ဝန်ထမ်းများအား CDM လုပ်ရန် တိုက်တွန်းခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသော မကွေးတိုင်း ဝန်ကြီး ချုပ်ဟောင်းဒေါက်တာအောင်မိုးညိုကို ပုဒ်မ၅၀၅(ခ)ဖြင့် အလုပ်နှင့် ထောင်၂နှစ်ချမှတ် ခံရလိုက်ရသည်ဟု သိရသည်။
ယမန်နေ့က မကွေးမြို့နယ် တရားရုံးက ဒေါက်တာအောင်မိုးညိုအား အမိန့်ချ လိုက်ခြင်းဖြစ်သည်ဟု ၎င်း၏ရှေ့နေပြောကြားချက် အရ သိရသည်။
ဒေါက်တာအောင်မိုးညိုကို သဘာဝဘေးဥပဒေပုဒ်မ ၂၅ဖြင့်လည်း အမှုဖွင့် တရားစွဲဆိုထားသေးကြောင်းလည်း သိရသည်။
မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီး ချုပ်ဟောင်း အစရှိသည့် ဝန်ကြီးချုပ်များမှာမူ အမှုရင်ဆိုင်နေရဆဲဖြစ်သည်ဟု သိရသည်။