ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆) မိုင် ကျေးရွာအုပ်စု၊ ဒေါပိုးစီကျေးရွာအတွင်းပြန်လည်ဝင်ရောက်နေထိုင်သည့်ဒေသခံများကို အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်က ဒေါပိုးစီကျေးရွာမှ နေအိမ်ထိခိုက်ပျ-က်စီးခဲ့သူများ နေအိမ်ပြန်လည်ဆောက်လုပ်နိုင်ရန် ထောက်ပံ့ငွေနှင့် သွပ်များကိုပေးအပ်ရာ ကျေးရွာကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြပြီး တာဝန်ရှိသူများမှလည်း သွပ်၊ စောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှထောက်ပံ့သည့် ထောက်ပံ့ငွေ၊ ဆန်ရိက္ခာဖိုးငွေနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး တို့ကိုလည်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများမပေးအပ်မှီ ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ဝင်ရောက်နေထိုင်ကြသူများ၏ မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အမြန်ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သည့် မျိုး၊ မြေသြဇာ၊ စိုက်ပျိုးရေနှင့် မတည်ချေးငွေများရရှိအောင်ကူညီပေးမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် မိမိတို့ရပ်ရွာအား ယခင်ကဲ့သို့ စည်ပင်သာယာဖွံ့ဖြိုးလာစေရန် ကျေးရွာနေသူများ ကိုယ်တိုင်ကကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကာ အခက်အခဲများနှင့် ဖြည့်ဆည်းပေးရန်များကိုလည်း တင်ပြပေးစေလိုသည်ဟုလည်းပြောကြားခဲ့ကြောင်း သိရသည်။
