Tuesday, February 18, 2025

ပြင်ပအနှောက်အယှက်ဖိအားများအာဆီယံ ပယ်ချ–မလေးရှား

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၈ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ဒေသကို အနှောင့်အယှက်ဖြစ်စေမည့် ပြင်ပဖိအားများကို ပယ်ချကြောင်း မလေးရှား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးက...

လာအို ဝန်ကြီးချုပ် ထိုင်း သွားမည်

လာအိုဝန်ကြီးချုပ် Sonexay Siphandone သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန်အလို့ငှာ ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံသိူ့ သွားရောက်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏...

ဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၁၅)...

ဧရာဝတီတိုင်းဒေသကြီးရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလအတွင်း (၁၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင်...

မုံရွာမြို့တွင် စာအုပ်အငှားဆိုင်များ တိမ်ကောလာနေ

လိုချင်သည့် စာအုပ်ကို ဆိုရှယ်မီဒီယာပေါ်တွင် အချိန်မရွေးဖတ်နေရသည့်အတွက် စာအုပ်အငှားဆိုင်များ တစ်ဖြည်းဖြည်း တိမ်ကောလာနေပြီဖြစ်ကြောင်း မုံရွာမြို့တွင် စာအုပ်အငှားဆိုင်ဖွင့်ခဲ့သူများထံက သိရသည်။ "မုံရွာမြို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ စာအုပ်အငှားဆိုင်တွေ...
HomeNewsLocal Newsဒီဇင်ဘာလတွင် ပြည်ပသို့ ဆန်၊...

ဒီဇင်ဘာလတွင် ပြည်ပသို့ ဆန်၊ ဆန်ကွဲ တန်ချိန် (၃) သိန်းကျော် တင်ပို့မှုမှ ကန်ဒေါ်လာ (၁၄၅) သန်းရရှိခဲ့

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပြည်ပသို့ ဆန်၊ဆန်ကွဲ တန်ချိန် (၃၃၇၄၉၀) တန်တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ (၁၄၅)သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။

ပြည်ပသို့ ကုမ္ပဏီပေါင်း (၅၀) ကျော်မှ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တဆင့် နိုင်ငံပေါင်း (၈) နိုင်ငံသို့ တင်ပို့ခဲ့‌ခြင်းဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်၏ ကိုးလတာအတွင်း ပြည်ပသို့ ဆန်တန်ချိန် (၂၀၃၄၆၅၆)တန်တင်ပို့ထားပြီး ယင်းမှ အမေရိကန်ဒေါ်လာ (၉၄၈) သန်းရရှိထားကြောင်း သိရသည်။

၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု အနေဖြင့် ဧပြီလတွင် (၁၁၁၈၆၂) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၅၅) သန်း၊ မေလတွင် (၇၁၂၇၉ ဒသမ ၅) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၃၆) သန်း၊ ဇွန်လတွင် (၁၆၂၃၂၅၇၅) မ က်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၈၄) သန်း၊ ဇူလိုင်လတွင် (၁၆၅၄၄၄ ဒသမ ၃) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၈၁) သန်း၊ဩဂုတ်လတွင် (၂၀၇၃၆၉ ဒသမ ၉) မက်ထရစ်တန်တင်ပို့မှုမှ ကန်ဒေါ်လာ (၉၇) သန်း၊ စက်တင်ဘာလတွင် (၂၁၉၅၆၅ ဒသမ ၁၃) မက်ထရစ်တန်တင်ပို့မှုမှ ကန်ဒေါ်လာ (၁၀၄) သန်း၊ အောက်တိုဘာလတွင် (၄၂၄၇၈၄) မက်ထရစ်တန်တင်ပို့မှုမှ (၁၈၉)သန်း ၊ နိုဝင်ဘာလတွင် (၃၃၄၅၃၅) မက်ထရစ်တန်တင်ပို့မှုမှ (၁၅၆) သန်း ၊ ဒီဇင်ဘာလတွင် မက်ထရစ်တန် (၃၃၇၄၉၀) တန်တင်ပို့မှုမှ ကန်ဒေါ်လာ (၁၄၅) သန်း ရရှိထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြင်ပအနှောက်အယှက်ဖိအားများအာဆီယံ ပယ်ချ–မလေးရှား

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၈ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ဒေသကို အနှောင့်အယှက်ဖြစ်စေမည့် ပြင်ပဖိအားများကို ပယ်ချကြောင်း မလေးရှား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ တရုတ်ညီလာခံ: အရှေ့တောင်အာရှ ၂၀၂၅  အစည်းအဝေးသို့ အပိတ်မိန့်ခွန်း ပြောကြားရာတွင် ဝန်ကြီး တင်ကူးဇာဖရူး အဗ္ဒူလ် အဇစ် က အာဆီယံ၏ဘက်မလိုက်ဘဲကြားနေမှုကို အလေးပေးပြောကြားခဲ့ပြီး ၎င်းတို့၏စည်းကမ်း နည်းလမ်းများနှင့်အညီ အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အရေးကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။ ဇာဖရူးက အာဆီယံ သည် စည်းလုံးညီညွတ်ရမည်ဖြစ်ပြီး ၎င်း၏...

လာအို ဝန်ကြီးချုပ် ထိုင်း သွားမည်

လာအိုဝန်ကြီးချုပ် Sonexay Siphandone သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန်အလို့ငှာ ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံသိူ့ သွားရောက်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏ တရားဝင် ဖိတ်ကြားချက်အရခဲ့ ခရီးစဉ်အတွက် စိစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ၎င်း၏ ဝက်ဘ်ဆိုက်တွင် ပြောဆိုခဲ့သည်။ ယခုခရီးစဉ်သည် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မစ္စတာ Sonexay ၏ ပထမဆုံး ထိုင်းနိုင်ငံခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။ ကုန်သွယ်ရေး၊ ဆက်သွယ်ရေးနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ဆက်ဆံရေးအပါအဝင် နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေမည့် နည်းလမ်းများကို နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးကြမည်ဖြစ်သည်။ ခေါင်းဆောင်များအနေဖြင့် မူ-းယစ်ဆေးဝါး၊...

ဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၁၅) ရက်ကြာကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီးရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလအတွင်း (၁၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ၂၀၂၅ ခုနှစ်၊ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၁၃) ရက်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။ မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီလ(၂၇) ရက်မှ မတ်လ (၁၃) ရက်အထိ (တပေါင်းလဆန်း (၁) ရက်မှ လပြည့်နေ့အထိ) (၁၅)ရက်ကြာ စည်ကားသိုက်မြိုက်စွာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071