Thursday, February 12, 2026

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC...

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ်...

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ...

ရင်ခုန်နေကြသည့် ချစ်သူများနေ့

ချစ်သူများနေ့ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ၌ ချစ်သူများနေ့အထိမ်းအမှတ်ပစ္စည်းများရောင်းချလျက်သည့် မြင်ကွင်းများ
HomeMusicဒုတိယမြောက် စီးရီးပြီးမှ သရုပ်ဆောင်...

ဒုတိယမြောက် စီးရီးပြီးမှ သရုပ်ဆောင် ပြန်လုပ်မယ့် ဆိုဖီယာ

So-Phu

Myanmar Idol  မှတစ်ဆင့် ပရိသတ်များကြား ထင်ရှားလာတဲ့ အဆိုတော် ဆိုဖီယာက သီချင်းဆိုခြင်းအပြင် ဗီဒီယိုဇာတ်ကားတွေမှာလည်း သရုပ်ဆောင် လျက် ရှိပါတယ်။ လတ်တလောမှာတော့ သူမက သရုပ်ဆောင်အလုပ်ကိုနားပြီး ဒုတိယအကြိမ်မြောက်အခွေအတွက် အာရုံစိုက်နေရကြောင်းကိုတော့ …

“အခုတလောမှာ ညီမသရုပ်ဆောင်ဘက်ကိုတော့ ခဏရပ်ထားပါတယ်။ အခုဒုတိယအယ်လ်ဘမ်အတွက် လုပ်နေပါတယ်။ ဒီနှစ်ထဲမှာပဲ ထပ်ထွက်ရှိမှာ ပါ။ ပထမအယ်လ်ဘမ်တုန်းကလည်း ပရိသတ်အား ပေးတာတွေ့ရတယ်။ ပထမအခွေအတွက် Music Video ရိုက်ကူးနေပါတယ်။ ဒုတိယအခွေက တော့ တစ်ဝက်လောက် ပြီးသွားပြီ။ နိုဝင်ဘာလထွက်မယ်လို့ ထင်ပါတယ်။ ပြီးတော့ အရှေ့ခွေရဲ့ Music Video အခွေကိုလည်း online ကနေပဲ ဖြန့်ချိမှာပါ။ ဒုတိယအခွေကို Audio/ CD အနေနဲ့ အခွေထုတ် သွားမယ်။ သီချင်းကတော့ ၁ဝပုဒ် ၁၁ပုဒ်လောက်ပါမယ်”လို့ ပြောပါတယ်။

အဆိုတော်တစ်ယောက်အဖြစ် ပရိသတ်အားပေးမှုရရှိထားတဲ့ ဆိုဖီယာက သူမရဲ့သရုပ်ဆောင်မှုမှာ ပရိသတ်အားပေးမှုကြောင့် ပျော်ရွှင်ရကြောင်းကိုလည်း အခုလို ဆိုပါတယ်။

“ညီမ သီချင်းဆိုတဲ့အလုပ်ကို ကိုယ့်ရဲ့အဓိက အလုပ်အနေနဲ့ လုပ်တယ်။ သရုပ်ဆောင်အလုပ်ကိုလည်း ဝါသနာပါတယ်။ သူလည်း အနုပညာအလုပ်တွေ ထဲကပဲလေ။ ပရိသတ်တွေလည်း ညီမသရုပ်ဆောင် ထားတဲ့ ဗီဒီယိုဇာတ်ကားတွေကို အားပေးတာလည်း တွေ့ရ တယ်။ ဒီသရုပ်ဆောင်အလုပ်ကို ဒုတိယအခွေထွက်ရှိပြီးမှ ဆက်လုပ်တော့မယ်။ ညီမသရုပ်ဆောင်တဲ့အပိုင်းကို အင်္ဂလိပ်ဇာတ်ကားတွေ ကြည့်ရှုပြီး သဘာဝကျအောင်သရုပ်ဆောင်တယ်။ ဘယ်ဇာတ်ရုပ်ပဲရိုက်ရိုက် အဓိကက ကိုယ့်သဘာဝကျအောင် အဓိကထားပြီးလုပ်ဆောင်တယ်။ သရုပ်ဆောင် အလုပ်က ပင်ပန်းတယ်။ ညီမအက်ရှင်ဇာတ်ကားကာရိုက်တာတွေ၊ခပ်ကြမ်း ကြမ်း ခပ်မာ မာပုံစံတွေကို ကြိုက်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း ပျော့ညံ့ တဲ့ပုံစံကို မကြိုက်ဘူး”လို့ ဆိုဖီယာက ပြောပြခဲ့ပါတယ်။ ဆိုဖီယာက ဒုတိယမြောက် သီချင်း အခွေပြီးမှ သရုပ်ဆောင်အလုပ်ကို ဆက်လုပ်ဖို့ရှိပြီး နယ်ရှိုးပွဲတွေလည်း သီဆိုဖို့ရှိ ကြောင်း သိရပါတယ်။

ချယ်ရီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071