(Unicode)
ဒေါပုံမြို့နယ်တွင် ငွေကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
ဒီဇင်ဘာ ၂ရက်နေ့၊နေ့လည် ၂နာရီခွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့များ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဟာ သတင်းအရ ဒေါပုံမြို့နယ်၊ယမုံနာ ၂ရပ်ကွက်၊ စာတိုက် ၁လမ်းမှာ ဝင်းမိုးနိုင်နှင့် သန်းအေး(ခ) ဗျတ္တ အတူစီးနင်းလာတဲ့ စက်ဘီးကို စစ်ဆေးရှာဖွေရာ သန်းအေး(ခ)ဗျတ္တထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ပြား(ကာလတန်ဖိုးငွေကျပ် ၁၀သိန်း)နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။
ဆက်လက်စစ်ဆေးချက်အရ သန်းအေး(ခ)ဗျတ္တရဲ့နေအိမ်ကို စစ်ဆေးရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်း ဝက်ဝံရုပ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၅၂၀၀ ပြား(ကာလတန်ဖိုးငွေကျပ် ၅၂သိန်းနှင့် ICE (မက်သ်အဖက်တမင်း)အလေးချိန် ၅ဂရမ်တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ပါသည်။
အလားတူပဲ ၄င်းနေ့ နေ့လည် ၃နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဟာ သတင်းအရ ဒေါပုံမြို့နယ်၊ဗမာအေးရပ်ကွက်၊ရွှေဖူးမျှော်လမ်းမှာ လမ်းလျှောက်လာတဲ့ ခင်မောင်(ခ)အီစွတ်အား စစ်ဆေးရှာဖွေရာ ၄င်းထံမှ ဘိန်းဖြူအလေးချိန် ၁၀ဂရမ်(ကာလတန်ဖိုးငွေကျပ် ၄သိန်း)နှင့် လက်ကိုင်ဖုန်း ၁လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။
ဆက်လက်ကွင်းဆက်ဖော်ထုတ်ချက်အရ နေ့လည် ၃နာရီ ၂၀မိနစ်အချိန်က ဒေါပုံမြို့နယ်၊ဗမာအေးရပ်ကွက် ၊မင်းနန္ဒာလမ်းမကြီးပေါ်တွင်
ခင်မောင်စိုး(ခ)ဂျလစ်ကို Honda fit မော်တော် ယာဉ်တစ်စီးနဲ့အတူ တွေ့ရှိရပြီး မော်တော်ယာဉ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀ ပြား (ကာလတန်ဖိုးငွေကျပ် ၃သိန်း)၊ICE (မက်သ်အ ဖက်တမင်း) အလေးချိန် ၈ဂရမ်(ကာလတန်ဖိုးငွေကျပ် ၂.၈သိန်း)နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။
ဆက်လက်ပြီး ဒေါပုံမြို့နယ်၊နွယ်အေးရပ်ကွက်၊နွယ်အေး ၄လမ်းရှိ ခင်မောင်စိုး(ခ)ဂျလစ်၏ နေအိမ်ကို စစ်ဆေးရှာဖွေရာ နေအိမ်ရှေ့ခန်းရှိ ပ လတ်စတစ်ပုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၃၁၂၀ ပြား (ကာလတန်ဖိုးငွေကျပ် ၄၃၁.၂သိန်း)၊ ICE (မက်သ်အဖက်တမင်း)အ လေးချိန် ၄၂၅ဂရမ်(ကာလတန်ဖိုးငွေကျပ် ၁၄၈.၇၅သိန်း)နှင့် မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို ထပ်မံသိမ်းဆည်းရမိခဲ့ပါသည်။
သိမ်းဆည်းရမိသည့်မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ ဝင်းမိုးနိုင်(၁၉နှစ်)၊သန်းအေး(ခ) ဗျတ္တ(၂၀နှစ်)၊ခင်မောင်(ခ)အီစွတ် (၄၄နှစ်)နှင့်ခင်မောင်စိုး(ခ)ဂျလစ်(၄၂)နှစ်တို့အား ဒေါပုံမြို့ မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အ မှုဖွင့်အရေးယူထားပြီး ကွင်းဆက်တွေကိုဖော် ထုတ်လျက်ရှိကြောင်း သိရပါသည်။
