လာအို၊ လန်ဖရာဗန် ၏အထင်ကရများထဲမှ ကောင်းစည် ရေတံခွန်သည် လာအိုနိုင်ငံ၏ အကျော်ကြားဆုံး သဘာဝနေရာများထဲမှ တစ်ခုဖြစ်သည်။
နို့စိမ်းရောင် ရေများက ကျောက်အလွှာအထပ်စုံ၊ အကွေ့အကောက်စုံပေါ်ကနေတလိမ့်လိမ့်ကျနေသည်မှာ ဂီတသံ ကော အေးမြသည့်စွမ်းအင် ကော ခံစားရစေသည်။
အာပေါဓါတ်တို့ကိုပဲအာရုံစိုက်မိစေသည်မဟုတ်ဘဲ ဝန်းရံထားသည့်ထူထဲ စိမ်းစိုသော တောအုပ်ကြီးကလည်း ပထဝီဓါတ်ဖြင့် ပြည့်စုံစေပြန်သည်။ ထိုအရာတွေကပင် လူတွေစွမ်းအင်ပြန်ဖြည့်သည့် အိုင်ရွန်များကို ထုတ်ပေးနေတာမို့ရောက်တာနဲ့ လန်းဆန်းအားပြည့်သွားကြစေသည့်တန်ခိုးကို ခံစားကြရမည်။
ကောင်းစံဆိုသည်မှာ ဒေသအဓိပ္ပါယ်အရ ရွှေသမင် ရေတံခွန် ဟုဆိုကြသည်။ ဒဏ္ဍာရီတွေလည်း ရှိနေနိုင်သည်။ ဒေသထွက် အစားအစာများကလည်း အာရှသားတွေအတွက် ယဥ်ပါးလွယ်သည်။ ရေတံခွန်ရှိရာ တောင်ပေါ်သို့ လျှပ်စစ်ဘာဂီကားလေးများဖြင့် ပို့ပေးသည်။ တောင်တက်ရာ လမ်းတလျောက် အိမ်လေးများလည်း ငှားရန်ရှိသည်ဟု ချိတ်ဆွဲထားကြသည်မှာ ကျိုက်ထီးရိုးရှိ အိပ်ဆောင်များ ကဲ့သို့ပင်။
ရေတံခွန်ကို လာကြည့်ပြီးပြန်သူထက် ပန်းချီထိုင်ဆွဲသူ၊ရေတံခွန် တထပ်ချင်းစီကို ဗီဒီယိုရို-က်ကူးနေကြသူ၊ ရေငြိမ်သော အထပ်များတွင်ရေကူးကြသူ၊ ဇစ်ပ်လိုင်းများစီးကြသူ၊ မြင်ကွင်းကောင်းကနေကော်ဖီကို ဇိမ်ခံသောက်ကြသူ စသဖြင့် အချိန်ယူပြီးနေကြသည်။
ဝက်ဝံများကိုလည်း သဘာဝအတိုင်း ထားရှိပေးထားလို့ ခလေးတွေအကြိုက်လေ့လာသင်ယူစရာတွေပြည့်နေသော သဘာဝတရားကြီးပင်။
