည့် Work Permit ကိုင်ဆောင်ထားသူ မြန်မာရွှေ့ ပြောင်းအလုပ်သမားများအတွက် တရားဝင်နေထိုင်လုပ်ကိုင်ခွင့်များရရှိစေရေအတွက် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် CI လျှောက်ထားလိုသည့် အလုပ်သမားများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် CI...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071