Sunday, January 25, 2026

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeNewsLocal Newsဒေါနတောင်လမ်းဟောင်းတွင် ဖြတ်သန်းသွားလာမည့် ယာဉ်များကို...

ဒေါနတောင်လမ်းဟောင်းတွင် ဖြတ်သန်းသွားလာမည့် ယာဉ်များကို အတက်/အဆင်း တစ်ရက်စီ သတ်မှတ်ကာ ဖြတ်သန်းခွင့်ပြုမည်

မြဝတီ – ကော့ကရိတ်သွား ဒေါနတောင်တက်လမ်းဟောင်းတွင် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးအဆွက် ဖြတ်သန်းသွားလာမည့်ကားများအား သြဂုတ် (၁၃) ရက်မှ စတင်ကာ အတက်/အဆင်းတစ်ရက်စီ သတ်မှတ်ခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

“အာရှလမ်းကြီးရဲ့ မြေပြိုကျတဲ့နေရာကို ပြင်ဆင်နေတဲ့အတွက် ဖြတ်သန်းသွားလာဖို့က ဒီတောင်ပေါ်လမ်းဟောင်းကိုပဲ သုံးနေရတာဆိုတော့ ကားအသွားအလာများတယ်။ အဲဒီလို အသွားအလာများတာကြောင့် မလိုအပ်ဘဲ လမ်းပိတ်ဆို့တာတွေ မဖြစ်အောင် အရင်ကအတိုင်း အတက်တစ်ရက် အဆင်းတစ်ရက် သတ်မှတ်ပေးခဲ့တာပါ” ဟု ဒေသခံလူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

ထိုသို့ တောင်ပေါ်လမ်းဟောင်းအား အတက်/အဆင်းတစ်ရက်စီသတ်မှတ်ခဲ့သဖြင့် သြဂုတ် (၁၄) ရက်သည် ကားများအဆင်းရက်ဖြစ်ပြီး သြဂုတ် (၁၃) ရက် (ယမန်နေ့) ကမူ အတက်ရက်ဖြစ်ကြောင်း သိရသည်။

“အရင် အာရှလမ်းကြီးဖောက်လုပ်မပြီးခင် ဒီလမ်းကနေပဲ မြဝတီ/ကော့ကရိတ်ကို သွားရတဲ့အခါ အတက်/အဆင်းတစ်ရက်စီသွားခဲ့ရတာ။ လမ်းကကျဥ်းတော့ တောင်ပေါ်မှာကားချင်းရှောင်တဲ့အခါ အဆင်မပြေတာတွေဖြစ်ရတယ်။ တစ်ချို့ကားကြီးတွေဆိုရင် အကွေ့တွေမှာ လွန်းထိုးပြီးတက်ရတာတွေရှိခဲ့တယ်။ အခုကတော့ ကားကြီးတွေဖြတ်တာမတွေ့ရဘူး။ ကားလေးတွေကိုပဲ ဖြတ်ခိုင်းနေတာ။ အာရှလမ်းပြင်လို့ မပြီးမချင်းကတော့ ဒီလမ်းဟောင်းကနေပဲသွားရမှာပဲ”ဟု မြဝတီမြို့ခံတစ်ဦးကပြောသည်။

လက်ရှိအချိန်၌ မြဝတီ – ကော့ကရိတ်သွားအာရှလမ်းမကြီး၏ တောနော်ရေတံခွန်အနီး မြေပြိုကျကာပျက်စီးသွားခဲ့သည့်နေရာအား တစ်လအတွင်း ယာယီဘေလီတံတားတည်ဆောက်ပြီးစီးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Photo Credit – စော OK

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီ (၂၅) ရက် ၊ နံနက် (၇)နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်ပေါ်ပါ ခရီးသည် (၂၂)ဦးအနက် အဆိုပါ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ခြင်းဖြစ် သည်။ ဒဏ်ရာရသူ အမျိုးသမီးအား စေတနာမွန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071