ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ပယ်ဖျက်သည်မှာ မှန်ကန်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်က အတည်ပြုပြောကြားသည်။
ဒေါ်သက်သက်ခိုင်သည် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ကြောင်း UEC က အသိပေးထားသည်။
” ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ် တော် FPTP မဲဆန္ဒနယ် အမှတ်(၂)တွင် အမည်စာရင်းတင်သွင်းထားသည့် ဒေါက်တာသက်သက်ခိုင်သည် သက်ဆိုင်ရာသက်ဆိုင်ရာရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသဖြင့် ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်း အမည်စာရင်းမှပယ်ဖျက်ခြင်း ဖြစ်ပါသည်” ဟု UEC က ဖြစ်သည်။
ဒေါက်တာသက်သက်ခိုင်သည် လာမည့် ရွေးကောက်ပွဲတွင် ဗဟန်း၊ ကမာရွတ်၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်း မြောက်ဥက္ကလာပမြို့နယ်တို့ပါဝင်သည့် ရန်ကု န်တိုင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်သွင်းထားခြင်း ဖြစ်သည်။
ဒေါ်သက်သက်ခိုင် ဦးဆောင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း (၆၇၂) ယောက် ဝင်ပြိုင်ရန် UEC ထံ အမည်စာရင်း တင်သွင်းထားသည့် ပြည်ထောင်စုအဆင့် ပါတီတစ်ခု ဖြစ်သည်။
