(Unicode)
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ နေထိုင်သူ ဒေါ် ဝေဝေသန်း ရွှေနဲ့ဒေါ်လာကိစ္စတွေကိုသက်သေထွက်ဆိုသွားခြင်းမရှိ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ဒေါ်လာတွေလက်ခံခဲ့တယ်ဆိုပြီး တရားစွဲဆိုထားတဲ့ အမှုအတွက် တရားလိုပြသက်သေအဖြစ် သူ့နှင့် အတူနေထိုင်သူ ဒေါ်ဝေဝေသန်းကို နစက ကတင်သွင်းခဲ့ရာ ဒီနေ့ရုံးချိန်းမှာတော့ ရွှေနဲ့ဒေါ်လာကိစ္စတွေကို သက်သေအဖြစ်ထွက်ဆိုသွားခြင်းမရှိဘူးလို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။
အဲဒီအမှုအတွက် နစက ဖက်ကတင်သွင်းတဲ့ ဦးဖြိုးမင်းသိန်းရဲ့အတွင်းရေးမှူးနဲ့ယာဥ်မောင်း၊ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေထိုင်သူ တို့ကို တရားလို ပြသက်သေအဖြစ် ဒီနေ့ရုံးချိန်းမှာသက်သေထွက်ဆိုခဲ့ကြပါတယ်။
“ဦးဖြိုးမင်းသိန်းက ရွှေခုနှစ်ပိဿာနဲ့အမေရိကန်ဒေါ်လာ ခြောက်သိန်း ဒေါ်အောင်ဆန်းစုကြည်အိမ်ကိုသွားပေးခဲ့တယ်ဆိုတာအတွက် ဒေါ်ဝေဝေသန်းကသက်သေထွက်ဆိုခြင်းမရှိခဲ့ပါဘူး ဗုဒ္ဓဆင်းတု တော်အကြောင်းသက်သေထွက်တယ်လို့တော့သိထားတယ် အပြည့်အစုံတော့မသိဘူး”လို့ရှေ့နေ အသိုင်းအဝိုင်းက သိရပါတယ်။
ဒေါ်ဝေဝေသန်း ဒီနေ့သက်သေထွက်ဆိုခဲ့တာက မိုင်းဖုန်းဆရာတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကိုပေးတဲ့ ၉ လက်မအရွယ်ရှိတဲ့ ရွှေဗုဒ္ဓဆင်းတုတော်နဲ့ပတ်သက်တဲ့အကြောင်းအရာကိုပဲ သက်သေထွက်ဆိုခဲ့တယ်လို့ ရှေ့နေအသိုင်းအ ဝိုင်းက သိရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နစက ကပုဒ်မ ၁၁ ခုနဲ့တရားစွဲဆိုထားပြီး နိုဝင်ဘာ ၃၀ ရက်မှာတော့ အမှု တစ်ခု ထပ်တိုးစွဲဆိုခဲ့ပါတယ်။
(Zawgyi)
ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အတူ ေနထိုင္သူ ေဒၚ ေဝေဝသန္း ေ႐ႊနဲ႔ေဒၚလာကိစၥေတြကိုသက္ေသထြက္ဆိုသြားျခင္းမရွိ
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို ဦးၿဖိဳးမင္းသိန္းဆီက ေ႐ႊနဲ႔ေဒၚလာေတြလက္ခံခဲ့တယ္ဆိုၿပီး တရားစြဲဆိုထားတဲ့ အမႈအတြက္ တရားလိုျပသက္ေသအျဖစ္ သူ႔ႏွင့္ အတူေနထိုင္သူ ေဒၚေဝေဝသန္းကို နစက ကတင္သြင္းခဲ့ရာ ဒီေန႔႐ုံးခ်ိန္းမွာေတာ့ ေ႐ႊနဲ႔ေဒၚလာကိစၥေတြကို သက္ေသအျဖစ္ထြက္ဆိုသြားျခင္းမရွိဘူးလို႔ ေရွ႕ေနအသိုင္းအဝိုင္းက သိရပါတယ္။
အဲဒီအမႈအတြက္ နစက ဖက္ကတင္သြင္းတဲ့ ဦးၿဖိဳးမင္းသိန္းရဲ႕အတြင္းေရးမႉးနဲ႔ယာဥ္ေမာင္း၊ေဒၚေအာင္ဆန္းစုၾကည္ႏွင့္အတူေနထိုင္သူ တို႔ကို တရားလို ျပသက္ေသအျဖစ္ ဒီေန႔႐ုံးခ်ိန္းမွာသက္ေသထြက္ဆိုခဲ့ၾကပါတယ္။
“ဦးၿဖိဳးမင္းသိန္းက ေ႐ႊခုႏွစ္ပိႆာနဲ႔အေမရိကန္ေဒၚလာ ေျခာက္သိန္း ေဒၚေအာင္ဆန္းစုၾကည္အိမ္ကိုသြားေပးခဲ့တယ္ဆိုတာအတြက္ ေဒၚေဝေဝသန္းကသက္ေသထြက္ဆိုျခင္းမရွိခဲ့ပါဘူး ဗုဒၶဆင္းတု ေတာ္အေၾကာင္းသက္ေသထြက္တယ္လို႔ေတာ့သိထားတယ္ အျပည့္အစုံေတာ့မသိဘူး”လို႔ေရွ႕ေန အသိုင္းအဝိုင္းက သိရပါတယ္။
ေဒၚေဝေဝသန္း ဒီေန႔သက္ေသထြက္ဆိုခဲ့တာက မိုင္းဖုန္းဆရာေတာ္ႀကီးက ေဒၚေအာင္ဆန္းစုၾကည္ကိုေပးတဲ့ ၉ လက္မအ႐ြယ္ရွိတဲ့ ေ႐ႊဗုဒၶဆင္းတုေတာ္နဲ႔ပတ္သက္တဲ့အေၾကာင္းအရာကိုပဲ သက္ေသထြက္ဆိုခဲ့တယ္လို႔ ေရွ႕ေနအသိုင္းအ ဝိုင္းက သိရပါတယ္။
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို နစက ကပုဒ္မ ၁၁ ခုနဲ႔တရားစြဲဆိုထားၿပီး ႏိုဝင္ဘာ ၃၀ ရက္မွာေတာ့ အမႈ တစ္ခု ထပ္တိုးစြဲဆိုခဲ့ပါတယ္။