Saturday, May 17, 2025

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင်...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို...

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆...

ထိုင်း-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာ ၂၅...

ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် စီးပွားရေးချိတ်ဆက်မှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးကို လက်ရှိ ၂၀ ဘီလျံမှ မကြာမီကာလအတွင်း ၂၅ ဘီလျံသို့ ရောက်ရှိရေး အတွက်လက်တွဲဆောင်ရွက်သွားရန်...

အင်ဒိုနီးရှားသမ္မတ ထိုင်းသွားမည်အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည်...

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Panidone Pachimsawat က ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့ပြီး ခရီးစဉ်သည် ဗိုလ်ချုပ်ကြီးပရာဘိုဝို ၂၀၂၄...
HomeCelebrities' Newsဒီ့ထက်ပိုပြီးတော့ ကျစ်လျစ်ကျန်းမာ သန်စွမ်းတဲ့...

ဒီ့ထက်ပိုပြီးတော့ ကျစ်လျစ်ကျန်းမာ သန်စွမ်းတဲ့ ခန္ဓာကိုယ်ကို လို ချ င် ပါေ သး တ ယ် အေးမြတ်သူ

ချမ်းအေးတဲ့ ရာသီ ဥတု ဖြစ်တဲ့ ဆောင်းရာသီကို ရောက်ရှိလာတဲ့အခါ မှာတော့ အားကစား လှုပ်ရှားမှုများ ပြုလုပ် ကြတာကို တွေ့ကြ ရမှာပါ။ အားကစားလုပ်ရတာကို ဝါသနာပါတဲ့ အနုပညာရှင်တစ်ဦး ဖြစ်တဲ့ အေးမြတ်သူက ဒီဇင်ဘာလ ၁ရက်နေ့ မနက်စောစောမှာလည်း နာရေးကူညီမှုအသင်းက အဖွဲ့သား တွေနဲ့အတူ စက်ဘီးအတူစီးခဲ့ပါ သေးတယ်။ ဒီဇင်ဘာလက အား ကစားလုပ်လို့ကောင်းတဲ့ ရာသီဥတု ပါဆိုတဲ့ အေးမြတ်သူက…

“အားကစားက ရာသီတွေလ တွေမရွေးပါဘူး။ အမြဲတမ်းလုပ် သင့်တယ်။ လိုအပ်တယ်။ အသက် ကြီးတာ၊ ငယ်တာနဲ့လည်းမဆိုင်ဘူး။ တချို့က အသက်ကြီးမှလုပ်မယ်။ တချို့က အသက်ငယ်လည်း လုပ်ရ မယ်ပေါ့။ အားကစားက အသက် အရွယ်အပိုင်းအခြား မရွေးဘူး။ ရာသီမရွေးဘူး။ အချိန်မရွေးပါဘူး။ လုပ်သင့်တဲ့အရာ တစ်ခုပါ။ တချို့က ဒီဇင်ဘာလမှာ အားကစား လုပ်ကြ တယ်ဆိုတာ ဒီဇင်ဘာလက ဆောင်း ရာသီဖြစ်တယ်ဆိုတော့ အေးတယ် ချမ်းတယ်။ နေတအားမပူဘူး။ မနက် စောစောမှာ လေ့ကျင့်ခန်းလုပ်တဲ့ အခါကျတော့ ပိုပြီးသက်သောင့် သက်သာ ဖြစ်တယ်။ ချွေးတအားမ ထွက်ဘူး။ ဒီနေ့ အေးမြတ်သူ စက် ဘီးသွားစီးတယ်။ သုဝဏ္ဏကနေ မြောက်ဒဂုံနာရေးကူညီမှုအသင်း ရုံးချုပ်အထိဆိုတော့ အေးမြတ်သူ ပထမတော့မလုပ်နိုင်ဘူးလို့ ထင် တာ။ ရာသီဥတုက အေးစိမ့်နေတဲ့ အခါ နေမပူတဲ့အခါ ချွေးမထွက်ဘူး။ မပူဘူး။ ရာသီဥတုက အားကစား လုပ်လို့ကောင်းတဲ့ ရာသီဥတုပါ”လို့ပြောပါတယ်။ အားကစားကို အမြဲတမ်းလုပ်ဖြစ်နေတဲ့ အေးမြတ် သူက ဒီ့ထက်ပိုပြီး ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ရရှိဖို့ ကြိုးစားသွားဦးမှာ ဖြစ်ကြောင်းကိုလည်း…

