Friday, May 23, 2025

တယ်လီဂရမ်ကို ပိတ်ပင်ရန် ဗီယက်နမ်အစိုးရ ညွှန်ကြား

အက်ပ်အသုံးပြုသူများက ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် စာတိုပို့ အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု...

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ...

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင်...

ဂါဇာရှိ ဆေးရုံများ၏ အနည်းဆုံး ၉၄%...

ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများအားလုံး၏ အနည်းဆုံး ၉၄% သည် ပျ-က်စီးသွားခြင်း သို့မဟုတ် ဖျ-က်ဆီးခံထားရပြီး ပါလက်စတိုင်းထိန်းချုပ်နယ်မြေ မြောက်ပိုင်းရှိ ပြည်သူများသည် မည်သည့်ဆေးဝါးကုသမှုမှ လက်ခံရရှိရန်...

ငလျင်သင့်ဒေသ မသန်စွမ်းသူ (၂၀၀) ကျော်ကို...

မန္တလေးနှင့် စစ်ကိုင်းမြို့များအတွင်းရှိ ငလျင်ဒဏ်သင့် မသန်စွမ်းအိမ်ထောင်စု (၂၁၀) အတွက် ယနေ့ မေ(၂၃)ရက်နှင့် မေလ(၂၄)ရက်တို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်...
HomeCelebrities' Newsဒါရိုက်တာ စင်ရော်မောင်မောင်နဲ့အနုပညာမှာ ကံစပ်ကြောင်း...

ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့အနုပညာမှာ ကံစပ်ကြောင်း ပြောပြတဲ့ မေသန်းနု

အကယ်ဒမီ မေသန်းနုက အမေရိကားမှာ ဒါရိုက်တာ ပညာသွားရောက်သင်ကြားနေတဲ့ သားဖြစ် သူ မင်းသန့်မောင်မောင်ဆီကို ဒီနှစ် ကုန်လောက်မှာ သွားရောက်တွေ့ဆုံ မယ်လို့ သိရပါတယ်။ သားဆီ မှာ တစ်လကျော်လောက် နေထိုင်ဖြစ်မယ့် အကြောင်းကို မေသန်းနုက”နှစ်ကုန်လောက်သွားဖို့ရှိပါ တယ်။ အနည်းဆုံးတစ်လတော့ နေမယ်။ ဟိုရောက်ရင်တော့ အဝတ်တွေလျော်၊ မီးပူတွေတိုက်၊ ချက်ပြုတ် ကျွေးရမှာပေါ့နော်။ သားကိုလွမ်း တာတော့ပြောမနေပါနဲ့တော့။ ဟို ရောက်လာမှပဲ အတိုးချပြီး အလွမ်း ဖြေရမှာပေါ့။ သူကလည်း အမေချက်တဲ့ ထမင်းဟင်းကို စားချင်တယ်။ ကိုယ်ကလည်း သူ့ဆီသွားချင်တယ်။ သားနဲ့ခွဲနေရတာ တစ်နှစ်ကျော်လောက်ရှိသွားပြီ။ သားက အခုနှစ် နောက်ဆုံး။ကျောင်းပြီးပြီဆိုရင်တော့ သူ့ရဲ့ အဓိက ဂိုက်လိုင်းက သူ့ရဲ့ အဖေပါပဲ။ ဒါရိုက်တာ ကျောင်းဆိုတော့ ရှင်းရှင်းပြောရရင် သူ့ရဲ့ ပညာကလည်း အတွေ့အကြုံလိုသေးတယ်လေ။ အတွေ့အကြုံကတော့ သူ့အဖေနဲ့ တွဲမှပေါ့နော်။ မဆင့် တို့ကတော့ သူလုပ်တဲ့ အလုပ်ပေါ်မှာပဲ အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးသွားမှာပါ” လို့ ပြောပါတယ်။

  အခုဆိုရင် ဒါရိုက်တာစင်ရော်မောင်မောင် ရိုက်ကူးထားပြီး မေသန်းနု ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ထာဝရအမေ’ ရုပ်ရှင်ဇာတ်ကားကလည်း မကြာခင်ရုံတင်ပြသလာတော့မှာ ဖြစ်ပါတယ်။ ဇာတ်ကား လေးရဲ့ နမူနာကို ကြည့်ရုံနဲ့တင် ဇာတ်ကား လေးပေါ် အားရကျေနပ်မှုရှိသလို ဒါရိုက်တာ စင်ရော် မောင်မောင်နဲ့ သူနဲ့က အနုပညာမှာ ကံစပ်မှုရှိ ကြောင်းကို မေသန်းနုက  ထာဝရအမေက နမူနာကြည့်တာတော့ မဆိုးဘူး။ ကောင်းတယ်ပေါ့နော်။ အဲဒီလောက်ကောင်းလိမ့် မယ်လို့ အစက ကိုယ့်ကိုယ်ကို ထင်မထားဘူး။ ဇာတ်ကားတစ်ခုလုံးအနေနဲ့ အမေ ကိုပဲဦးတည် ရိုက်ကူးရတဲ့အခါ ပျင်းစရာ ကောင်းတယ် ထင်တယ်လေ။ ဒါပေမဲ့ ဒါရိုက်တာရဲ့ တင်ပြမှုတွေက စိတ်ဝင်စားဖို့ကောင်းတယ်လေ။အမှတ်တရ ကတော့  မိတ္တီလာ၊ ရေချိုရွာကို မနက်အ စောကြီး ၇ နာရီအရောက် ရိုက်ကွင်း ကို သွားရတဲ့အခါကျတော့ မနက်၅ နာရီလောက်ကတည်းက ထပြီး ပြင်ဆင်ရတယ်။ စားရသောက်ရတယ်။ အဲဒီဟာလေးကတော့ ရှုတင် ပြီး တဲ့အထိ နေ့တိုင်းဒီအချိန်ပဲ။ အားလုံးကတော့ ဒီဇာတ်ကားကို ကြိုးကြိုး စားစားနဲ့ လုပ်ထားတဲ့ လုပ်အားလုံးကတော့ ဇာတ်ကားထွက်ရှိလာရင် သိကြမှာပါ။ မဆင့်အနေနဲ့ကလည်း ဒီဇာတ်ကားလေးနဲ့ ပတ်သက်ပြီး ကျေနပ်ပါတယ်။

သူနဲ့ အလုပ်မလုပ် တာကြာပြီ။ သူနဲ့ကိုယ်နဲ့က အနုပညာမှာ ရိုက်သမျှ ဇာတ်ကားတွေက ရှင်းရှင်းပြောရရင် ပေါက်တာများတယ်လေ။ သူနဲ့ကိုယ်နဲ့က အနုပညာ နဲ့ ကံစပ် တယ်။ အခုလည်း ဒီဇာတ် ကားလေးအပေါ်မျှော်လင့်ရပါ တယ်။ သူ့အဖေနဲ့ သူ့သားနဲ့ ရိုက်ကူးပြီဆို တော့ ကိုယ်က တော့ အံဝင်တယ် ဆိုရင်တော့ ပါရမှာပေါ့နော်။ မလိုက် ဖက်ရင်တော့ မပါဘူးပေါ့နော်”လို့ ရှေ့လျှောက် သားဖြစ်သူ မင်းသန့်မောင်မောင်နဲ့ ဒါရိုက်တာ စင်ရော် မောင်မောင်တို့ ရိုက်ကူးမယ့် ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်သွား မယ့်အကြောင်းကို မေသန်းနုက ပြောပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071