Tuesday, December 16, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeNewsLocal Newsဒေါ်အောင်ဆန်းစုကြည်အမှုဆက်လက်စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည်အမှုဆက်လက်စစ်ဆေး

(Unicode)

ဒေါ်အောင်ဆန်းစုကြည်အမှုဆက်လက်စစ်ဆေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေ ထဲက အမှုအချို့ကို ဒီကနေ့မှာ ဆက်လက်စစ်ဆေးခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းထဲကနေသိရပါတယ်။

နေပြည်တော်က အထူးတရားရုံးထဲ ဒီကနေ့ဒီဇင်ဘာလ ၁၇ရက်နေ့ စစ်ဆေးတာမှာ ရန်ကုန် တက္ကသိုလ် ရိပ်သာလမ်းမှာရှိတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာငှားရမ်းတာနဲ့ပတ်သက်တဲ့ အမှု ၁ခုကိုသာ စစ်ဆေးခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကဆိုပါတယ်။

အမှုစစ်ဆေးတဲ့အခါ တရားလိုပြသက်သေ ၂ဦးလာရောက်ထွက်ဆိုခဲ့ပြီး လာရောက်ထွက်ဆိုခဲ့တဲ့ တရားလိုပြ သက်သေ ၂ဦးကတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဒေါ်နီလာကျော် တို့ ဖြစ်တယ်လို့ သိရပါတယ်။

ရှေ့နေတွေကို ပြောရေးဆိုခွင့်ပိတ်ထားတဲ့အတွက် လိုပြသက်သေတွေ ဘာတွေ ထွက်ဆိုသွားလဲဆိုတာ မသိရပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးတာတွေလုပ်သလို နေပြည်တော်မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်ကိုလည်း တရားရုံးက စစ်ဆေးခဲ့တာတွေ လုပ်ခဲ့တာရှိပါတယ်။

“ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်တို့ ထောင်ယူနီဖောင်းဝတ်ထားကြတယ်။ဒေါ်အောင်ဆန်းစုကြည်က အကျီ အဖြူရောင် ၊လုံချည်က အညိုရောင်၊ ဒေါက်တာမျိုးအောင်ကတော့ အင်္ကျီအဖြူနဲ့ အပြာရောင် လုံချည်ဝတ်ထားတယ်။ ဝတ်စုံတွေကို ထောင်အာဏာပိုင်များက ပေးပို့ခဲ့တယ်လို့ သိရပါတယ်”လို့ ရှေ့နေအသိုင်းအဝိုင်းကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်က မန္တလေးအကျဉ်းထောင်အတွင်း ဒေါက်တာဇော်မြင့်မောင်ကို ရုံးထုတ်စဉ်မှာလည်း အကျဉ်း ဝတ်စုံဝတ်စေပြီး ရုံးထုတ်ခဲ့တာရှိတယ်လို့ သိရပါတယ်။

(Zawgyi)

ေဒၚေအာင္ဆန္းစုၾကည္အမႈဆက္လက္စစ္ေဆး

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားတဲ့ အမႈေတြ ထဲက အမႈအခ်ိဳ႕ကို ဒီကေန႔မွာ ဆက္လက္စစ္ေဆးခဲ့တယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းထဲကေနသိရပါတယ္။

ေနျပည္ေတာ္က အထူးတရား႐ုံးထဲ ဒီကေန႔ဒီဇင္ဘာလ ၁၇ရက္ေန႔ စစ္ေဆးတာမွာ ရန္ကုန္ တကၠသိုလ္ ရိပ္သာလမ္းမွာရွိတဲ့ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းေျမေနရာငွားရမ္းတာနဲ႔ပတ္သက္တဲ့ အမႈ ၁ခုကိုသာ စစ္ေဆးခဲ့တယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းကဆိုပါတယ္။

အမႈစစ္ေဆးတဲ့အခါ တရားလိုျပသက္ေသ ၂ဦးလာေရာက္ထြက္ဆိုခဲ့ၿပီး လာေရာက္ထြက္ဆိုခဲ့တဲ့ တရားလိုျပ သက္ေသ ၂ဦးကေတာ့ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ဦးၿဖိဳးမင္းသိန္း နဲ႔ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ဝင္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးေဟာင္း ေဒၚနီလာေက်ာ္ တို႔ ျဖစ္တယ္လို႔ သိရပါတယ္။

ေရွ႕ေနေတြကို ေျပာေရးဆိုခြင့္ပိတ္ထားတဲ့အတြက္ လိုျပသက္ေသေတြ ဘာေတြ ထြက္ဆိုသြားလဲဆိုတာ မသိရပါဘူး။

ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေဆးတာေတြလုပ္သလို ေနျပည္ေတာ္ၿမိဳ႕ေတာ္ဝန္ေဟာင္း ေဒါက္တာမ်ိဳးေအာင္ကိုလည္း တရား႐ုံးက စစ္ေဆးခဲ့တာေတြ လုပ္ခဲ့တာရွိပါတယ္။

“ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဒါက္တာမ်ိဳးေအာင္တို႔ ေထာင္ယူနီေဖာင္းဝတ္ထားၾကတယ္။ေဒၚေအာင္ဆန္းစုၾကည္က အက်ီ အျဖဴေရာင္ ၊လုံခ်ည္က အညိဳေရာင္၊ ေဒါက္တာမ်ိဳးေအာင္ကေတာ့ အက်ႌအျဖဴနဲ႔ အျပာေရာင္ လုံခ်ည္ဝတ္ထားတယ္။ ဝတ္စုံေတြကို ေထာင္အာဏာပိုင္မ်ားက ေပးပို႔ခဲ့တယ္လို႔ သိရပါတယ္”လို႔ ေရွ႕ေနအသိုင္းအဝိုင္းကေျပာပါတယ္။

ၿပီးခဲ့တဲ့ ရက္က မႏၲေလးအက်ဥ္းေထာင္အတြင္း ေဒါက္တာေဇာ္ျမင့္ေမာင္ကို ႐ုံးထုတ္စဥ္မွာလည္း အက်ဥ္း ဝတ္စုံဝတ္ေစၿပီး ႐ုံးထုတ္ခဲ့တာရွိတယ္လို႔ သိရပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071