နူးဒေလီ၊ နိုဝင်ဘာ ၁၂
လူရှစ်ဦးထက်မနည်းေ-သဆုံးခဲ့ရသည့် မြို့တော်၏အလယ်ဗဟိုတွင် ဖြစ်ပွားခဲ့သော ကားဗုံးပေါက်ကွဲမှုကို အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒရာ မိုဒီက “ပူးပေါင်းကြံစည်မှု” ဟု ယမန်နေ့တွင် ပြောကြားခဲ့ပြီး လုပ်ဆောင်သူများသည် တရားရင်ဆိုင်စေရမည်ဟု ကတိပြုခဲ့သည်။
အိန္ဒိယနိုင်ငံ၏ အကျော်ကြားဆုံး အထင်ကရနေရာတစ်ခုဖြစ်သည့် သမိုင်းဝင်ခံတပ်နီအနီး တနင်္လာနေ့တွင် ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်း အသေးစိတ်ကို ရဲတပ်ဖွဲ့က အတိအကျ ပြောကြားခြင်းမရှိသေးကြောင်း သိရသည်။
အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားရှိ ပါဟယ်လ်ဂမ် ခရီးသွားနေရာ၌ ဟိန္ဒူဘာသာဝင် ၂၆ ဦး ေ-သဆုံးခဲ့ပြီး ပါကစ္စတန်နှင့် ထိပ်တိုက်တွေ့မှုများဖြစ်ပွားခဲ့သည့် ဧပြီလ ၂၂ ရက်နောက်ပိုင်း ပထမဆုံး ထင်ရှားသော လုံခြုံရေးထိခိုက်သော ဖြစ်ရပ်ဖြစ်သည်။
မီးလေ-ာင်ကျွမ်းမှုကြောင့် ယာဉ်အများအပြား မီးလေ-ာင်ကာ လူ ၁၉ ဦး ထက်မနည်းဒ-ဏ်ရာရရှိခဲ့သည်။ အခင်းဖြစ်ပွားရာနေရာကို မှုခင်းစုံစမ်းစစ်ဆေးရေးမှူးများက အပျ-က်အစီးတွေကို ယမန်နေ့၌လိုက်လံစစ်ဆေး ကြည့်နေကြပါသည်။
အိန္ဒိယရဲများက တနင်္လာနေ့တွင် လူဆိုးဂိုဏ်းတစ်ဂိုဏ်းကိုဖမ်းဆီးကာ ဖေ-ာက်ခွဲရေးပစ္စည်းများနှင့် ချေမှုန်းရေးရိုင်ဖယ်ေ-သနတ်များကို သိမ်းဆည်းရမိခဲ့ပြီးနောက် နာရီပိုင်းအကြာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၎င်းတို့သည် ပါကစ္စတန်အခြေစိုက် အစ္စလာမ္မစ်အုပ်စု ဂျေရှ်အေ မိုဟမ်မတ်နှင့် ကက်ရ်ှမီးယားမှ ဂျီဟတ်ဝါဒီအဖွဲ့ အယ်လ်ခိုအီဒါ၏ မျိုးဆက် အန်ဆာ ဂဇ်ဝတ်အယ်ဟင်းဒ်တို့နှင့် ဆက်စပ်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ယင်းအဖွဲ့နှစ်ဖွဲ့စလုံးကို အိန္ဒိယရှိ အကြမ်းဖက်အဖွဲ့များအဖြစ် စာရင်းသွင်းထားသည်။ ကာကွယ်ရေးဝန်ကြီး ရာဂျနတ်စင်းက နယူးဒေလီတွင် ပြုလုပ်သည့် ကွန်ဖရင့်တစ်ခုတွင် စုံစမ်းရေးအေဂျင်စီများသည် “လျင်မြန်ပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း” နှင့် တွေ့ရှိချက်များကို “မကြာမီ လူသိရှင်ကြား ထုတ်ပြန်မည်” ဟု ပြောကြားခဲ့သည်။
ဒေလီအကြီးတန်းရဲအရာရှိ ရာဂျာ ဘန်သီးယာ က အကြမ်းဖက်မှုဆန့်ကျင်ရေးဥပဒေများဖြင့် မြို့တော်၏ လူစည်ကားသော ဒေလီရပ်ကွက်အဟောင်းတွင် ပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။
နယူးဒေလီ၏ လက်ထောက် မီးသ-တ်အရာရှိ အေကေ မာလစ်က ပေါက်ကွဲမှုအပြီး မကြာမီတွင် လူရှစ်ဦး ေ-သဆုံးခဲ့ကြောင်း အေအက်ဖ်ပီ သို့ ပြောကြားခဲ့သည်။
အိန္ဒိယပရက်စ် ထရပ်စ် သတင်းဌာနက ယမန်နေ့က ထုတ်ပြန်သော သတင်းတွင် ေ-သဆုံးသူ အရေအတွက်ကို အတည်မပြုနိုင်သေးသော်လည်း ေ-သဆုံးသူ အရေအတွက်သည် ၁၂ ဦးအထိ ရှိလာကြောင်း သိရသည်။
မျက်မြင်သက်သေများက ကားသည်ယာဉ်ကြောတွင် ပေါက်ကွဲခဲ့ပုံနှင့် မီးလေ-ာင်ကျွမ်းမှုအတွင်း လူများမီးလေ-ာင်မှုဖြစ်ပွားပုံကို အေအက်ဖ်ပီ AFP သို့ ဖော်ပြခဲ့သည်။
ပါဟယ်လ်ဂမ်တွင် ဧပြီလ တို-က်ခိုက်မှုအပြီး ေ-သနတ်သမားများကို ပါကစ္စတန်က ကျောထောက်နောက်ခံပြုသည်ဟု နူးဒေလီက စွပ်စွဲကာ အစ္စလာမ်မာဘတ်ကမူ ငြင်းဆိုထားသည်။
Ref: ခမာတိုင်းမ်စ်
