Monday, December 8, 2025

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏...

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့်...

မြန်မာ-ကာတာနှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းသည် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် ဒိုဟာဖိုရမ်အား တက်ရောက်ခဲ့သည်။ ဖိုရမ်အတွင်း၌...

သုတေသနများသည် ရိုးရာမွေးမြူရေးစနစ်မှ ခေတ်မီထိရောက်သည့် မွေးမြူရေးစနစ်သို့...

စိုက်ပျိုးမွေးမြူရေးကို သီအိုရီနှင့် အခြေခံသုတေသနတို့မှ ရရှိထားသည့် အသိပညာများကိုအသုံးချပြီး မွေးမြူတိရိ စ္ဆာန်များ ထုတ်လှုပ်မှုစွမ်းရည်တိုးတက်စေခြင်း၊ နည်းလမ်းသစ်များရရှိရေး ဆောင်ရွက်သော သုတေသနလုပ်ငန်းများလုပ်ဆောင်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ဝါရှင်တန်နှင့် လော့စ်အိန်ဂျယ်လိစ်မြို့တို့တွင် အမေရိကန်ရောက်မြန်မာများ ကြိုတင်မဲပေး

အမေရိကန်ပြည်ထောင်စု၊ အနောက်ဘက်ပိုင်း ဒေသတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းကို လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ဒီဇင်ဘာ (၆) ရက်နှင့် (၇)...
HomeNewsLocal Newsဓာတ်အားလိုင်းအဟောင်း ပြန်လည်ဖြုတ်သိမ်းခြင်းမှ ဆယ်တင်ပစ္စည်းများအား...

ဓာတ်အားလိုင်းအဟောင်း ပြန်လည်ဖြုတ်သိမ်းခြင်းမှ ဆယ်တင်ပစ္စည်းများအား စနစ်တကျစာရင်းပြုစုသိမ်းဆည်းထားရမည်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၌ အမှတ် (၄) လမ်းမကြီးအား အဆင့်မြှင့်တင်တိုးချဲ့လျက်ရှိ၍ ဒညင်းဂုံးလမ်းဆုံ မီးရထားသံလမ်းထိပ်မှ လှော်ကားတာဆုံအထိ လမ်းနယ်နှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများကို လွတ်ကင်းရာသို့ရွှေ့ပြောင်းလျက်ရှိကြောင်း သိရသည်။

၆၆ ကေဗွီ ၊ ၃၃ ကေဗွီ ၊ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများအား လမ်းမကြီးနှင့်လွတ်ကင်းရာသို့ ပြောင်းရွှေ့တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းတိုင်များအသစ်စိုက်ထူခြင်း၊ ကြိုးဆွဲခြင်းနှင့် ဓာတ်အားလိုင်းဟောင်းဖြုတ်သိမ်းခြင်းတို့ကို လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်နေမှုများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းမှ နိုဝင်ဘာ ၂၈ ရက်ညနေပိုင်းကကြည့်ရှုစစ်ဆေး၍ ဓာတ်အားလိုင်းများဖြုတ်သိမ်းခြင်းနှင့် ရွှေ့ပြောင်းတည်ဆောက်ခြင်းလုပ်ငန်းများအား သတ်မှတ်ချိန်အတွင်းအချိန်မီပြီးစီးနိုင်ရေး စနစ်တကျဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဝန်ထမ်းများအန္တရာယ်ကင်းရှင်းစွာဆောင်ရွက်နိုင်ရေးနှင့်  လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်အဆင့်ဆင့်ကြပ်မတ်၍ ဂရုပြုဆောင်ရွက်ရန်၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီစေရေးနှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ဓာတ်အားလိုင်းအဟောင်းပြန်လည်ဖြုတ်သိမ်းခြင်းမှ ဆယ်တင်ပစ္စည်းများအား စနစ်တကျစာရင်းပြုစုသိမ်းဆည်းထားရန်တို့ကိုလည်းမှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏ စီးပွားရေး အတန်အသင့် နာလံထူမှု လက္ခဏာများတွေ့ရကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြ

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့် လုပ်ငန်းလည်ပတ်မှုစနစ် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ စိန်ခေါ်မှုများ၏ သက်ရောက်မှုများသည် မြန်မာနိုင်ငံ၏ စီးပွားရေးမျှော်မှန်းချက် အလားအလာအား အခက်အခဲအတားအဆီးများသဖွယ် ဆက်လက်တည်ရှိနေသော်လည်း စီးပွားရေးနာလံထူလာသည့် လက္ခဏာများ အတန်အသင့်ရှိလာကြောင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက် (ယနေ့) တွင် ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးလေ့လာသုံးသပ်ချက် အစီရင်ခံစာ (Myanmar Economic Monitor)...

မြန်မာ-ကာတာနှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းသည် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် ဒိုဟာဖိုရမ်အား တက်ရောက်ခဲ့သည်။ ဖိုရမ်အတွင်း၌ အမြဲတမ်းအတွင်းဝန်သည် ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာနအကြီးအကဲ H.E. Aljohara Yousif Al-Obaidan နှင့် ဒီဇင်ဘာ ၇ ရက်နံနက်ပိုင်းကတွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ နှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဖိုရမ်၌ တက်ရောက်လာကြသူများက ငြိမ်းချမ်းရေး၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအပါအဝင် အရေးပါသည့်နယ်ပယ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက်...

သုတေသနများသည် ရိုးရာမွေးမြူရေးစနစ်မှ ခေတ်မီထိရောက်သည့် မွေးမြူရေးစနစ်သို့ ကူးပြောင်းရန်သော့ချက်ဖြစ်

စိုက်ပျိုးမွေးမြူရေးကို သီအိုရီနှင့် အခြေခံသုတေသနတို့မှ ရရှိထားသည့် အသိပညာများကိုအသုံးချပြီး မွေးမြူတိရိ စ္ဆာန်များ ထုတ်လှုပ်မှုစွမ်းရည်တိုးတက်စေခြင်း၊ နည်းလမ်းသစ်များရရှိရေး ဆောင်ရွက်သော သုတေသနလုပ်ငန်းများလုပ်ဆောင်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ကပြောသည်။ "မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့် အသုံးချသုတေသနများ" ခေါင်းစဉ်ဖြင့် ကျင်းပသည့် အကြိမ် (၅၀) မြောက် လစဉ်ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲ၌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ သုတေသနများသည် ရိုးရာမွေးမြူရေးစနစ်မှ ခေတ်မီထိရောက်သည့် မွေးမြူရေးစနစ်သို့ ကူးပြောင်းရန်အတွက် သော့ချက်ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောသည်။ ထို့နောက် မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071