နစက အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီးအသစ်ဖြစ်လာသည့် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်သည်
သြဂုတ် ၁၀ ရက်(ယနေ့)နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်လေဆိပ်မှတဆင့် ထိုင်းလေကြောင်းခရီးစဥ်ဖြင့် လာအိုနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်သည် လာအိုနိုင်ငံ၊ဗီယမ်ကျင်းမြို့၌ သြဂုတ် ၁၁ ရက် (မနက်ဖြန်)တွင်ကျင်းပမည့် (၈)ကြိမ်မြောက် မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးသို့တက်ရောက်ရန် လာအိုနိုင်ငံသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တပ်မတော်အရာရှိကြီးများ၊ပြည်ထဲရေးဝန်ကြီးဌာနမှတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သိရသည်။