အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသအနီးတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၊ အထက်ပင့်တက်လေအားကောင်းရာမှ ဒေါင်လိုက်တိမ်ဖြစ်ထွန်းမှုအားကောင်းသည့်အတွက် မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း ရာသီဥတုအခြေအနေများဖြစ်ပေါ်နေသည်ဟု မိုးဇလကအသိပေးခဲ့သည်။
ယင်း ရာသီဥတုအခြေအနေ (၃) ရပ်ကြောင့် မနက်ဖြန် နိုဝင်ဘာ ၄ ရက်မှ နိုဝင်ဘာ ၆ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း သိရသည်။
ထိုသို့ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခ-တ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းသဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ ယင်းဒေသများရှိ ကုန်းမြင့်ဒေသအနီးနေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးနေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားကြရန် မိုးဇလကအသိပေးထားကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်လည်း မိုးဇလကအသိပေးခဲ့ကြောင်း သိရသည်။
