(Unicode)
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာအမှုအတွက်တရားလိုကို ယနေ့တွင် စစ်ဆေး
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ အမှုတွေထဲက တစ်ခုဖြစ်တဲ့ ရန်ကုန်မြို့က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ်မြေနေရာအတွက် တရားလိုဖြစ်သူ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရေးမှူးဦးရဲထက်ကို ဒီနေ့ နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ်က အထူးတရားရုံးမှာ စတင်စစ်ဆေးခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။
ရန်ကုန်မြို့မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ်ကို ဗဟန်းမြို့နယ်၊တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ်(၆၀)မှာဖွင့်လှစ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်ရာမှာ လုပ်ထုံးလုပ်နည်းတွေနဲ့မညီပဲ ဌားရမ်းခဲ့တာကြောင့် နိုင်ငံတော်က ငွေကျပ်သန်း ၅၂၀၀ ကျော်ဆုံးရှုံးခဲ့ရတယ်ဆိုပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၅ နဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ထဲကိုပဲ ရန်ကုန်တိုင်းတရားလွှတ်တော်မှာ တရားစွဲဆိုခဲ့ပြီး လက်ရှိမှာတော့ အဲဒီအမှုကို နေပြည်တော်က အ ထူးတရားရုံးမှာလွှဲပြောင်း စစ်ဆေးနေပါတယ်။
ဒီနေ့ရုံးချိန်းမှာ တရားလိုတစ်ယောက်ထဲကိုပဲစစ်ဆေးခဲ့ပေမဲ့ နောက်တစ်ပတ် ဒီဇင်ဘာ ၁၇ ရက် ရုံးချိန်းမှာတော့ တရားလိုနှစ်ယောက်ကိုစစ်ဆေးသွားဖို့ရှိတယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နစက ကစွဲဆိုထားတဲ့အမှုတွေထဲက နှစ်မှုကိုတော့ ဒီဇင်ဘာ ၆ ရက်ကအမိန့်ချမှတ်ခဲ့ပြီး နှစ်မှုပေါင်းအတွက် ထောင်ဒဏ်လေးနှစ်ချမှတ်ခဲ့ပါတယ်။
ချမှတ်ထားတဲ့ထောင်ဒဏ်လေးနှစ်ထဲက နှစ်နှစ်ကိုတော့ နစက ကအဲဒီနေ့ညမှာပဲလျော့ပေါ့ပေးခဲ့ပြီး ကျန်နှစ်နှစ်ကိုတော့ လက်ရှိထိန်းသိမ်းထားတဲ့နေရာမှပဲကျခံစေဖို့ကို ထုတ်ပြန်ခဲ့ပါတယ်။
(Zawgyi)
ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းေျမေနရာအမႈအတြက္တရားလိုကို ယေန႔တြင္ စစ္ေဆး
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္ကိုစြဲဆိုထားတဲ့ အမႈေတြထဲက တစ္ခုျဖစ္တဲ့ ရန္ကုန္ၿမိဳ႕က ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း႐ုံးခ်ဳပ္ေျမေနရာအတြက္ တရားလိုျဖစ္သူ အဂတိ လိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စစ္ေဆးေရးမႉးဦးရဲထက္ကို ဒီေန႔ ေနျပည္ေတာ္၊ဇဗၺဴသီရိၿမိဳ႕နယ္က အထူးတရား႐ုံးမွာ စတင္စစ္ေဆးခဲ့တယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းက သိရပါတယ္။
ရန္ကုန္ၿမိဳ႕မွာ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း႐ုံးခ်ဳပ္ကို ဗဟန္းၿမိဳ႕နယ္၊တကၠသိုလ္ရိပ္သာလမ္းက ၿခံအမွတ္(၆၀)မွာဖြင့္လွစ္ဖို႔အတြက္ ေဒၚေအာင္ဆန္းစုၾကည္က လုပ္ေဆာင္ရာမွာ လုပ္ထုံးလုပ္နည္းေတြနဲ႔မညီပဲ ဌားရမ္းခဲ့တာေၾကာင့္ ႏိုင္ငံေတာ္က ေငြက်ပ္သန္း ၅၂၀၀ ေက်ာ္ဆုံးရႈံးခဲ့ရတယ္ဆိုၿပီး တရားစြဲဆိုခဲ့တာျဖစ္ပါတယ္။
အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ-၅၅ နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တစ္ေယာက္ထဲကိုပဲ ရန္ကုန္တိုင္းတရားလႊတ္ေတာ္မွာ တရားစြဲဆိုခဲ့ၿပီး လက္ရွိမွာေတာ့ အဲဒီအမႈကို ေနျပည္ေတာ္က အ ထူးတရား႐ုံးမွာလႊဲေျပာင္း စစ္ေဆးေနပါတယ္။
ဒီေန႔႐ုံးခ်ိန္းမွာ တရားလိုတစ္ေယာက္ထဲကိုပဲစစ္ေဆးခဲ့ေပမဲ့ ေနာက္တစ္ပတ္ ဒီဇင္ဘာ ၁၇ ရက္ ႐ုံးခ်ိန္းမွာေတာ့ တရားလိုႏွစ္ေယာက္ကိုစစ္ေဆးသြားဖို႔ရွိတယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းက သိရပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ကို နစက ကစြဲဆိုထားတဲ့အမႈေတြထဲက ႏွစ္မႈကိုေတာ့ ဒီဇင္ဘာ ၆ ရက္ကအမိန္႔ခ်မွတ္ခဲ့ၿပီး ႏွစ္မႈေပါင္းအတြက္ ေထာင္ဒဏ္ေလးႏွစ္ခ်မွတ္ခဲ့ပါတယ္။
ခ်မွတ္ထားတဲ့ေထာင္ဒဏ္ေလးႏွစ္ထဲက ႏွစ္ႏွစ္ကိုေတာ့ နစက ကအဲဒီေန႔ညမွာပဲေလ်ာ့ေပါ့ေပးခဲ့ၿပီး က်န္ႏွစ္ႏွစ္ကိုေတာ့ လက္ရွိထိန္းသိမ္းထားတဲ့ေနရာမွပဲက်ခံေစဖို႔ကို ထုတ္ျပန္ခဲ့ပါတယ္။