ဒေလီ၌ ကိုဗစ်တကျော့ပြန်လာ၍ နှာခေါင်းစည်းမဖြစ်မနေတပ်ရန် ညွှန်ကြား
နူးဒေလီ၊ဩဂုတ် ၁၁
အိန္ဒိယနိုင်ငံ နူးဒေလီ၌ လွန်ခဲ့သောနှစ်ပတ်အတွင်း ကိုဗစ်ကူးစက်မှုပြန်မြင့်တက်လာသဖြင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရန် ထပ်မံပြဌာန်းတော့မည်ဖြစ်ကြောင်း သြဂုတ် ၁၁ ရက် ကြာသပတေးနေ့တွင်အစိုးရကထုတ်ပြန်ခဲ့သည်။အဆိုပါအမိန့်ကို ပြီးခဲ့သည့် ဧပြီလကထုတ်ပြန်ခဲ့သေးသော်လည်း မလိုက်နာကြပေ။
ယခုအချိန်တွင် လူထူထပ်သည့်ဈေးနှင့် ဈေးဝယ်စင်တာကဲ့သို့သော နေရာများတွင်ပါ နှာခေါင်းစည်းတပ်ဆင်သူနည်းနေပြီး ဩဂုတ်လ ၈ ရက်မှစတင်ကာ နှာခေါင်းစည်းမတပ်ပါက အိန္ဒိယရူပီး ၅၀၀ (ကန်ဒေါ်လာ ၆ ဒေါ်လာ) ကိုဒဏ်ကြေးပေးဆောင်ရမည်ဟု မီဒီယာများမှတစ်ဆင့် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
နူးဒေလီ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အသစ်ကူးစက်သူ၂,၁၄၆ ဦးနှင့် သေဆုံးသူ ရှစ်ဦးရှိကြောင်းပြောကြားခဲ့ကာ အိန္ဒိယပြည်နယ်များနှင့် ပြည်ေထာင်စုနယ်မြေများ၌အဆိုးဆုံးဖြစ်သည်ဟုဆိုသည်။
နိုင်ငံအတွင်း အသစ်ထပ်မံကူးစက်မှု ၁၆,၂၉၉ ဦးရှိခဲ့ပြီး စုစုပေါင်း ၄၄ ဒသမ ၂ သန်းအထိတိုးလာကာ သေဆုံးသူမှာ စုစုပေါင်း ၅၂၆,၈၇၉ ဦးအထိ များလာခဲ့သည်။အမှန်တကယ်ရှိနိုင်သည့်အရေအတွက်သည် ယခုထက်ပင် များနိုင်သည်ဟုလည်းဆိုသည်။
Source – Reuters/nh