

နစက မှ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ် ဒေါက်တာတင်ထွဋ်အား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ခန့်အပ်ခဲ့သည်ဟု ဖေဖော်ဝါရီ ၂ ရက်တွင်ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံအား သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ဒု-ဝန်ကြီး၊ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းအား ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးတို့အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီးအဖြစ် ခန့်အပ်ထားသည့် ဗိုလ်ချုပ်စိုးတင့်နိုင်အား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ စစ်ဘက်မူလတာဝန်များအား ပြန်လည်ထမ်းဆောင်စေခဲ့သည်။