Thursday, November 13, 2025

အာဖဂန်နစ္စတန်-မြန်မာ ဒုတိယအကျော့ပွဲစဉ် ရက်ပြောင်းလဲသတ်မှတ်

အာရှဖလားခြေစစ်ပွဲအတွက် အာဖဂန်နစ္စတန်-မြန်မာ ဒုတိယအကျော့ပွဲစဉ်ကို ရက်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။ အာဖဂန်နစ္စတန်-မြန်မာ ဒုတိယအကျော့ပွဲစဉ်ကို ၂၀၂၆ ခုနှစ် မတ်လ (၂၆)ရက်နေ့ ရက်‌ပြောင်းရွှေ့လိုက်သည်ဟု AFC က...

မန္တလေးမြို့ရှိ “မဟာအောင်မြေ”ရုပ်ရှင်ရုံတွင် မီးလေ-ာင်မှုဖြစ်

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ "မဟာအောင်မြေ"ရုပ်ရှင်ရုံတွင် ယနေ့ နိုဝင်ဘာ ၁၃ ရက်ညနေ ၄ နာရီ ၂၇ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ...

အာဆီယံ၏မစွက်ဖက်ရေးမူကို ပြန်စဉ်းစားသင့်–ထိုင်းနိုင်ငံခြားရေးဝန်ကြီး

အာဆီယံက ကာလကြာရှည်ကိုင်စွဲထားသော မစွက်ဖက်ရေးမူသည် အရေးယူဆောင်ရွက်ခြင်းမပြုရန် “ဆင်ခြေ” တစ်ခုမဖြစ်သွားစေရေးအတွက် အဆိုပါမူကို ပြန်လည်စဉ်းစားသင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖောင်ကတ်ကေးက ပြောကြားလိုက်သည်။ စက်တင်ဘာလတွင် နိုင်ငံခြားရေးဝန်ကြီးတာဝန်မထမ်းဆောင်မီအထိ...

ဖိလစ်ပိုင်တွင် တီဘီရောဂါတို-က်ဖျ-က်ရေးကို အရှိန်မြှင့်တင်

မနီလာ၊ နိုဝင်ဘာ ၁၃ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖိလစ်ပိုင်နိုင်ငံသား ၁၂ သန်းကို ရောဂါရှာဖွေစစ်ဆေးရန် ရည်မှန်းချက်ကြီးစွာဖြင့် တီဘီရောဂါတို-က်ဖျ-က်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း...
HomeNewsLocal Newsဒေါ်လာဈေး တအိအိဖြင့် ဆက်တိုက်ပြန်ကျလာ...

ဒေါ်လာဈေး တအိအိဖြင့် ဆက်တိုက်ပြန်ကျလာ ၊ တစ်ဒါ်လာ ၂၈၀၀ ကျော်ဖြင့် အရောင်းအဝယ်ဖြစ်

တစ်ဒေါ်လာ ၄၅၀၀ ကျပ်အထိ စံချိန်တင် အတက်ကြမ်းခဲ့သည့် အမေရိကန်ဒေါ်လာ ငွေလဲဈေးနှုန်းမှာ တအိအိပြန်လည်ကျဆင်းလာပြီး ယနေ့ နိုဝင်ဘာ (၂၂) ရက် ဈေး ကွက်အတွင်း ပေါက်ဈေး မှာ တစ်ဒေါ်လာ ၂၈၇၀ ကျပ်ဝန်းကျင်ဖြင့် ‌ဈေးဖွင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်တစ်ပတ် ဈေးကွက်ပိတ်ချိန်တွင် တစ်ဒေါ်လာ ၂၉၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့် ဒေါ်လာဈေးနှုန်းမှာ ယနေ့ ညနေပိုင်းတွင် တစ်ဒေါ်လာ ၂၈၇၀ ဖြင့် အရောင်းပိတ်ခဲ့ကြောင်း ရန်ကုန်ငွေလဲဈေး ကွက်အတွင်းမှ သိရသည်။

