ဒီမိုကရေစီကျင့်စဉ်နှင့်အညီထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ဟု ရန်ကုန်တိုင်းအစိုးရနှင့်ဝန်ထမ်းများအား နစကဥက္ကဋ္ဌရှင်းပြ
ရန်ကုန်၊အောက်တိုဘာ ၁၁ရက်
ပြည်သူများရွေးချယ်ခဲ့သည့် ဒီမိုကရေစီစနစ်ရှင်သန်ခိုင်မာအောင် တပ်မတော်က ရပ်တည်ပူးပေါင်းဆောင်ရွက်နေကြောင်းနစကဥက္ကဋ္ဌက ပြောသည်။
ယင်းအပြင် လက်ရှိအခင်းအကျင်းက ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်နေရန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီတာဝန်ယူ ဆောင်ရွက်ရခြင်း ဖြစ်သဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌက တိုင်းအစိုးရအဖွဲ့နှင့် ဝန်ထမ်းများအားရှင်းပြသည်။
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် နစကဥက္ကဋ္ဌက ရန်ကုန်အစိုးရအဖွဲ့အပါအဝင် ဝန်ထမ်းများနှင့် ယမန်နေ့က တွေ့ဆုံစဉ်အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ဒီမိုကရေစီစနစ်တွင် ဥပဒေနှင့်အညီငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နိုင်သော်လည်း အကြမ်း ဖက်မှုများမှာ မဖြစ်သင့်ကြောင်းလည်းပြောသည်။
လက်ရှိတွင် တည်ငြိမ်အေးချမ်းရေးအား ရဲတပ်ဖွဲ့မှဆောင်ရွက်နေတဲ့အကြောင်းနှင့် စစ်တပ်က ကူညီဆောင်ရွက်၍ ဥပဒေနှင့်အညီ အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက်လျက်ရှိနေကြောင်းပါ ၎င်းက ထည့်သွင်းပြောဆိုခဲ့သေးသည်။