လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)၏ ယနေ့ သြဂုတ် ၂၅ ရက်ထုတ်ပြန်ချက်အရ ဓာတ်အားလိုင်းအပြစ်ဖြစ်နေ၍ ရန်ကုန်တိုင်းအတွင်း၌ လျှပ်စစ်မီးပြတ်တောက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် 230 kV ရဲရွာ-သပြေဝဓာတ်အားလိုင်းသည် ယနေ့ သြဂုတ် ၂၅ ရက်မွန်းလွဲ ၂ နာရီ ၉ မိနစ်ခန့်က ဓာတ်အားလိုင်းအပြစ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် YESC မှလျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
