(Unicode)
ဒေါက်တာဇော်မြင့်မောင်အား ထောင်( ၄)နှစ်ချမှတ်
NLD ဒုတိယဥက္ကဌ(၂)၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက အမှု ၂ခုကို ဒီကနေ့ ဒီဇင်ဘာ ၈ရက်မှာ အပြီးသတ်အမိန့်ချမှတ်လိုက်တယ်လို့ ရှေ့နေတွေကနေသိရပါတယ်။
မန္တလေး အိုဘိုထောင်အကျဉ်းထောင်ထဲ ထိန်းသိမ်းခံထားရတဲ့ ဒေါက်တာဇော်မြင့်မောင်ကို တရားရုံးက ဒီကနေ့မှာအမိန့်ချမှတ်လိုက်တာပါ။
ဒေါက်တာဇော်မြင့်မောင်ကို ဖေဖော်ဝါရီလထဲ ဖမ်းဆီးထိန်းသိမ်းပြီးနောက် NLD ပါတီရဲ့ ထုတ်ပြန်ကြေညာချက်ကြောင့်ဆိုပြီး ပုဒ်မ ၅၀၅(ခ)နဲ့ အမှုဖွင့်ခဲ့တာကို ထောင် ၂နှစ်၊ ကိုဗစ်ဆိုင်ရာ အသိပညာပေးကို လူစုလူဝေးနဲ့ လုပ်ခဲ့တာကြောင့်ဆိုပြီး သဘာဝဘေးဥပဒေပုဒ်မ ၂၅ နဲ့ စွဲဆိုထားတဲ့အမှုကို ထောင် (၂)နှစ် ချမှတ်လိုက်တာပါ။
“သဘာဝဘေးအမှုမှာတော့ ထုတ်နှုတ်ခံစားခွင့်ရှိတယ်ဆိုပြီး အမိန့်ချခဲ့တယ်။၅၀၅ မှာတော့ထုတ်နှုတ်ခံစားခွင့်မရှိဘူးလို့ အမိန့် ချလိုက်ပါတယ် ”လို့ ရှေ့နေတွေက ပြောပြပါတယ်။
(Zawgyi)
ေဒါက္တာေဇာ္ျမင့္ေမာင္အား ေထာင္( ၄)ႏွစ္ခ်မွတ္
NLD ဒုတိယဥကၠဌ(၂)၊ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းေဒါက္တာေဇာ္ျမင့္ေမာင္အေပၚ စြဲဆိုထားတဲ့ အမႈေတြထဲက အမႈ ၂ခုကို ဒီကေန႔ ဒီဇင္ဘာ ၈ရက္မွာ အၿပီးသတ္အမိန႔္ခ်မွတ္လိုက္တယ္လို႔ ေရွ႕ေနေတြကေနသိရပါတယ္။
မႏၲေလး အိုဘိုေထာင္အက်ဥ္းေထာင္ထဲ ထိန္းသိမ္းခံထားရတဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္ကို တရား႐ုံးက ဒီကေန႔မွာအမိန႔္ခ်မွတ္လိုက္တာပါ။
ေဒါက္တာေဇာ္ျမင့္ေမာင္ကို ေဖေဖာ္ဝါရီလထဲ ဖမ္းဆီးထိန္းသိမ္းၿပီးေနာက္ NLD ပါတီရဲ႕ ထုတ္ျပန္ေၾကညာခ်က္ေၾကာင့္ဆိုၿပီး ပုဒ္မ ၅၀၅(ခ)နဲ႔ အမႈဖြင့္ခဲ့တာကို ေထာင္ ၂ႏွစ္၊ ကိုဗစ္ဆိုင္ရာ အသိပညာေပးကို လူစုလူေဝးနဲ႔ လုပ္ခဲ့တာေၾကာင့္ဆိုၿပီး သဘာဝေဘးဥပေဒပုဒ္မ ၂၅ နဲ႔ စြဲဆိုထားတဲ့အမႈကို ေထာင္ (၂)ႏွစ္ ခ်မွတ္လိုက္တာပါ။
“သဘာဝေဘးအမႈမွာေတာ့ ထုတ္ႏႈတ္ခံစားခြင့္ရွိတယ္ဆိုၿပီး အမိန႔္ခ်ခဲ့တယ္။၅၀၅ မွာေတာ့ထုတ္ႏႈတ္ခံစားခြင့္မရွိဘူးလို႔ အမိန႔္ ခ်လိုက္ပါတယ္ ”လို႔ ေရွ႕ေနေတြက ေျပာျပပါတယ္။