(Zawgyi)
ေဒါပုံၿမိဳ႕နယ္တြင္ ေငြက်ပ္သိန္း ၆၀၀ ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိ
ဒီဇင္ဘာ ၂ရက္ေန႔၊ေန႔လည္ ၂နာရီခြဲအခ်ိန္က မူးယစ္ေဆးဝါးတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕မ်ား တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာပူးေပါင္းအဖြဲ႕ဟာ သတင္းအရ ေဒါပုံၿမိဳ႕နယ္၊ယမုံနာ ၂ရပ္ကြက္၊ စာတိုက္ ၁လမ္းမွာ ဝင္းမိုးႏိုင္ႏွင့္ သန္းေအး(ခ) ဗ်တၱ အတူစီးနင္းလာတဲ့ စက္ဘီးကို စစ္ေဆးရွာေဖြရာ သန္းေအး(ခ)ဗ်တၱထံမွ စိတ္ႂကြ႐ူးသြ
ပ္ေဆးျပား ၁၀၀၀ျပား(ကာလတန္ဖိုးေငြက်ပ္ ၁၀သိန္း)ႏွင့္ လက္ကိုင္ဖုန္းတစ္လုံးတို႔ကို သိမ္းဆည္းရမိခဲ့ပါသည္။
ဆက္လက္စစ္ေဆးခ်က္အရ သန္းေအး(ခ)ဗ်တၱရဲ႕ေနအိမ္ကို စစ္ေဆးရွာေဖြရာ ေနအိမ္အိပ္ခန္းအတြင္း ဝက္ဝံ႐ုပ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ ေဆးျပား ၅၂၀၀ ျပား(ကာလတန္ဖိုးေငြက်ပ္ ၅၂သိန္းႏွင့္ ICE (မက္သ္အဖက္တမင္း)အေလးခ်ိန္ ၅ဂရမ္တို႔ကို ထပ္မံသိမ္းဆည္းရမိခဲ့ပါသည္။
အလားတူပဲ ၄င္းေန႔ ေန႔လည္ ၃နာရီအခ်ိန္တြင္ ပူးေပါင္းအဖြဲ႕ဟာ သတင္းအရ ေဒါပုံၿမိဳ႕နယ္၊ဗမာေအးရပ္ကြက္၊ေ႐ႊဖူးေမွ်ာ္လမ္းမွာ လမ္းေလွ်ာက္လာတဲ့ ခင္ေမာင္(ခ)အီစြတ္အား စစ္ေဆးရွာေဖြရာ ၄င္းထံမွ ဘိန္းျဖဴအေလးခ်ိန္ ၁၀ဂရမ္(ကာလတန္ဖိုးေငြက်ပ္ ၄သိန္း)ႏွင့္ လက္ကိုင္ဖုန္း ၁လုံးတို႔ကို သိမ္းဆည္းရမိခဲ့ပါသည္။
ဆက္လက္ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ေန႔လည္ ၃နာရီ ၂၀မိနစ္အခ်ိန္က ေဒါပုံၿမိဳ႕နယ္၊ဗမာေအးရပ္ကြက္ ၊မင္းနႏၵာလမ္းမႀကီးေပၚတြင္
ခင္ေမာင္စိုး(ခ)ဂ်လစ္ကို Honda fit ေမာ္ေတာ္ ယာဥ္တစ္စီးနဲ႔အတူ ေတြ႕ရွိရၿပီး ေမာ္ေတာ္ယာဥ္ အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၃၀၀ ျပား (ကာလတန္ဖိုးေငြက်ပ္ ၃သိန္း)၊ICE (မက္သ္အ ဖက္တမင္း) အေလးခ်ိန္ ၈ဂရမ္(ကာလတန္ဖိုးေငြက်ပ္ ၂.၈သိန္း)ႏွင့္ လက္ကိုင္ဖုန္းတစ္လုံးတို႔ကို သိမ္းဆည္းရမိခဲ့ပါသည္။
ဆက္လက္ၿပီး ေဒါပုံၿမိဳ႕နယ္၊ႏြယ္ေအးရပ္ကြက္၊ႏြယ္ေအး ၄လမ္းရွိ ခင္ေမာင္စိုး(ခ)ဂ်လစ္၏ ေနအိမ္ကို စစ္ေဆးရွာေဖြရာ ေနအိမ္ေရွ႕ခန္းရွိ ပ လတ္စတစ္ပုံးအတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၄၃၁၂၀ ျပား (ကာလတန္ဖိုးေငြက်ပ္ ၄၃၁.၂သိန္း)၊ ICE (မက္သ္အဖက္တမင္း)အ ေလးခ်ိန္ ၄၂၅ဂရမ္(ကာလတန္ဖိုးေငြက်ပ္ ၁၄၈.၇၅သိန္း)ႏွင့္ မူးယစ္ေဆးဝါးသုံးစြဲရာမွာ အသုံးျပဳတဲ့ ဆက္စပ္ပစၥည္းေတြကို ထပ္မံသိမ္းဆည္းရမိခဲ့ပါသည္။
သိမ္းဆည္းရမိသည့္မူးယစ္ေဆးဝါးမ်ားႏွင့္စပ္လ်ဥ္း၍ ဝင္းမိုးႏိုင္(၁၉ႏွစ္)၊သန္းေအး(ခ) ဗ်တၱ(၂၀ႏွစ္)၊ခင္ေမာင္(ခ)အီစြတ္ (၄၄ႏွစ္)ႏွင့္
ခင္ေမာင္စိုး(ခ)ဂ်လစ္(၄၂)ႏွစ္တို႔အား ေဒါပုံၿမိဳ႕ မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အ မႈဖြင့္အေရးယူထားၿပီး ကြင္းဆက္ေတြကိုေဖာ္ ထုတ္လ်က္ရွိေၾကာင္း သိရပါသည္။