
နင်ဇီမေက ဆောင်းဦးလှိုင်ရဲ့ အောင်မြင်ကျော်ကြားတဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘အချစ်ကအမှား’ သီချင်းကို အမျိုသမီး Version နဲ့ ပြန်လည်သီဆိုခဲ့ပြီး ပရိသတ်တွေလည်း အားပေးခဲ့ကြပါတယ်။ ဒီလို အောင်မြင်ထားတဲ့ သီချင်းကို ပြန်သီဆိုတဲ့အပေါ် နင်ဇီမေရဲ့ ခံစားမှုက “ဒီသီချင်းလေးကIdol Acoustic Album ထဲမှာ ပါတာပါ။ ဆရာဆောင်းဦးလှိုင်ရေးထားတယ်။ ဆရာ့ရဲ့အောင်မြင်တဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်တယ်။ သီချင်းအယ် ဘမ်လေးလုပ်မယ်ဆိုတော့ ဆရာဥက္ကာက နင်ဇီနဲ့ လိုက်ဖက်မယ်ဆိုပြီး ရွေးပေးတယ်။ ဒါကြောင့် ညီမ ကြိုးစားပြီး ဆိုဖြစ်သွားတာပါ။ ပရိသတ်တွေဆီ ရောက်သွားတော့လည်း တအားကြိုက်ကြတယ်။ အောင်မြင်ထားတဲ့ သီချင်းကို ပြန်ဆိုရတာဆိုတော့ နည်းနည်းဝန်ထုပ်ဝန်ပိုးဖြစ်တယ်။ ဒါပေမဲ့ပရိသတ် တွေဆီ ရောက်သွားတဲ့အခါမှာ တုံ့ပြန်မှုက ကြိုက်ကြတယ်။ အားပေးတယ်လို့ ပြန်ကြားရတဲ့အတွက်လည်း နင်ဇီတကယ်ပဲ ကျေးဇူးတင်ပါတယ်”လို့ ပြောပြပါတယ်။
Faith လို့အမည်ပေးထားတဲ့ နင်ဇီမေရဲ့ ပထမဆုံးတစ်ကိုယ်တော် စီးရီးခွေကိုလည်း ၂ဝ၁၇ နှစ်ကုန်ပိုင်းမှာ ထွက်နိုင်အောင်ကြိုးစားနေတယ် လို့ဆိုပါတယ်။ ပရိသတ်တွေ အချိန် ကြာစောင့်စား ရတဲ့အတွက်လည်း သီချင်းအပုဒ်ရေ များများထည့်ပေးချင်တယ်လို့ဆိုတဲ့ နင်ဇီမေရဲ့ စီးရီးခွေအတွက် ပြင်ဆင်မှုတွေက……………
“ဒီစီးရီးခွေလေးထွက်ရှိလာရင်တော့ ညီမဘယ်လောက်ကြိုးစားထားတာကို တွေ့ရ မှာပါ။ ပရိသတ်တွေဆီကလည်း နင်ဇီ့ရဲ့ ပထမဆုံးစီးရီးခွေလေးနဲ့ပတ်သက်ပြီး အများကြီး မျှော်လင့် ထားပါတယ်။ နင်ဇီကြိုးစားထားတာလေးတွေက Faith ထွက် လာရင်တော့ မြင်ကြ၊ ကြားကြရမှာ ပါ။ ၂ဝ၁၇ခုနှစ်၊ ၂ဝ၁၈ နှစ်ဆန်းပိုင်းလောက်မှာ ထွက်ရှိနိုင်အောင် စီစဉ်နေပါတယ်။ အခွေလေး လုပ် နေတော့ ပရိသတ်တွေအမြင်မှာလည်း နည်းနည်းကျဲသလိုဖြစ်သွားတာပါ။ စီးရီးခွေကတော့ ပြီး သွားပြီ။ Mixing ဆွဲနေတယ်။ တအားကြီးတော့ မကြာတော့ပါဘူး။ ပြိုင်ပွဲတုန်းက သီချင်းတွေတော့ မပါတော့ပဲ။ Rock ပုံစံလေးတွေ၊ သီချင်းအချိုလေးတွေ ပါမှာပါ။ ကိုယ်တိုင်သေချာလုပ်နေလို့ အချိန်လေး နည်း နည်းကြာသွားတာပါ။ စောင့်နေရတဲ့ပရိသတ်တွေအတွက်လည်း သီချင်းလေးများများ ထည့်ပေးနိုင် အောင် ကြိုးစားနေပါတယ်”လို့ ပြောပါတယ်။
မြတ်မိုးပွင့်