” ၂၉၀၀ ကပ်ကပ်ပေါ့ ။ ညနေပိုင်း ပါးပါးထပ်ကျတယ်” ဟု ရန်ကုန်မြို့မှ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ ဈေးနှုန်းသည် ယမန်နေ့ ညနေပိုင်းဈေးကွက် ပိ တ်ချိန်ဈေးနှုန်းထက် အနည်းငယ် ကျဆင်းခဲ့ပြီး တစ်ဒေါ်လာလျင် (၂၀) ကျပ်ဝန်းကျင် ထပ်မံ ကျဆင်းခဲ့ကြော င်း သိရသည်။

အမေရိကန် ဗဟိုဘဏ်၏ အတိုးနှုန်း မူဝါဒအပြောင်း အ လဲများကြောင့် ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာတန်ဖိုးကျဆင်းလာပြီးနောက် ပြည်တွင်း၌လည်း ကာလအတော်ကြာ တန့်နေသည့် ငွေလဲဈေးနှုန်းမှာ တဖြေးဖြေး ပြန်လ ည်ကျဆင်းလာခြင်း ဖြစ်သည်။

ယခုလို ပြည်တွင်း ငွေလဲနှုန်းကျဆင်းလာခြင်းမှာ ကမ္ဘာ့ရေနံဈေးနှုန်း အကျဘက်သို့ရောက်လာခြင်း ၊ ကမ္ဘာ့ရွှေဈေးပြန်လည်ကျဆင်းလာခြင်းတို့အပါအဝင် ပြည်တွင်း ၌ နိုင်ငံခြားငွေ လိုအပ်ချက်ကို ဖြေရှင်းလာနိုင်သည့် အ ခြေအနေများနှင့်ပါ သက်ဆိုင်နေကြောင်း ငွေကြေးကျွ မ်းကျင်သူများက သုံးသပ်မှုများလည်း ရှိသည်။

” အကုန်လုံးနဲ့ သွားချိတ်ဆက်နေတာပေါ့နော်။ အခုက ‌ကမ္ဘာ့ရေနံဈေး နည်းနည်းကျနေတယ်။ ရွှေဈေးလည်း ဒီလိုပဲ။ ပြီးတော့ ကမ္ဘာ့ဈေးကွက်မှာလည်း ဒေါ်လာတန်ဖိုးက ကျနေတယ်ပေါ့ ။ အဲဒါတွေနဲ့လည်ဆိုင်သလို အခုနောက် ပိုင်းမှာ ပြည်တွင်းက ဒေါ်လာ လိုအပ်ချက်ကို ဖြေရှင်းနိုင်လာတဲ့ အပေါ်မှာလည်း ဆိုင်တယ်။ မလိုဘူးတော့မဟုတ်ဘူး။ အရင်ကလောက် ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်တော့ဘူးပေါ့။ အစိုးရကလည်း ဝင်ထိန်းပေးနေတာရှိတာဆိုတော့လေ” ဟု ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင် တ စ်ဦးက ပြောသည်။

ပြည်တွင်းရှိ နိုင်ငံခြားငွေ လိုအပ်ချက်ကို ဖြေရှင်းသည့်အနေဖြင့် အစိုးရက ကန်ဒေါ်လာသန်း ရာနှင့်ချီ ထုတ်ချေးပေးခြင်း ၊ ပုဂ္ဂလိကဘဏ်များမှတဆင့် ဒေါ်လာထုတ်ရော င်းခြင်းများ လုပ်ဆောင်ထားပြီး ၊ ရုရှ ၊ တရုတ်၊ ထိုင်း၊ အိ န္ဒိယ နိုင်ငံငွေကြေးများနှင့် တိုက်ရိုက်ကုန်သွယ်သည့် စန စ်ကိုလည်း စီစဉ်ဆောင်ရွက်နေကြောင်း နစက တာဝန်ရှိသူများက ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဖဂန်နစ္စတန်-မြန်မာ ဒုတိယအကျော့ပွဲစဉ် ရက်ပြောင်းလဲသတ်မှတ်