“အေးမြတ်သူက လွန်ခဲ့တဲ့ ၂နှစ်ကစပြီး Gym ကို အလေးပေးပြီး ဆော့ပါတယ်။ အဲဒါကြောင့် ခန္ဓာ ကိုယ်ပြောင်းလဲမှု ဖြစ်သွားတယ်။ အဲဒီတုန်းက သေသေချာချာဆော့ ခဲ့တော့ အခုသိပ်မဆော့ခဲ့ရင်တောင် တအားကြီး တက်မလာဘူး။ ဒီကြား ထဲမှာလည်း အလုပ်လုပ်တယ်။ အ လုပ်လုပ်ရင်းအဆင်ပြေရင် ပြေသလိုါပာ သွားဆော့တယ်ဆိုတော့ အ ဆင်ပြေနေပါသေးတယ်။ ဒါပေမဲ့ ဒီ့ ထက်ပိုပြီးတော့ကျစ်လျစ်တဲ့၊  ကျန်းမာ သန်စွမ်းတဲ့  ခန္ဓာကိုယ်ကို လိုချင်ပါ သေးတယ်။ အဲဒါကြောင့် ဒီ့ထက်ကြိုး စားပါဦးမယ်” လို့ပြောပါတယ်။  မျက်နှာကျမှာစိုးတဲ့အတွက် သြထငညါ တော့ မကစားဖြစ်ဘဲ ယောဂကစားရတာကိုတော့ ပို သဘောကျတယ်လို့ အေးမြတ်သူက ဆိုပါတယ်။  မိသားစုကိုပြုစုစောင့်ရှောက် နိုင်ဖို့အတွက် အိမ်ထောင်ရှင်အမျိုး သမီးတွေလည်း အားကစားလုပ် သင့်ကြောင်း တိုက်တွန်းစကားပြော တဲ့ အေးမြတ်သူက…

“အားကစားက အသက်ကြီး ငယ်ပိုင်းခြား မရွေးပါဘူး။ အေး မြတ်သူတောင်မှ အသက်၁၈ နှစ် ကတည်းက ငါ အားကစားလုပ်မယ်၊ gym ဆော့မယ် ဆိုပြီး စိတ်ကူး ကူးခဲ့တဲ့စိတ်ကူးက အေးမြတ်သူ ၂၈နှစ်မှာမှ စဆော့ ဖြစ်တယ် ဆိုတော့ ၁ဝနှစ်တောင်မှ ကြားထဲမှာ အကြာကြီးပဲ။ အေး မြတ်သူသာ အသက် ၁၈နှစ် လောက်ကသာ စဆော့မယ် ဆိုရင် ဒီအချိန်မှာ ဒီထက် ပိုပြီး ကျစ်လျစ်တဲ့၊ တောင့် တင်းခိုင်မာတဲ့၊ ကျန်းမာတဲ့  ခန္ဓာကိုယ်ကို ရမှာသေချာတယ်။ ပြောချင်တာက အချိန်မအားဘူး။ မှန်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ရတဲ့ အချိန်လေးကို ရသလိုလေး အသုံး ချပြီး ဆော့စေချင်ပါတယ်။

အိမ် ထောင်မှုကို ထိန်းသိမ်းနေရတဲ့  အိမ် ထောင်ရှင်မတွေဆိုလည်း ကလေး ကျောင်းပို့နေရတယ်။ အမျိုးသား ဝေယျာဝစ္စလုပ်ရတယ်ဆိုရင် အိမ်မှာ ပဲနေရင်းနဲ့ ယောဂအခွေလေးကြည့် ပြီး ယောဂကျင့်ကြည့်ပါ။ ဒါက လှဖို့ အတွက်ပြောတာ မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့ခင်ပွန်း၊ ကိုယ်ချစ်တဲ့ သားသမီးတွေကို ပြုစုပျိုးထောင် ဖို့အတွက် ကိုယ်ဟာကျန်းမာနေ မှဖြစ်မယ်။ ကိုယ်ကျန်းမာမှကိုယ့် မိသားစုကို စောင့်ရှောက် လို့ရမယ်။ သူတို့နဲ့ ရေရှည်အမြဲ အတူတကွ နေနိုင်ဖို့ သူတို့နားမှာရှိနေဖို့အတွက် ကိုယ်ဟာကျန်းမာနေမှဖြစ်မယ်။ အဲဒီအတွက် အမျိုးသမီးတွေကိုလည်း ကျန်းမာရေးလုပ်စေချင်ပါတယ်”  လို့ ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071