Wednesday, December 4, 2024

ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁.၁၇၉)...

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ ခုနှစ်လတာကာလအတွင်း ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁.၁၇၉) သန်းရရှိထားကြောင်း ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုး ရေးဌာနခွဲမှ သိရသည်။ ပြည်ပသို့...

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးနေရာ (၁၀၂)နေရာ...

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆေးလိပ်ငွေ့ကင်းစင်နေရာ (၁ ၀၂) နေရာ သတ်မှတ်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း ညောင်ဦးခရိုင် ပြည့်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာ...

မြန်မာနှင့် ရုရှားနှစ်နိုင်ငံအကြား စီးပွားရေးအပါအဝင် ခရီးသွားလုပ်ငန်းကဏ္ဍများ...

မြန်မာနှင့် ရုရှားနှစ်နိုင်ငံအကြား စီးပွားရေးအပါအဝင် ခရီးသွားလုပ်ငန်းကဏ္ဍများ ပိုမိုတိုးချဲ့သွားရေး ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌတို့...

တရားမဝင်ရွှေတူးဖော်နေသူ (၇)ဦးအား မြန်မာ့သတ္ထုတွင်းဥပဒေဖြင့်အမှုဖွင့်

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး၌ တရားမဝင်ရွှေတူးဖော်နေသူ(၇)ဦးကို မြန်မာ့သတ္တုတွင်းဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီးတွင် တရားမဝင်ရွှေတူးဖော်မှုများရှိနေကြောင်းသ တင်းအရ...
HomeNewsLocal Newsဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည် ဖောင်‌ဒေးရှင်နှင့်...

ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည် ဖောင်‌ဒေးရှင်နှင့် ပတ်သက်သည့်အမှုအပါအဝင် အမှု (၄) မှု အတွက် ထောင်ဒဏ် (၆)နှစ်ထပ်မံချမှတ်

ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည် ဖောင်‌ဒေးရှင်နှင့် ပတ်သက်သည့်အမှုအပါအဝင် အမှု (၄) မှု အတွက် ထောင်ဒဏ် (၆)နှစ်ထပ်မံချမှတ်

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အဂတိမှု (၄) မှုအတွက် ယနေ့ဩဂုတ်လ (၁၅) ရက်တွင် အပြီးသတ် အမိန့်ချမှတ်ရာ တွင် ထောင်ဒဏ် (၆) နှစ် ထပ်မံချမှတ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ဒေါ်ခင်ကြည် ဖောင်‌ဒေးရှင်းနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ဖြင့် အမှုဖွင့် တရားစွဲထားသည့် အမှု (၃) မှု နှင့်ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်အတွင်းရှိအဆောက်အအုံမြေနေရာနှင့်ပတ်သက်၍ စွဲဆိုထားသော အဂတိအမှုတစ်မှု တို့အတွက်အတွက် နေပြည်တော်အချုပ် ထောင် အထူးတရားရုံးက ယနေ့အပြီးသတ်အမိန့် ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအား စွဲဆိုထားသည့် အမှု (၄) မှုထဲမှ အမှု(၃) မှုအတွက်ထောင်ဒဏ် (၃)နှစ်စီအား တပေါင်းတည်း ကျခံရန်နှင့် ကျန် အမှု တစ်မှုအတွက် ထောင်ဒဏ် (၃) နှစ် သီးခြား ကျခံရန် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

နေပြည်တော်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးတည်ဆောင်ရန် မြေနေရာ ရယူမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲ တရားစွဲဆိုခံရသည့် နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူတို့ကိုလည်း ထောင်ဒဏ် (၃)နှစ်စီ ကျခံရန်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

” နေပြည်တော်လရောင်တောစီမံကိန်းနဲ့ပတ်သက်တဲ့ အမှုသုံးမှုအတွက် တစ်မှုကိုထောင်ဒဏ် သုံးနှစ်စီချမှတ်တယ်။ သုံးမှုစလုံးအတွက် တစ်ပေါင်းတည်းကျခံစေဆိုတော့ သုံးနှစ်ဘဲ ကျခံရမှာပါ။ ရန်ကုန်အမှုအတွက်ကတော့ သုံးနှစ်ချတယ်။ စုစုပေါင်းခြောက်နှစ်ကျခံရမယ်ပေါ့။ ကျန်းမာရေးကောင်းပါတယ်”ဟု တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခင်ကလည်း အမှု (၆) မှုအတွက် ထောင်ဒဏ် (၁၁) နှစ် ကျခံရန် အမိန့် ချမှတ်ခံ ထားရသည့်အတွက် စုစုပေါင်း ထောင်ဒဏ် (၁၇) နှစ် ကျခံရန် နစက တရားရုံးက အမိန့် ချမှတ်ခြင်း ခံထားရခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁.၁၇၉) သန်း ရရှိထား

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ ခုနှစ်လတာကာလအတွင်း ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁.၁၇၉) သန်းရရှိထားကြောင်း ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုး ရေးဌာနခွဲမှ သိရသည်။ ပြည်ပသို့ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးမှတဆင့် ပျားရည်တင်ပို့နေပြီး ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ (၇၃၈.၂၃) တန်နှင့် နယ်စပ်ကုန်သွယ်ရေးမှ (၄၇.၈) တန် တင်ပို့ခဲ့ကြောင်း သိရသည်။ ပျားရည်ကို ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နှင့် တရုတ်(တိုင်ပေ)တို့သို့ ပုံမှန်တင်ပို့လျက်ရှိပြီး ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိကြောင်း သိရသည်။ ပြည်တွင်း၌ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ‌ရော်ဘာပျားရည်၊...

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးနေရာ (၁၀၂)နေရာ သတ်မှတ်ထားရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆေးလိပ်ငွေ့ကင်းစင်နေရာ (၁ ၀၂) နေရာ သတ်မှတ်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း ညောင်ဦးခရိုင် ပြည့်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာ ရွှေစင်ထိုက်၏ ပြောကြားချက်အရ သိရသည်။ ပုဂံသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်အများဆုံး လာရောက်လည်ပတ်လျက်ရှိသည့်အတွက် အသွားအလာများသည့် ယင်းဒေသရှိ ဆေးလိ-ပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများကို ကနဦးအနေဖြင့် ဆောင်ရွက်လျှက်ရှိရာ လက်ရှိတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ဘုရား (၁၇)ဆူ၊ ရှေးဟောင်းသာသနိက အဆောက်အအုံ (၃၂) ခု၊ ရုံး/ဌာန (၁၁)ခု၊ ဟို တယ် (၃၁) လုံး၊ စာသင်ကျောင်း...

မြန်မာနှင့် ရုရှားနှစ်နိုင်ငံအကြား စီးပွားရေးအပါအဝင် ခရီးသွားလုပ်ငန်းကဏ္ဍများ ပိုမိုတိုးချဲ့သွားရေး ဆွေးနွေး

မြန်မာနှင့် ရုရှားနှစ်နိုင်ငံအကြား စီးပွားရေးအပါအဝင် ခရီးသွားလုပ်ငန်းကဏ္ဍများ ပိုမိုတိုးချဲ့သွားရေး ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌတို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြည်ထောင်စုဝန်ကြီး က ဒူးမားလွှတ်တော်၊ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ရှာလ်ဘန်း ကာရာအော်လ် ဦးဆောင်သည့် ရုရှားဒူးမားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာ (၃)ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲ ကဏ္ဍအများအပြား၌ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာစေရေးတို့ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071