အာရှဖလားခြေစစ်ပွဲအတွက် အာဖဂန်နစ္စတန်-မြန်မာ ဒုတိယအကျော့ပွဲစဉ်ကို ရက်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။ အာဖဂန်နစ္စတန်-မြန်မာ ဒုတိယအကျော့ပွဲစဉ်ကို ၂၀၂၆ ခုနှစ် မတ်လ (၂၆)ရက်နေ့ ရက်‌ပြောင်းရွှေ့လိုက်သည်ဟု AFC က တရားဝင် သတင်းထုတ်ပြန်ထားသည်။ အဆိုပါပွဲကို ကနဦးတွင် ယခုနှစ် နိုဝင်ဘာ (၁၈)ရက်၌ ကစားရမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၌ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားခြင်းဖြစ်သည်။ ယင်းပွဲရက် ရွှေ့ဆိုင်းလိုက်ခြင်းကြောင့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဆီးဂိမ်းဝင်ပြိုင်မည့် လက်ရွေးစင် ယူ-၂၃ အသင်းဖြင့် ခြေစမ်းကစားသွားရန် ရှိနေကြောင်း သိရသည်။

မန္တလေးမြို့ရှိ “မဟာအောင်မြေ”ရုပ်ရှင်ရုံတွင် မီးလေ-ာင်မှုဖြစ်

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ "မဟာအောင်မြေ"ရုပ်ရှင်ရုံတွင် ယနေ့ နိုဝင်ဘာ ၁၃ ရက်ညနေ ၄ နာရီ ၂၇ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ မဟာအောင်မြေမြို့နယ်၊ ၈၆ လမ်း၊ ၄၂ လမ်းနှင့် ၄၃ လမ်းကြားရှိ "မဟာအောင်မြေ" ရုပ်ရှင်ရုံတွင်မီးလေ-ာင်မှုဖြစ်ပွား၍ သက်ဆိုင်ရာမီးသ-တ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင်ဖြင့်ပူး ပေါင်းငြှိမ်းသ-တ်ခဲ့ကြရာ ညနေ ၄ နာရီ ၄၅ မိနစ်တွငိ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ Photo-Ko Than Htay

အာဆီယံ၏မစွက်ဖက်ရေးမူကို ပြန်စဉ်းစားသင့်–ထိုင်းနိုင်ငံခြားရေးဝန်ကြီး

အာဆီယံက ကာလကြာရှည်ကိုင်စွဲထားသော မစွက်ဖက်ရေးမူသည် အရေးယူဆောင်ရွက်ခြင်းမပြုရန် “ဆင်ခြေ” တစ်ခုမဖြစ်သွားစေရေးအတွက် အဆိုပါမူကို ပြန်လည်စဉ်းစားသင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖောင်ကတ်ကေးက ပြောကြားလိုက်သည်။ စက်တင်ဘာလတွင် နိုင်ငံခြားရေးဝန်ကြီးတာဝန်မထမ်းဆောင်မီအထိ ရာထူးတာဝန်အမျိုးမျိုးတွင် ထမ်းဆောင်ခဲ့သော ဝါရင့်သံတမန်တစ်ဦးဖြစ်သည့် ဝန်ကြီးက တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအကြား ပြင်းထန်လာသော ပြိုင်ဆိုင်မှုများအကြားတွင် အဖွဲ့ဝင် ၁၁ နိုင်ငံပါ ဒေသတွင်းအဖွဲ့အစည်းသည် အများသဘောဆန္ဒကို တည်ဆောက်ရန် သစ်လွင်သောချဉ်းကပ်မှုကို လက်ခံရမည်ဟု ပြောဆိုသည်။ “ကျွန်တော်တို့ မြန်မြန်သွက်သွက်လုပ်ရမယ်။ ပထမဦးစွာ ကျွန်တော်တို့မှာရှိတဲ့ ခွန်အားကို အသုံးပြုရမယ်။ ကျွန်တော်တို့ ဘက်မလိုက်ရဘူး” ဟု ပေကျင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071