Saturday, January 24, 2026

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့်...

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ...

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့်...

တရုတ်နိုင်ငံသား(၂၈၃)ဦးအား ပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်းသို့ တရားမဝင်ဝင်ရောက်လာကာ အွန်လိုင်းလောင်းက စားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၂၈၃)ဦးကို ပြန် လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ၎င်းတို့အား ဇန်နဝါရီ...
HomeInternationalဒေသတွင်းနှင့် နိုင်ငံတကာအရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန်...

ဒေသတွင်းနှင့် နိုင်ငံတကာအရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန် တရုတ်နှင့် ဆော်ဒီ သဘောတူ

တရုတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ တနင်္ဂနွေနေ့က နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှုအပြီး၌ ထုတ်ပြန်ခဲ့သော ကြေညာချက်များတွင် အရှေ့အလယ်ပိုင်း သံခင်းတမန်ခင်းနှင့်ပတ်သက်၍ ရီယာ့ဒ်၏ အခန်းကဏ္ဍကို ပေကျင်းက ချီးကျူးကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) ဖြင့်စတင်ခဲ့သည့် အရှေ့အလယ်ပိုင်းသုံးနိုင်ငံကို ခရီးသွားရောက်နေခြင်းဖြစ်ကာ ဂျော်ဒန်တွင် ခရီးစဉ် ကို အဆုံးသတ်ရန် စီစဉ်ထားသည်။ ၎င်းသည် တနင်္ဂနွေနေ့တွင် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ်ဘင် ဖာဟန် အယ်လ်ဆော့ဒ်နှင့် တွေ့ဆုံခဲ့သည်။

တရုတ်အစိုးရပိုင် ရှင်းဟွာသတင်းဌာနက ဖော်ပြခဲ့သော ပူးတွဲထုတ်ပြန်ချက်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေမည့်ကိစ္စရပ်များကို အသေးစိတ်မဖော်ပြခဲ့သော်လည်း ဆော်ဒီအာရေဗျနှင့် အီရန်နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် မြှင့်တင်မှုကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် ဆော်ဒီအာရေဗျ၏ ဦးဆောင်အခန်းကဏ္ဍနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ လုံခြုံရေးနှင့် တည်ငြိမ်ရေး ကြိုးပမ်းအားထုတ်မှုများကို နစ်သက်တန်ဖိုးထားကြောင်း တနင်္လာနေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။

ပါလက်စတိုင်းအရေးအတွက် ပြည့်စုံပြီး တရားမျှတသော ဖြေရှင်းချက်နှင့် ပါလက်စတိုင်းလူမျိုးများအတွက် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံကို ထူထောင်ဖွဲ့စည်းရေးအတွက် နှစ်နိုင်ငံစလုံး၏ ထောက်ခံမှုကိုလည်း ထပ်လောင်းအတည်ပြုကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြခဲ့သည်။

အဆင့်မြင့်အရာရှိအဆင့် ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံသည် ဆော်ဒီအာရေဗျကို အရှေ့အလယ်ပိုင်းသံခင်းတမန်ခင်းအတွက် ဦးစားပေးအဖြစ်နှင့် နိုင်ငံတကာ သံတမန်ရေးရာတွင် အရေးပါသည့်မိတ်ဖက်နိုင်ငံအဖြစ် အမြဲသတ်မှတ်ကြောင်း ဝမ်က ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးကို ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တနင်္လာနေ့က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

စွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှုများအပြင် စွမ်းအင်အသစ်နှင့် အစိမ်းရောင်အသွင်ကူးပြောင်းမှုနယ်ပယ်များ တွင်လည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် ၎င်းက အားပေးခဲ့သည်။

ထို့အပြင် နှစ်နိုင်ငံစလုံးမှ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက် ဗီဇာများကို အပြန်အလှန်ကင်းလွတ်ခွင့်ပေးရန် သဘောတူညီခဲ့ကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့သည်။

Ref: ရိုက်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့် ရိုးရာဖိုက်တာကျော်စွာဝင်း

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ မူဂါ ကို ရိုးရာဖိုက်တာကျော်စွာဝင်း က ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးဖြင့် အနိုင်ရခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ပထမအချီ၌ပင် ပြိုင်ဘက်ကို နှစ်ကြိမ်လဲကျသည်အထိ ဖိအားပေးထိုးသ-တ်နိုင်ခဲ့သည့်အပြင် ဒုတိယပိုင်း စတင်ပွဲလွှတ်သည်နှင့် အလဲထိုးပြနိုင်ခဲ့သည်။ ပွဲစဉ်အပြီး ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲကိုလည်းဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ကျော်စွာဝင်းဆိုသည့် ပရိတ်သတ်၏ အားပေးသံသည် ကွင်းအတွင်းပင် ကြက်သီးထဖွယ်ရာ ကျယ်လောင်ခဲ့သည်။ ကျော်စွာဝင်းသည်...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ ထမအကြိမ်ပြန်လည်ခေါ်ဆောင်

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာသံရုံးတာဝန်ရှိသူများမှ ရောက်ရှိလာသောမြန်မာနိုင်ငံသားများအနက် (၁၃၆)ဦးအား ပထမအသုတ်အဖြစ် မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့်ပြန် လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်အစောပိုင်းတွင် မန္တလေးမြို့ရှိအပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက လိုအပ်သည့်ကိုယ်ရေးအချက်အ လက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်း၊ စစ် ဆေးခြင်းများပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့် မြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။ (ရေကြည်မြို့နယ်သည် ရွေးကောက်ပွဲအပိုင်း(၃)တွင်ပါဝင်ပြီး မြို့ပေါ်ရပ်ကွက်/ကျေးရွာများ၌ မဲရုံပေါင်း (၁၂၀)ခန့်ဖွင့်လှစ်သွားမည်ဖြစ်သည်။ Photo-ပေါ်ပြူလာနယူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071