ဒီဇင်ဘာ ၁၂ရက်နေ့တွင် ရန်ကုန်ရှိမြို့နယ်အချို့ ဓာတ်အားယာယီပြတ်တောက်နိုင်
ဒီဇင်ဘာ ၁၂ရက်နေ့ (တနင်္ဂနွေ) တွင် ရန်ကုန် မြို့က မြို့နယ့်အချို့ ယာယီဓာတ်အားပြတ် တောက်နိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းမှ အသိပေးကြေညာထားပါတယ်။
ရန်ကုန်အရှေ့ပိုင်းခရိုင်၊သာကေတဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးထားသော 66kv၊သာကေတ-စိန်ပန်းမြိုင်(၁)(၂)၊ဓာတ်အားလိုင်းတစ်လျှောက် မလွတ်ကင်းသည့် သစ်ပင်သစ် ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများ ပြုလုပ် မှာဖြစ်သောကြောင့် နံနက် ၉ နာရီမှ နေ့လည် ၁နာရီအထိ မြို့နယ်အချို့ ခေတ္တယာယီဓာတ် အားပြတ်တောက်မှုရှိမှာ ဖြစ်ပါတယ်။
ဓာတ်အားပြတ်တောက်နိုင်တဲ့မြို့နယ်များမှာ-
ဒဂုံမြို့သစ်မြောက်ပိုင်း၊တောင်ဥက္ကလာပ၊ရန်ကင်း၊မရမ်းကုန်း၊လှိုင်မြို့နယ်တို့ ဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။
Zaw Gyi